In partnership with  logo
ပျိုမေတို့အနေနဲ့လည်း ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ စော်ကားပုတ်ခတ်တာတွေ၊ ကျူးလွန်တာတွေ ခံခဲ့ရဖူးတယ်ဆိုရင် ဒီလှုပ်ရှားမှုမှာ ပါဝင်ပြီး ကန့်ကွက်သင့်ပါတယ်။

ဟောလိဝုဒ်အသိုင်းအဝိုင်းမှာ ဟိုးလေးတကျော်ဖြစ်နေတဲ့ ပရိုဂျူဆာ Harvey Weinstein ရဲ့ ကိစ္စနဲ့အတူ Me too စာသားနဲ့ အင်တာနက်ကနေ campaign တစ်ခုလည်း ပေါ်ထွက်လာပါတယ်။ ကိုယ့်ရဲ့ ဖေ့စ်ဘုတ်၊ တွစ်တာအကောင့်တွေမှာ #metoo (#MeToo) ဆိုတဲ့ စာလေးတွေကိုရော တွေ့လိုက်ပါရဲ့လား။ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကားခံရဖူးတယ်ဆိုရင် ဒီကမ်ပိန်းလေးမှာ ပါဝင်လို့ရပါတယ်။

 

#MeToo ကမ်ပိန်းကို ပြုလုပ်နေကြတဲ့ ရည်ရွယ်ချက်က အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်စော်ကားမှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ ပြုလုပ်နေကြပါတယ်။ အကယ်၍ မိမိကိုယ်တိုင်လည်း လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကား အကြမ်းဖက်ခံဖူးတယ်ဆိုရင် လူမှုကွန်ရက်ပေါ်မှာ #MeToo ဆိုတဲ့ စာနဲ့အတူ ကြုံခဲ့ရတဲ့အဖြစ်ကို ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ ဒီကမ်ပိန်းကို စတင်ခဲ့တာက သရုပ်ဆောင် Alyssa Milano ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှာ တွစ်တာပေါ်ကတစ်ဆင့် တင်ခဲ့တာဖြစ်ပါတယ်။

 

Aylssa Milano ဟာ ပရိုဂျူဆာ Harvey Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုကို ခံခဲ့ရသူတွေအနက် တစ်ဦးအပါအဝင်လည်း ဖြစ်ပါတယ်။ ဟောလိဝုဒ်အသိုင်းအဝိုင်းက မင်းသမီးတွေဟာ ယခင်က Harvey Weinstein ရဲ့ ကျူးလွန်မှုကို ထုတ်မပြောခဲ့ပေမဲ့ ခုဆိုရင် တစ်ယောက်ပြီးတစ်ယောက်က ဆက်လက်ထုတ်ဖော် ပြောနေကြပါပြီ။ Harvey ကတော့ သူ့အနေနဲ့ ဘယ်သူ့ကိုမှ မကျူးလွန်ခဲ့ဘူးလို့ ငြင်းနေတုန်းပါပဲ။

 

အဲ့ဒီနောက်မှာတော့ #MeToo အမည်နဲ့ လှုပ်ရှားမှုဟာ တွစ်တာကနေ အခြားသော လူမှုကွန်ရက်တွေအထိ ပျံ့နှံ့သွားပါတော့တယ်။ အနုပညာအသိုင်းအဝိုင်းတင်မက အမျိုးသမီးထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေကြတာကို တွေ့ရပါတယ်။ ကမ်ပိန်းစတင်ပြီး ၂၄ နာရီအတွင်းမှာပဲ tweet ပေါင်း ၅၀၀,၀၀၀ ကျော် ရှိခဲ့သလို ဖေ့စ်ဘုတ်ပေါ်မှာလည်း ပို့စ်တင်သူ၊ comment ရေးသူ၊ reaction ပေးတာတွေဟာ ၁၂ သန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီးတော့လည်း #MeToo လှုပ်ရှားမှုကို ဆင်နွှဲနေကြတုန်းပါပဲ။

 

ပျိုမေတို့အနေနဲ့လည်း ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ စော်ကားပုတ်ခတ်တာတွေ၊ ကျူးလွန်တာတွေ ခံခဲ့ရဖူးတယ်ဆိုရင် ဒီလှုပ်ရှားမှုမှာ ပါဝင်ပြီး ကန့်ကွက်သင့်ပါတယ်။ အမျိုးသမီးတွေဟာ ဘယ်အသက်အရွယ်မှာမဆို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရဖို့မလိုဘူး ဆိုတဲ့အပေါ် ထောက်ခံတယ်ဆိုရင် ခုပဲ ပါဝင်လိုက်ပါလို့ မဒီက တိုက်တွန်းချင်ပါတယ်။

Source : ABC, TNW

Share

Loading Next Article...
က္က