In partnership with  logo
လူသွားလူလာများတဲ့နေရာတွေမှာ စာအုပ်တွေကို လိုက်ထားပေးခဲ့တာ မှတ်မိဦးမယ်ထင်ပါတယ်။

အမ်မာဝပ်ဆန်ကိုကြည့်လိုက်တိုင်း အမြဲတမ်း ပိန်ပိန်သွယ်သွယ်လေးပဲ။ ဘယ်တော့မှ ဝလာတယ်လို့ကိုမရှိဘူး။ သူက ပိန်ပေမဲ့လည်း ပိန်ကပ်နေတာမျိုးမဟုတ်ဘဲ ပါးပါးလျားလျားလေး လှနေတာနော်။ အဲ့လိုမျိုးလှအောင် ဘယ်လိုနေသလဲဆိုတာကိုလည်း အမ်မာက ပြောပြပါတယ်။

၁။ အသားဓာတ်

1488793592-delish-emma-watson-getty-vcg.jpg 

သူမက မက္ကဆီကန်အစားအစာတွေကို တော်တော်ကြိုက်သတဲ့။ မက္ကဆီကန်အစားအစာဆိုတာကလည်း ဆီနည်းပြီး ကယ်လိုရီနည်းတာတွေ များတယ်လေ။ အသားဓာတ်များများပါတာ စားပေးတယ်လို့ပြောတယ်။

see also 

၂။ လေ့ကျင့်ခန်း

သူမရဲ့ ကာယလေ့ကျင့်ခန်းနည်းပြနဲ့အတူ မိနစ် ၃၀ စာ လေ့ကျင့်ခန်းကိုပဲ လုပ်ဖြစ်လေ့ရှိပါတယ်လို့ ဆိုတယ်။ အကြောဆန့်လေ့ကျင့်ခန်း၊ ကြံ့ခိုင်မှုလေ့ကျင့်ခန်းနဲ့ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပါတယ်။ Cardio လေ့ကျင့်ခန်းနဲ့ ယောဂလည်း ပါတယ်လို့ အမ်မာရဲ့နည်းပြကပြောပါတယ်။

၃။ အမူးလွန်ရင်ဖြေဆေးရှိတယ်

1488793615-1488408308-delish-emma-watson-hangover-cure.jpg 

အမ်မာက mojito ကော့တေးကို အရမ်းကြိုက်ပါတယ်။ တစ်ခါတစ်လေ သောက်တာများသွားရင် ဘယ်လိုပြန်ဖြည်သလဲလို့ ပရိသတ်တစ်ဦးက သူမကိုမေးဖူးတယ်။ သူမက အင်္ဂလိပ်မနက်စာ စားပြီး အမူးလွန်တာကိုဖြည်တယ်လို့ပြောတယ်။ English breakfast မှာ ကြက်အူချောင်း/ဝက်အူချောင်း၊ ပဲစေ့တို့ ပါဝင်တဲ့ မနက်စာကိုစားပါတယ်။

၄။ တက်တက်ကြွကြွ

သူမခန္ဓာကိုယ်လေး သွယ်လျနေအောင် ခဏခဏ လမ်းလျှောက်ပါတယ်။ တစ်ခါတုန်းက လူသွားလူလာများတဲ့နေရာတွေမှာ စာအုပ်တွေကို လိုက်ထားပေးခဲ့တာ မှတ်မိဦးမယ်ထင်ပါတယ်။ အမ်မာက အဲ့လိုပဲ လမ်းတွေလျှောက်နေတာ။

 

၅။ ဖြည့်စွက်စာ

1488793603-delish-dave-hogan-emma-watson.jpg 

အားဆေးလိုမျိုး ဖြည့်စွက်စာအနေနဲ့ မှီဝဲတာက Omega - 3 ဖြစ်ပါတယ်။ ငါးကြီးဆီမှာ အဓိကပါဝင်တဲ့အရာပါ။ ဒါက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး စိတ်ကို ထက်မြက်နေစေပါတယ်လို့ University of Maryland Medical Center က ထုတ်ပြန်ဖူးပါတယ်။ Rose hip အသီးလေးတွေနဲ့ ဗီတာမင် C ကိုလည်း မှီဝဲပါတယ်။ ဒါကတော့ ကိုယ်ခံစွမ်းအားကို ကောင်းနေစေတယ်လေ။

Source : Bazaar

Share

Loading Next Article...
က္က