In partnership with  logo
ပူဆွေးသောကဖြစ်နေသူတွေကို ကူညီနိုင်မယ့်နည်းတွေ ပြောပြတဲ့ Sheryl Sandberg

ဖေ့စ်ဘုတ်ရဲ့ COO နေရာမှာ လုပ်ကိုင်နေတဲ့ Sheryl Sandberg ဟာ #OptionBThere အမည်ရှိ အကျိုးအမြတ်မယူတဲ့ OptionB လှုပ်ရှားမှုအကြောင်းကို ကြေညာလိုက်ပါတယ်။ Option B စာအုပ်အကြောင်း ကြေညာချက်ကိုတော့ သူမရဲ့ အင်စတာဂရမ်ကနေ ပြောသွားခဲ့တာပါ။ ပိတ်ရက်ကာလစာ သူမနဲ့ သူမမိသားစုအတွက် ဘယ်လိုခက်ခဲတယ်ဆိုတာပြောသွားခဲ့တယ်။ သူမရဲ့ မိသားစုနဲ့ မိတ်ဆွေတွေက ဘယ်လိုမျိုး ကူညီအားပေးခဲ့ကြတယ်ဆိုတာကိုလည်း ရှယ်ရီက ပြောပြခဲ့သလို ချစ်ခင်သူတွေကိုဆုံးရှုံးသွားရသူတွေအတွက်လည်း အကြံဉာဏ်အချို့ကိုပါ မျှဝေခဲ့ပါတယ်။

၁။ တစ်ယောက်တည်းမထားနဲ့

960x0.jpg 

လူတွေကို ခက်ခဲတဲ့ အချိန်တွေမှာ တစ်ယောက်တည်း ပစ်မထားသင့်ဘူး။ သူတို့ကို ပါတီတွေကိုဖိတ်ပါ၊ ရုပ်ရှင်ကြည့်ဖို့ ၊ အပျော်ခရီးထွက်ဖို့၊ ရေခဲပြင်စကိတ်စီးဖို့ စသဖြင့် ဖိတ်ခေါ်ပါတဲ့။ အဲ့လိုဖိတ်ခေါ်ခြင်းဟာ လူတွေကို ရှေ့ဆက်ဖို့အတွက် အကူအညီဖြစ်စေတယ်။ ပိတ်ရက်ကာလတွေမှာ အထီးကျန်နေတယ်လို့ မခံစားရအောင် ကူညီရာရောက်ပါတယ်လို့ ရှယ်ရီက ဆိုတယ်။

၂။ ကိုယ်ချင်းစာပါ

image.jpg 

မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းဟာ သူတို့ရဲ့ဘဝမှာ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်းနေရတယ်ဆိုတာ နားလည်လိုက်ပါ။ ရှယ်ရီရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကတော့ သူမ မလုပ်ချင်တဲ့အရာကို မလုပ်ဖို့ ထောက်ခံပေးကြပါတယ်။ သူမနဲ့ ကလေးတွေ ဝမ်းနည်းနေပြီဆို ဘယ်သူကမှ အတင်းလာမခေါ်ဘူး။ ငါတို့ မင်းကိုချစ်တယ်၊ ငါတို့ရှိပါတယ် ဆိုတာတွေပဲ ပြောပေးကြတယ်။

၃။ ဘာမှမလုပ်နဲ့

2016%2F07%2F29%2Fc4%2FAP_100724238293_1.a5cbf.jpg 

" လူတွေမှာ ပူဆွေးသောကရောက်တာလိုမျိုး အဓိကကျတဲ့စိန်ခေါ်မှုတွေ ရင်ဆိုင်ရတဲ့အခါ ကျွန်မတို့က ဘာပြောရမလဲ ၊ ဘာလုပ်ရမလဲဆိုတာ မသိကြဘူး။ အဲ့ဒီတော့ ဘာမှမလုပ် ၊ ဘာမှမပြောတာနဲ့ အဆုံးသတ်လိုက်တယ်။ Option B ကတော့ တစ်ခုခုလုပ်မယ့် အကြောင်းပေါ့" လို့ သူမက ရေးထားပါတယ်။ အဲ့လိုအချိန်မှာ တစ်ခုခု လုပ်ပေးချင်တယ်ဆိုရင်ဖြင့် အထီးကျန်နေသူတွေကို အချိန်ပေးတွေ့ဆုံတာတွေ၊ ကတ်လေးတွေ ပေးပို့တာတွေ ပြုလုပ်ပြီး သူတို့ တစ်ယောက်တည်း အထီးကျန်နေတာမဟုတ်ကြောင်း သိအောင် လုပ်လိုက်ပါလို့ ရှယ်ရီရဲ့ ပို့စ်မှာ ရေးထားတာ တွေ့ရတယ်။

Source : Forbes

Share

Loading Next Article...
က္က