In partnership with  logo
ကိုယ်ရထားတဲ့အရာကိုပဲ ကျေနပ်လိုက်ခံလိုက်ပါ

Victoria Beckham ဟာ ပလတ်စတစ် ဆာဂျရီ (plastic surgery) ပြုလုပ်ခဲ့မိတဲ့အတွက် နောင်တရမိတယ်လို့ ဝန်ခံလိုက်ပါတယ်။ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားဟာ သူမရဲ့ရင်သားတွေ ကြီးလာဖို့အတွက် ခွဲစိတ်မှုတွေ တစ်ကြိမ်မက လုပ်ခဲ့ပုံရတယ်။ ဘာကြောင့်လဲဆိုတော့ "အဲ့တာတွေ" လို့ သုံးနှုန်းသွားခဲ့တယ်လေ။

၂၀၀၉ ခုနှစ်က ဗစ်တိုးရီးယား

 

" ဒီနှစ်တွေမှာ ကျွန်မက အဲ့တာကို ငြင်းခဲ့တယ်။ သိပ်မိုက်တာပဲ။ ဒါက သိမ်ငယ်တဲ့လက္ခဏာတစ်ခုပဲလေ။ ကိုယ်ရထားတဲ့အရာကိုပဲ ကျေနပ်လိုက်ခံလိုက်ပါ" လို့ Vogue ကို ဖြေသွားခဲ့တယ်။ ဗစ်တိုးရီးယားဟာ သူမရဲ့ ရင်သားတွေကို ၁၉၉၉ ခုနှစ်မှာ ပထမဆုံး ခွဲစိတ်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ နောက်တစ်ကြိမ် ထပ်လုပ်ခဲ့တယ်။ နောက်ဆုံးမှာတော့ အရွယ်အစားကို ၂၀၀၉ ခုနှစ်မှာ ပြန်လျှော့ချခဲ့တယ်လို့ ဝန်ခံသွားတယ်။ သိပ်ပြီးတော့ကို သိသိသာသာ ကြီးမားလာအောင် သူမက ခွဲစိတ်ပြုပြင်ခဲ့တာပါ။

၂၀၁၂ ခုနှစ်က ဗစ်တိုးရီးယား

 

ခွဲစိတ်ပြုပြင်ပြီးမှ နောင်တရမိကြောင်း ပြောထွက်လာတဲ့ နာမည်ကြီးအမျိုးသမီးတွေက ဗစ်တိုးရီးယား တစ်ယောက်တည်းတော့ မဟုတ်ဘူး။ အမေရိကန်သရုပ်ဆောင် Courteney Cox ကလည်း သူမအနေနဲ့ ခွဲစိတ်ပြုပြင်မှု မလုပ်ခဲ့သင့်ဘူးလို့ ရုပ်သံအစီအစဉ်တစ်ခုမှာ ပြောသွားခဲ့ဖူးပါတယ်။

 

ဗစ်တိုးရီးယားဟာ Spice Girls အဆိုတော် ဘဝမှာတည်းက Posh Spice အဖြစ်နဲ့ အဖွဲ့ရဲ့ အလန်းဆုံးအဆိုတော်နေရာမှာ ရပ်တည်ခဲ့တယ်။ နောက်တော့ ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနဲ့ အိမ်ထောင်ကျပြီး ကလေး ၄ ယောက် မိခင်ဘဝနဲ့ ဒီဇိုင်နာဘဝကို တစ်ပြိုင်တည်း တာဝန်ယူထားသူပါ။ ကလေးတွေအတွက်လည်း အချိန်ပေးသလို သူမရဲ့ ဖက်ရှင်ကုမ္ပဏီကိုလည်း စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်ကိုင်နေတာလည်း တွေ့ရပါတယ်။

Source : Bazaar

Share

Loading Next Article...
က္က