In partnership with  logo
မိခင်မေတ္တာဆိုတာ အဆုံးအစမဲ့ပါပဲ။

အမေဆိုတာ ကမ္ဘာပေါ်မှာ အချစ်တတ်ဆုံးလူသားတွေလို့ပြောရင် လွန်မယ်မထင်ဘူး။ ခြွင်းချက်တစ်ချို့တစ်လေတော့ ရှိပေမဲ့ မိခင်မေတ္တာဟာ အရမ်းကို ကြီးမားနက်ရှိုင်းလွန်းတာတော့ အမှန်ပါ။ အသက် ၈၀ အရွယ် သားဖြစ်သူကို ပြုစုချင်တဲ့အတွက် အသက် ၉၈ နှစ်အရွယ် အမေက စောင့်ရှောက်ရေးဂေဟာထိအောင် လိုက်လာတဲ့အဖြစ်မျိုးလည်းရှိတယ်။ ကြားရတာ တကယ်ပဲ ပီတိဖြစ် ကြည်နူးရတဲ့ဖြစ်ရပ်ပါ။

 

အက်ဒါ ကိတင်းဟာ အသက် ၉၈ နှစ် ရှိပါပြီ။ သူမရဲ့သားဖြစ်သူ တွမ်ကတော့ အသက် ၈၀ ပါ။ တွမ်ဟာ ၂၀၁၆ ခုနှစ်ကတည်းက လီဗာပူးလ်မြို့၊ Huyton က Moss View စောင့်ရှောက်ရေးဂေဟာကို ရောက်နေခဲ့တာပါ။ တစ်ကြိမ်တစ်ခါမျှ လက်ထပ်ထိမ်းမြားဖူးခြင်းမရှိခဲ့တဲ့ သားကို စောင့်ရှောက်မယ့် ဇနီးသည်၊ သားသမီး၊ မြေးမြစ်တွေလည်း မရှိတာကြောင့် မိခင်ကြီးက အသက် ၉၈ နှစ်မှာတောင် သားကို ပြုစုပေးချင်ခဲ့တာဖြစ်ပါတယ်။

see also 

သားဖြစ်သူဟာ ပိုပြီးစောင့်ရှောက်ဖေးမပေးတာခံရဖို့ လိုအပ်တယ်လို့ ယူဆတာကြောင့် အက်ဒါက သားနောက်ကိုလိုက်ခဲ့ပါတော့တယ်။

 

သားအမိနှစ်ယောက်ဟာ ခုဆို စောင့်ရှောက်ရေးဂေဟာမှာ အတူတူနေနေကြပါပြီ။ ဂိမ်းဆော့တာတွေ Emmerdale ရုပ်သံအစီအစဉ်အတူကြည့်တာတွေ ပြုလုပ်ကြသတဲ့။ "ကျွန်မက ညတိုင်း တွမ့်အခန်းကိုသွားပြီး ကောင်းသောညပါလို့ပြောတယ်၊ ပြီးရင် မနက်ကျရင်လည်း မင်္ဂလာမနက်ခင်းပါလို့လည်း သွားပြောမှာ"လို့ အက်ဒါက ပြောပါတယ်။  တွမ်ဟာ အက်ဒါရဲ့ အကြီးဆုံးသားလည်းဖြစ်ပြီး အိမ်ထောင်လည်းမပြုတာမို့ မိခင်အနေနဲ့ အချစ်ပိုဟန်တူပါရဲ့။ အက်ဒါနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့သူမရဲ့ခင်ပွန်းဟယ်ရီတို့မှာ ကလေး ၄ ဦး ထွန်းကားခဲ့ပါတယ်။ တွမ်၊ ဘာဘရာ၊ မာဂီနဲ့ ဂျဲနက်တို့ ဖြစ်ပါတယ်။ ဂျဲနက်ကတော့ အသက် ၁၃ နှစ်မှာ သေသွားခဲ့ပါတယ်။

 

အရင်တုန်းကတော့ တွမ်က ဆေးသုတ်နဲ့အိမ်အလှဆင်အလုပ်ကို လုပ်ပါတယ်။ အက်ဒါကတော့ အရင်က Mill Road ဆေးရုံမှာ သူနာပြုအကူ လုပ်ခဲ့ပါတယ်။ ခုတော့ အက်ဒါရောတွမ်ပါ စောင့်ရှောက်ရေးဂေဟာမှာ အတူတူ နေထိုင်ကြပြီး မိသားစုဝင်တွေက သူတို့သားအမိကို ပုံမှန်လာရောက်ကြည့်ရှုကြပါတယ်။

 

Source : Mirror

Share

Loading Next Article...
က္က