In partnership with  logo
"ဒီလတော့ နောက်ကျနေပြီ"

အမျိုးသမီးတွေဟာ အပျိုဖော်ဝင်ချိန်ကနေ သွေးဆုံးချိန်ထိတိုင်အောင် နှစ်ပေါင်းများစွာ လစဉ် ဓမ္မတာစီးဆင်းမှု ဖြစ်ရပါတယ်။ ရာသီသွေးစီးဆင်းမှုဟာ တစ်ယောက်နဲ့တစ်ယောက် ရက်ချင်းမတူကြပါဘူး။ တချို့က ၂၈ ရက်တစ်ကြိမ် လာကြသလို တချို့ကလည်း ရက် ၃၀ ပြည့်မှ တစ်ကြိမ် ရာသီလာကြပါတယ်။ ဒါပေမဲ့ လစဉ် လာနေကြရက်ထက် နောက်ကျနေပြီဆိုရင်တော့ စိုးရိမ်စပြုလာကြရပါပြီ။ ဘာကြောင့် ရာသီစီးဆင်းမှု နောက်ကျရတာလဲဆိုတော့....

၁။ စိတ်ဖိစီးမှု

18.jpg 

အလွန်အကျွံစိတ်ဖိစီးနေရင်လည်း ရာသီလာချိန် နောက်ကျသွားပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်တွင်းက ဟော်မုန်းပြောင်းလဲမှုတွေဖြစ်အောင် လှုံ့ဆော်ပေးပြီး ကော်တီဇောဟော်မုန်းတွေ ထွက်လာပါတယ်။ ကော်တီဇောဟော်မုန်းကြောင့် မျိုးပွားဟော်မုန်းတွေကို ဖိနှိပ်ထားလိုက်တာကြောင့် မျိုးဥကြွေတာလည်းနောက်ကျပြီး ရာသီလာတာ နောက်ကျသွားပါတယ်။

၂။ ဆေးဝါးသစ်

တားဆေးအသစ်တစ်မျိုး ပြောင်းသောက်တာဖြစ်စေ အခြားဆေးဝါးတစ်မျိုးမျိုး စတင်သောက်ရလို့ဖြစ်စေ မျိုးပွားဟော်မုန်းတွေကို သက်ရောက်မှု ဖြစ်စေနိုင်ပါသေးတယ်။ အထူးသဖြင့် သန္ဓေတားဆေးက သောက်နေကြမဟုတ်ဘဲ အခြားတစ်မျိုးပြောင်းသောက်တဲ့အခါ ရာသီလာတာ နောက်ကျတတ်ပါတယ်။

၃။ အလွန်အကျွံလေ့ကျင့်ခန်း

29.jpg 

Gym မှာ ကာယလေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ လှချင်ဇော၊ ပိန်ချင်ဇောများလို့ဖြစ်ဖြစ် စိတ်သက်သာအောင်ဖြစ်ဖြစ် အလွန်အမင်း အားစိုက်လုပ်နေတာက ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ကြွက်သားတွေနာကျင်တာ၊ အကြော အရွတ်တွေကို ထိခိုက်တာတွေဖြစ်စေပါတယ်။ ပြီးတော့ မျိုးပွားခြင်းနဲ့ဆက်စပ်နေတဲ့ဟော်မုန်းတွေကိုလည်း သက်ရောက်မှုဖြစ်စေလို့ ရာသီလာတာ နောက်ကျသွားနိုင်ပါတယ်။

၄။ ဖျားနာတယ်

နေမကောင်းဖြစ်တဲ့အခါ သို့မဟုတ် ဆေးကုသမှု ခံယူနေရတဲ့ အခြေအနေမျိုးမှာ ရာသီစီးဆင်းမှုကိုလည်း လွှမ်းမိုးမှုဖြစ်ရပါတယ်။ သာမာန် ဖြစ်ရိုးဖြစ်စဉ် အအေးမိတာလောက်နဲ့တော့ ရာသီလာတာကို နောက်မကျစေပါဘူး။ ဒါပေမဲ့ အအေးမိရုံမက ဖျားနာတာ၊ တုပ်ကွေးမိတာတွေနဲ့ နာတာရှည် ဖျားနာမှုတွေက ရာသီလာတာကို နောက်ကျစေပါတယ်။

see also 

၅။ ကိုယ်အလေးချိန်ပြောင်းလဲမှု

အချိန်တိုအတွင်း ပိန်သွားတာ/ ဝလာတာကလည်း ရာသီလာမှုကို သက်ရောက်စေပါတယ်။ ပုံမှန်စားနေကြ ကယ်လိုရီပမာဏကနေ သိသိသာသာ လျှော့ချလိုက်တာ သို့မဟုတ် လေ့ကျင့်ခန်းလုပ်သလောက် ပြန်လိုအပ်တဲ့ကယ်လိုရီပမာဏ မရရှိတဲ့အခါ မျိုးပွားဟော်မုန်းတွေကို ရပ်တန့်စေပါတယ်။ ကိုယ်အလေးချိန် တက်လာခြင်းကျပြန်တော့ အီစထရိုဂျင်ဟော်မုန်းကို မြင့်တက်စေကာ ရာသီစီးဆင်းမှုကို နောက်ကျစေတာဖြစ်ပါတယ်။

၆။ အချိန်အပြောင်းအလဲ

28.jpg 

ခရီးသွားနေတာမျိုးမှာလည်း ရာသီလာတာ နောက်ကျသွားနိုင်ပါတယ်။ ဒါမှမဟုတ် စောသွားတာလည်း ကြုံရတတ်တယ်။ တစ်နေရာနဲ့တစ်နေရာ အကူးအပြောင်းမှာ အချိန်တွေကလည်း နေရာအလိုက် မတူညီတော့ မျိုးပွားဟော်မုန်းထွက်ရှိမှုကလည်း ပုံမှန်မဟုတ်တော့လို့ပါ။

 

၇။ သွေးဆုံးခါနီးလို့

အမျိုးသမီးတွေဟာ အသက် ၄၀ ကျော်လာပြီး ၅၀ နားကို ချဉ်းကပ်လာချိန်မှာ ရာသီလာတာတွေက မမှန်တော့ပါဘူး။ လစဉ် ရာသီလာချိန်က မမှန်တော့ဘဲ ရက်ကလည်း တိုလာပါတယ်။ လာလိုက် မလာလိုက် ဖြစ်နေပြီး နောက်ဆုံးမှာ ရာသီစီးဆင်းမှု ရပ်တန့်ကာ သွေးဆုံးသွားပါတယ်။

Source : Allure

Share

Loading Next Article...
က္က