In partnership with  logo
မြင်လိုက်ရလို့ နှလုံးရပ်မတတ်တောင် ဖြစ်သွားတာ။

ဟောလိုဝင်း (Halloween)ကလည်း နီးလာပြီဆိုတော့ ဟောလိုဝင်းဖက်ရှင်တွေကို စတင်တွေ့နေရပါပြီ။ ထိတ်လန့်ခြောက်ခြားစရာ မိတ်ကပ်၊ ဖက်ရှင်၊ အပြင်အဆင်တွေကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ လက်တစ်ဖက်ဆုံးရှုံးထားရတဲ့ ကောင်မလေးတစ်ယောက်က သူ့ဘာသာသူ ပြင်ထားတဲ့ ဟောလိုဝင်းမိတ်ကပ်ကြောင့် သူမရဲ့အခန်းဖော်မှာ နှလုံးရပ်မတတ်တောင် ဖြစ်ရပ်မျိုးကလည်း အဆန်းနော်။

 

အသက် ၂၁ နှစ်အရွယ် လော်ရန်ဟာ ဆန်ဒေးဂိုးမြို့မှာ နေထိုင်ပါတယ်။ သူမရဲ့လက်တစ်ဖက် ဆုံးရှုံးရပေမဲ့ မျက်နှာလေးကတော့ တကယ်ကို အပြစ်ကင်းတဲ့အလှရှိသူပါ။ လက်တစ်ဖက်က မရှိတော့ပေမဲ့ အဲ့ဒီလက်ကို မိတ်ကပ်တွေလိမ်းခြယ်ပြီး ပုံတွေကို လူမှုကွန်ရက်တွေပေါ် တင်လေ့ရှိတာကြောင့် သူမမှာ follower တွေလည်း ရှိပါတယ်။

see also 

 

ခုလည်း သူမရဲ့လက်ကို ဟောလိုဝင်းမိတ်ကပ်လိမ်းလိုက်တာ အခန်းဖော်နဲ့ သူ့မိတ်ဆွေတို့က မြင်မြင်ချင်း ထိတ်လန့်ပြီး နှလုံးရပ်မတတ်ဖြစ်သွားခဲ့ကြတယ်။ အသားတွေဖွာထွက်ပြီး သွေးသံတရဲရဲနဲ့ လက်ပြတ်ကြီးဖြစ်အောင် လော်ရန်က လိမ်းထားတာပါ။ ၄ ဒေါ်လာတန် မိတ်ကပ်ဘူးကိုဝယ်၊ ကိုယ့်ဘာသာကိုယ် လိမ်းခဲ့တယ်တဲ့။

 

"လူတွေက ဟောလိုဝင်းဝတ်စုံတွေကိုပဲ သဘောကျနေကြတာလေ။ ကျွန်မလက်တစ်ဖက်ဖြတ်လိုက်ရပြီးနောက် ခပ်မိုက်လိုက်လေးလုပ်ဖြစ်တာ ဒီနှစ်က ပထမဆုံးနှစ်ပါပဲ။ ကျွန်မက ဒါကို လက်တွေ့လုပ်ကြည့်ရုံပဲရှိသေးတာ၊ ဟောလိုဝင်းကျရင် ပိုကောင်းတဲ့မိတ်ကပ်ကို လုပ်ပါဦးမယ်"လို့ လော်ရန်က ပြောပါတယ်။ ဖေ့စ်ဘုတ်၊ တွစ်တာနဲ့ Tinder တို့မှာ တင်ထားတဲ့ လော်ရန်ရဲ့မိတ်ကပ်ပုံကိုလည်း ပြန်ပြီး share သူတွေ များနေလေရဲ့။

 

Source : Unilad

Share

Loading Next Article...
က္က