In partnership with  logo
ရီပို့အရတော့ ဘန်ဂါလောမြို့က အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီး (၇) ယောက်မှာ တစ်ယောက်ဟာ (လုပ်သားဦးရေရဲ့ (၇) ပုံ (၁) ပုံခန့်ဟာ) အတင်းအဓမ္မပြုကျင့်ခံရတယ် ဒါမှမဟုတ် လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတယ်လို့ သိရပါတယ်။

"အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်တွေပိုပေးလိုက်မယ်ဆိုရင် ကျွန်မတို့ရဲ့မိသားစုတွေ၊ စီးပွားရေးတွေနဲ့ လူ့အဖွဲ့အစည်းတွေ ပိုပြီးတိုးတက်လာနိုင်မှာဖြစ်ပါတယ်" လို့ Ivanka Trump က (၈) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတည်ထွင်သူများ ညီလာခံ (GES) ရဲ့ကောက်နှုတ်ချက်တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

 

ဒါပေမယ့် သူမရဲ့အပေါ်ယံရွှေမှုန်ကြဲစကားလုံးတွေဟာ အိန္ဒိယနိုင်ငံ အထည်ချုပ်စက်ရုံတွေမှာ လစာဝင်ငွေ တစ်လကို ဒေါ်လာတစ်ရာဝန်းကျင်နဲ့ အလုပ်လုပ်ကိုင်နေရပြီး ပြဿနာများတဲ့ လုပ်ငန်းခွင်ထဲမှာ နှုတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ထိလက်ရောက် လိင်အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေရဲ့ လက်တွေ့အခြေအနေကို ထင်ဟပ်မှုရှိပါ့မလားဆိုတာ သံသယဖြစ်စရာပါပဲ။ အဲဒီအမျိုးသမီးအများစုဟာ သူ့ရဲ့အဝတ်အစား brand အတွက် ချည်ထည်အင်္ကျီတွေကို ချုပ်နေရတာပါ။

ဝါရှင်တန်ပို့စ်သတင်းစာထဲမှာ ဖော်ပြချက်အရတော့ အိုင်ဗင်ကာထရန့်ရဲ့ ထုတ်ကုန်အများစုဟာ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေလို အာရှနိုင်ငံတွေက စက်ရုံတွေမှာထုတ်လုပ်ထားပါတယ်။ တရုတ်နိုင်ငံက အိုင်ဗင်ကာရဲ့စက်ရုံတွေမှာဆိုရင် အလုပ်သမားတွေဟာ အချိန်ပိုအများကြီး လုပ်ရတဲ့အပြင် အခြေခံလစာသတ်မှတ်ချက်ထက် ပိုနည်းတဲ့ လုပ်ခလစာတွေ ပေးတယ်လို့လည်း ကြားသိရပါတယ်။ မန်နေဂျာတွေကလည်း အမျိုးသမီးလုပ်သားတွေကို ဆဲရေးတိုင်ထွာမှုတွေ ပြုလုပ်ခဲ့ပါတယ်တဲ့။

 

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ အိုင်ဗင်ကာထရန့်အနေနဲ့ အပြောနဲ့အလုပ်ညီချင်ရင်တော့ သူမရဲ့စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီး အလုပ်သမားတွေရဲ့ အခြေအနေကို ထည့်သွင်းပြောကြားသင့်တယ်လို့ ဝေဖန်နေကြပါတယ်။

ဝါရှင်တန်ပို့စ်ရဲ့ရီပို့ထဲမှာ အိုင်ဗင်ကာထရန့်ရဲ့ brand ပါတနာလည်းဖြစ်၊ အဝတ်အစားဖြန့်ဖြူး ရောင်းချသူတစ်ဦးလည်းဖြစ်တဲ့ G-III ဟာ အိန္ဒိယနိုင်ငံ၊ ဘန်ဂါလောမြို့မှာ ရုံးခွဲဖွင့်လှစ်ခဲ့တယ်လို့ ပါပါတယ်။ ဘန်ဂါလောမြို့မှာ အထည်ချုပ်စက်ရုံအလုပ်သမား (အမျိုးသမီးအများစုဖြစ်) တွေရဲ့ အခြေအနေကတော့ ဖုံးကွယ်ထားရမယ့် ကိစ္စတောင်မဟုတ်ပါဘူး။ တိုင်းမ်မဂ္ဂဇင်းရဲ့အဆိုအရဆိုရင် တရုတ်နိုင်ငံက G-III ပိုင် စက်ရုံတွေမှာလည်း လုပ်ငန်းခွင် အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်ကြားခြင်းခံထားရတယ်လို့လည်း သိရပါတယ်။

 

ရီပို့အရတော့ ဘန်ဂါလောမြို့က အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီး (၇) ယောက်မှာ တစ်ယောက်ဟာ (လုပ်သားဦးရေရဲ့ (၇) ပုံ (၁) ပုံခန့်ဟာ) အတင်းအဓမ္မပြုကျင့်ခံရတယ် ဒါမှမဟုတ် လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ခံရတယ်လို့ သိရပါတယ်။ နောက်ပြီး အဲဒီအမျိုးသမီးလုပ်သားတွေရဲ့ တိုင်ကြားစာတွေဟာလည်း လစ်လျူရှုထားခံရတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေ လုပ်ပိုင်ခွင့်ပိုမိုရရှိရေးအတွက် #WomenWhoWork ကြေညာချက်နဲ့ ကြွေးကြော်နေတဲ့ အိုင်ဗင်ကာထရန့်သာ လက်တွေ့လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးလုပ်သားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ အားထုတ်မှုရှိခဲ့မယ်ဆိုရင် ပိုကောင်းမှာပါ။ မဟုတ်ရင် အမျိုးသမီးတွေ ကိုယ်ပိုင်လမ်းသစ်တွေဖောက်ပြီး အံ့ဖွယ်အောင်မြင်မှုတွေကို ရယူဖို့ဆိုပြီး ပြောခဲ့တဲ့ သူမရဲ့မိန့်ခွန်းတွေဟာ အချည်းနှီးဖြစ်သွားမလားဆိုတာ စိတ်ပူစရာပါပဲ။

Source: Huffingtonpost

Share

Loading Next Article...
က္က