In partnership with  logo

အခုလက်ရှိ ကိုယ်အလေးချိန်ကနေ ၁၀ ပေါင် ကျဖို့ဖြစ်ဖြစ် ပေါင် ၅၀ ကျဖို့ဖြစ်ဖြစ် ရည်မှန်းချက်ထားနေသူတွေအတွက် ဒီစာလေးကို ရေးလိုက်ပါတယ်နော်။ ဝိတ်ကျဖို့ လျှောက်လှမ်းနေတဲ့ပန်းတိုင်အစမှာတင် ဒါတွေနဲ့ကြုံရလို့ စိတ်ပျက်မသွားစေချင်ပါဘူး။ ဒါတွေက မလွှဲမသွေ ကြုံရမှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုမယ်နော်။

၁။ သွားရေစာ

42.jpg 

မုန့်ကို တစွတ်စွတ်စားတတ်တဲ့အကျင့် ရှိရင်တော့ ဝိတ်ချနေချိန်မှာ မုန့်တွေကို ကျောခိုင်းရပါတော့မယ်။ ဗိုက်မဝတဲ့ သွားရေစာတွေကိုပဲ အဆက်မပြတ်စားနေမိလို့ ခုလိုဝလာတာလေ။ အာလူးကြော်တွေမှာဆိုရင် ဆီနဲ့ အငံဓာတ်များတော့ ကယ်လိုရီတွေပိုတက်လာရပါတယ်။ မုန့်စားချင်လွန်းတဲ့အခါ အသီးတွေနဲ့ အစားထိုးရပါမယ်။

၂။ လူမှုရေးကိစ္စ

သွားသွားစားစား ဘော်ဒါများကိုလည်း ရှောင်ရပါတော့မယ်။ ညဘက် night out ထွက်ပြီး ညဈေးတန်းပတ်တာ၊ ဘားမှာ သောက်စားတာတွေကိုလည်း လျှော့ချမှ ဝိတ်ကျဖို့ခရီးက ပန်းတိုင်ရောက်မှာပါ။ အစားသိပ်မစားဖြစ်တဲ့ ပါတီတွေဆိုရင်တော့ အဆင်ပြေမယ်။

၃။ အဝတ်အစားသစ်

32.jpg

ဝိတ်နည်းနည်းကျသွားတာနဲ့ အဝတ်အစားအသစ်တွေ၊ အလှပြင်ပစ္စည်းတွေ ပိုဝယ်ဖြစ်လာမယ်။ အရင်အဟောင်းတွေကို မကြည့်ချင်တော့ဘူး။ ကိုယ်က ပိုလှလာတယ်လို့ ခံစားမိပြီလေ။ တကယ်လည်း ပိုလှလာတာပဲကို။ ပိုက်ဆံပိုကုန်တော့မှာပါနော်။

၄။ မနာလိုခံရတယ်

ကိုယ် ဝတုန်းက ကိုယ့်ကိုစနောက်လှောင်ပြောင်နေသူတွေက မနာလိုဖြစ်တာကို ခံရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကိုယ်က ပိုလှလာတာကိုး။ အဲ့ဒီအခါ ချေမိုးပြလိုက်လို့ရပြီနော်။

 

၅။ အစားအသောက်ချင့်ချိန်တတ်သွားမယ်

99.jpg 

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတို့ဟာ ကိုယ့်ရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်လာပါတယ်။ အစားအသောက်ဆိုလည်း အရင်ကလို အဆင်အခြင်မဲ့ စားနေတာထက် ခုဆို ချင့်ချိန်တတ်သွားပါလိမ့်မယ်။ ပြန်စားတာနဲ့ ဝလာမယ်ဆိုတာကို သိနေပြီလေ။

Share

Loading Next Article...
က္က