In partnership with  logo
စက်တင်ဘာလကမှ ကလေးမွေးထားတာဆိုတော့ ကြံ့ခိုင်ရေးပိုင်းက လိုဦးမယ်ထင်ပါတယ်။

ရက်ပိုင်းအတွင်းကမှ မင်္ဂလာဆောင်ထားတဲ့ တင်းနစ်ချန်ပီယံ ဆရီနာ ဝီလျံဟာ လာမယ့် သြစတြေးလျအိုးပင်း ပြိုင်ပွဲကို ဝင်ဖြစ် ၊ မဖြစ်ဆိုတာ ဆုံးဖြတ်ချက် မချရသေးဘူးလို့ ဆရီနာရဲ့နည်းပြက ပြောလိုက်ပါတယ်။ Grand Slam ချန်ပီယံ ၂၃ ကြိမ်တိုင် ဆွတ်ခူးထားတဲ့ ဆရီနာဝီလျံဟာ ဒီနှစ်ထဲမှာပဲ သမီးဦးလေးကို မွေးထားပါသေးတယ်။

 

ဆရီနာဝီလျံဟာ ယခုနှစ်ဇန်နဝါရီလက သြစတြေးလျအိုးပင်းပြိုင်ပွဲမစတင်မီမှာပဲ ကိုယ်ဝန် ၂ ပတ် ရှိနေပြီဆိုတာ သိလိုက်ရတယ်။ ကိုယ်ဝန်နဲ့ ယှဉ်ပြိုင်ခဲ့တာတောင် သြစတြေးလျအိုးပင်း ဆုကို ရခဲ့ပါတယ်။ အဲ့ဒီနောက် စက်တင်ဘာ ၁ ရက်နေ့မှာ သမီးလေးကို ဖွားမြင်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ မင်္ဂလာပွဲကို ကျင်းပခဲ့တာပါ။

 

လာမယ့် ၂၀၁၈ ခုနှစ် သြစတြေးလျအိုးပင်းကို ဝင်ပြိုင်ဖြစ်၊ မပြိုင်ဖြစ်ဆိုတာကိုတော့ ဖလော်ရီဒါမှာ လေ့ကျင့်ခန်းပြုလုပ်ပြီးတော့မှပဲ ဆုံးဖြတ်ရတော့မယ်လို့ ဆရီနာရဲ့နည်းပြက ပြောပါတယ်။ အသက် ၃၆ နှစ်အရွယ် ဆရီနာဟာ ကလေးမွေးပြီးနောက် မင်္ဂလာပွဲအတွက် စီစဉ်နေခဲ့ရတာဆိုတော့ လေ့ကျင့်ချိန် လုံလောက်ပုံ မရသေးပါဘူး။ သူမရဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

 

သြစတြေးလျအိုးပင်းကို ရှေ့နှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဆရီနာရဲ့နည်းပြ Patick Mouratoglou ကတော့ ဘာကိုမှ မဆုံးဖြတ်ရသေးဘူးလို့ CNN ကို ဖြေသွားတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်အတွက်တော့ အသင့်ဖြစ်အောင် ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ လောလောဆယ်တော့ ဆရီနာက ကိုယ်အလေးချိန်ပုံမှန်ပြန်ရအောင် ကြိုးစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Source : CNN


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က