In partnership with  logo
ဂင်းနစ်မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။

မာရသွန်ပြေးတယ်ဆိုတာ တော်ရုံလူမလုပ်နိုင်တဲ့ ခက်ခဲတဲ့အလုပ်တစ်ခုပါ။ ဒီလိုခက်ခဲပင်ပန်းတဲ့ မာရသွန်အပြေးပြိုင်ပွဲကို ဒေါက်မြင့်ဖိနပ်စီးပြီး ဝင်ပြေးခဲ့သူတစ်ဦးလည်း ရှိပါတယ်။ သူမက ၃ လက်မ မြင့်တဲ့ ဒေါက်ဖိနပ်ကိုစီးကာ မာရသွန်ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တာပါ။ ဂင်းနစ်စံချိန်ရချင်လို့ ပြိုင်တာဖြစ်ပါတယ်။


 

အိုင်ရင်းစီဝဲလ်အမည်ရှိ အသက် ၂၇ နှစ်အရွယ် ဗာဂျီးနီးယားသူလေးဟာ လန်ဒန်မှာ အမျိုးသမီးတစ်ဦးက ဒေါက်ဖိနပ်စီးပြီး အပြေးပြိုင်ပွဲဝင်နွှဲကာ ဂင်းနစ်စံချိန်ရဖို့ကြိုးစားခဲ့တဲ့အကြောင်းကို ဖတ်မိပြီးနောက် သူမလည်း ဒီလိုလုပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဟိုအမျိုးသမီးကတော့ ပြီးမြောက်အောင် မပြေးနိုင်ခဲ့ပါဘူး။ အိုင်ရင်းကတော့ ပြီးအောင်ပြေးမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။

see also 

 

"အရင်တုန်းက ပရော်ဖက်ရှင်နယ် ballroom အကမယ်အဖြစ်ကနေ အပြေးသမားနဲ့ သုံးမျိုးကစားသမားဖြစ်လာခဲ့သူမို့ ကျွန်မရဲ့နောက်ကြောင်းက ဒီစံချိန်ရဖို့ အကူအညီဖြစ်စေမယ်လို့ ထင်ပါတယ်" ဆိုပြီး စီဝဲလ်က ပြောတယ်။ အဲ့ဒီနောက်မှာတော့ စီဝဲလ်ဟာ တစ်နှစ်လောက် အချိန်ယူကာ လေ့ကျင့်ပြင်ဆင်ခဲ့ပါတယ်။ ဂင်းနစ်မှတ်တမ်းအဖွဲ့ကို ဆက်သွယ်ပြီး စံချိန်ရဖို့ တောင်းဆိုခဲ့ပါတယ်။

 

အောက်တိုဘာ ၁၅ ရက်မှာတော့ တန်နက်ဆီးပြည်နယ်၊ Chattanooga မှာရှိတဲ့ 7 Bridges Marathon မှာ ၃ လက်မ မြင့်တဲ့ ဒေါက်ဖိနပ်ကိုစီးကာ မာရသွန်ပြေးခဲ့ပါတယ်။ ဘာကြောင့် ၃ လက်မဒေါက်ကို ရွေးရသလဲဆိုရင် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတင်အဖွဲ့က ဒေါက်အမြင့် ၂.၇၅ လက်မ၊ အောက်ခံ ၁.၅ စင်တီမီတာရှိဖို့လိုကြောင်း ပြောခဲ့လို့ပါ။ စီဝဲလ်ဟာ သတ်မှတ်ထားတဲ့အချိန် ၇ နာရီနဲ့ မိနစ် ၃၀ မပြည့်မီ ၂ မိနစ်စောပြီး ပန်းဝင်သွားခဲ့ပါတယ်။

Source : People

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က