In partnership with  logo
ဂျိုလီနဲ့တူဖို့အတွက် ဘာကိုမဆို လုပ်ပစ်လိုက်မှာပဲလို့ သူမက ဆိုတယ်။

ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ တူချင်လွန်းလို့ အကြိမ် ၅၀ ခွဲစိတ်မှု လုပ်ခဲ့တဲ့ အီရန်သူ အမျိုးသမီးတစ်ဦးအကြောင်း အင်တာနက်မှာ ရေပန်းစားနေပါတယ်။ အမျိုးသမီးငယ်လေးဟာ ဂျိုလီကို အရမ်းသဘောကျတဲ့ ပရိသတ်တစ်ဦးပါ။ ဂျိုလီနဲ့တူဖို့အတွက် ဘာကိုမဆို လုပ်ပစ်လိုက်မှာပဲလို့ သူမက ဆိုတယ်။

 

တကယ်တော့ Sahar Tabar ရဲ့ အသက်က ၁၉ နှစ်သာ ရှိပါသေးတယ်လို့ ဘယ်လ်ဂျီယံဝက်ဘ်ဆိုက်တစ်ခုက ရေးထားတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ခွဲစိတ်မှုပေါင်း အကြိမ် ၅၀ ပြုလုပ်ကာ သူမရဲ့ အန်ဂျလီနာဂျိုလီအိပ်မက်ကို အကောင်အထည်ဖော်ခဲ့တာပါ။ ဒါပေမဲ့ ဆာဟာရဲ့ တိုက်ရိုက်အတည်ပြုချက်ကတော့ ထွက်မလာသေးဘူး။ မိတ်ကပ်ကြောင့်လားလို့ ထင်စရာရှိသလို ဖိုတိုရှော့နဲ့ ပြုပြင်ထားတယ်လို့လည်း ထင်ကြတယ်။

 

ဆာဟာက သူမရဲ့ကိုယ်အလေးချိန်ကို ကီလို ၄၀ မှာ ထိန်းထားနိုင်အောင် အစားအသောက်လည်း ခြိုးခြံချွေတာသတဲ့။ အရပ်ကလည်း ၄ ပေ ၈ လက်မပဲ ရှိတာဆိုတော့ ဒီ့ထက်ဝရင် ဂျိုလီနဲ့တူဖို့ မလွယ်ဘူးလေ။ ကံဆိုးတယ်လို့ပဲ ပြောရမလား၊ ဆာဟာရဲ့ ခွဲစိတ်မှုတွေဟာ သူမကို ဂျိုလီနဲ့ မတူစေခဲ့ပါဘူး။ လူတွေကတော့ သူမကို ကဲ့ရဲ့နေကြတယ်။

 

သနားတဲ့လူတွေကတော့ ဒီလောက်တောင် ခွဲစိတ်ပြီးမှ ဂျိုလီနဲ့မတူဘဲ ဂြိုဟ်သားနဲ့တူရလေခြင်းဆိုပြီး ကရုဏာသက်ကြတယ်။ သူမရဲ့အင်စတာဂရမ်အကောင့်မှာ follower သိန်းချီ ရှိနေပြီး ဆာဟာရဲ့ပုံတွေတိုင်းမှာ မှတ်ချက်တွေ ရေးနေကြတယ်။ " ဖုတ်ကောင်" "  ၈ လလောက် ကြာနေတဲ့ အလောင်းကောင်နဲ့တူတယ်" လို့ ဆိုးဆိုးရွားရွား ရေးနေသူတွေလည်း ရှိပါတယ်။

 

ဆာဟာရဲ့ မူရင်းမျက်နှာလေးက ခုလိုမျိုး မဟုတ်ပါဘူး။ တကယ်ကို ချစ်စရာကောင်းတဲ့ မျက်နှာထားလေးပါ။ ခုတော့ ခွဲစိတ်ပြုပြုတာ လွန်ပြီး နှုတ်ခမ်းကြီးကြီး နှာခေါင်းကောက်ကောက်၊ မျက်နှာလေးထောင့်ကျကျနဲ့ ပိန်ကပ်ကပ် ဆာဟာလေးဟာ အင်တာနက်ရဲ့ စတားတစ်ဦး ဖြစ်လာခဲ့ရတော့တယ်လေ။

Source : The Sun

Share

Loading Next Article...
က္က