In partnership with  logo
အင်တာနက်ပေါ်မှာ သိချင်တာတစ်ခုခုရှိရင် Wikipedia မှာ သွားဖတ်ဖူးကြမှာပေါ့။

ကမ္ဘာပေါ်မှာ Wikipedia မသုံးဖူးတဲ့သူ တော်တော်ရှားပါလိမ့်မယ်။ အနည်းဆုံးတော့ ကျောင်းကပရောဂျက် presentation တစ်ခု လုပ်ခိုင်းတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ရောဂါတစ်ခုအကြောင်း သိချင်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ နာမည်ကျော်ရုပ်ရှင်ကားတွေအကြောင်းကို သိချင်တာပဲဖြစ်ဖြစ် wikipedia ပေါ်မှာ စာသွားဖတ်မိတတ်ကြမှာပါ။ Wikipedia ဟာ ကမ္ဘာပေါ်က လူဖတ်အများဆုံး ဝက်ဘ်ဆိုက်တွေထဲမှာ နံပါတ် (၅) ဖြစ်ပြီး Google, Youtube, Facebookm, Baidu တို့ရဲ့နောက်မှာ ရပ်တည်နေပါတယ်။

 

Wikipedia ဝက်ဘ်ဆိုက်ကို Wikimedia ဖောင်ဒေးရှင်းဆိုတဲ့ NGO တစ်ခုက ထူထောင်ထားပြီး Google တို့ Facebook တို့လို ကြော်ငြာရှင်တွေဆီက ကြော်ငြာခယူပြီး ရပ်တည်နေတဲ့ နည်းပညာကုမ္မဏီကြီးတွေနဲ့ ကွာခြားပါတယ်။ ဘာလို့လဲဆိုတော့ Wikipedia ဟာ ဗော်လန်တီယာတွေရဲ့ အားထုတ်မှုတွေနဲ့ ရန်ပုံငွေတွေနဲ့ ရပ်တည်နေတာကြောင့်ပါပဲ။ Wikimedia ဖောင်ဒေးရှင်းရဲ့ အမှုဆောင်အရာရှိ ဒါရိုက်တာတစ်ဦးဖြစ်သူကတော့ Katherine Maher ပဲဖြစ်ပါတယ်။

Maher ဟာ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်တို့မှာ အလုပ်လုပ်ကိုင်ဖူးပြီး အရှေ့အာဖရိကမှာ အေအိုင်ဒီအက်စ်ရောဂါသည်တွေကို ကူညီစောင့်ရှောက်ရေးနဲ့ မာလာဝီကျွန်းဆွယ်မှာ အာဟာရပြတ်တောက်ခြင်းကို ကယ်ဆယ်ရေးကွင်းဆင်းခြင်းတို့ကို ပြုလုပ်ခဲ့ဖူးပါတယ်။ ကိုယ်တိုင်လည်း ခရီးသွားခြင်းကို ဝါသနာထုံတဲံ့အတွက် wikipedia မှာ အလုပ်လုပ်နေချိန်မှာလည်း ကမ္ဘာအနှံ့ ခရီးတွေ လျှောက်သွားနေခဲ့ပါတယ်။ တကယ်တော့ Wikipedia ကို ဦးဆောင်ရတာဟာ သူမအတွက်တော့ ကမ္ဘာကြီးကို ဗဟုသုတတွေ ပေးစွမ်းနိုင်ဖို့အတွက် သံတမန်တော်တစ်ဦးလို လုပ်ဆောင်ရသလိုပါပဲ။

 

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သတင်းတုတွေ၊ သတင်းမှားတွေကြောင့် ပြဿနာတွေတက်ခဲ့ရပြီးနောက်ပိုင်း Facebook တို့၊ Twitter တို့လို လူမှုကွန်ရက်တွေမှာ သတင်းအချက်အလက် စီစစ်ရေးအတွက် ပညာပေးမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် Wikipedia လို လူတိုင်း ထင်သလိုဝင်ရေးခွင့်ရှိ၊ ဝင်ပြင်ခွင့်ရှိတဲ့ ဝက်ဘ်ဆိုက်မျိုးမှာတော့ သတင်းအချက်အလက်တွေဟာ တိကျခိုင်မာပြီး ယုံကြည်နေရဆဲပါပဲ။ ဒါဟာဘာကြောင့်များပါလဲ။

Maher က "ကျွန်မတို့က ကြော်ငြာလုပ်ငန်း လုပ်ကိုင်သူတွေ မဟုတ်ဘူး။ ကျွန်မတို့ဝက်ဘ်ဆိုက်ဟာ ဆိုက်ပေါ်မှာ အချိန်ကြာနိုင်သမျှ ပိုကြာအောင် ဆွဲထားဖို့ကိုဦးတည်တဲ့ business model ပေါ်မှာ အခြေခံ တည်ဆောက်ထားတာလည်း မဟုတ်ပါဘူး။ ဒါကြောင့် သတင်းအချက်အလက်တွေက ယုံကြည်စိတ်ချရပါတယ်" လို့ဆိုပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က ဗော်လန်တီယာ (စေတနာ့ဝန်ထမ်း) တွေဟာ အမှန်တရားဆိုတဲ့ အလံတော်ရဲ့အောက်မှာ ခုလိုစုစည်းနိုင်ကြတာ အံ့သြစရာပါပဲ။ Wikipedia ရဲ့အဓိကစည်းမျဉ်းကတော့ ဆိုက်ပေါ်က ဆောင်းပါး (သို့) အကြောင်းအရာတစ်ခုဟာ သိသာထင်ရှားပြီး ဘက်လိုက်မှုကင်းရမယ်။ ပုဂ္ဂလိကခံစားချက်တွေထက် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေအပေါ် အခြေခံထားရပါမယ်။

 

ဒါပေမယ့် wikipedia မှာ ဗဟုသုတဝေမျှခြင်းဟာ လစာမရသလို တချို့နိုင်ငံတွေမှာဆို ဥပဒေအရ အပြစ်ပေးခြင်းကိုပါ ခံရနိုင်ပါတယ်။ ပြင်သစ်က ဗော်လန်တီယာတစ်ယောက်ဆို အချက်ပြနည်းနဲ့ သတင်းအချက်အလက်စုဆောင်းနည်း အော်ပရေးရှင်းတစ်ခုအကြောင်းကိုရေးလို့ အဖမ်းခံထားရသလို တူရကီနိုင်ငံမှာလည်း အစိုးရက နိုင်ငံရေးသတင်းတွေ တင်မှာစိုးလို့ wikipedia အသုံးပြုခွင့်ကို ပိတ်ပင်ထားပါတယ်။

Wikipedia ဟာ အမျိုးသမီးစာရေးသူဦးရေကို မြှင့်တင်ဖို့ ကြိုစားနေပါတယ်လို့လည်း Maher ကဆိုပါတယ်။ အနည်းဆုံး (၂၀) ရာခိုင်နှုန်းလောက်ထိ မြှင့်တင်မှာဖြစ်ပါတယ်။ ဒါမှသာ wikipedia ပေါ်မှာ ရေးသားနေကြတဲ့ ဆောင်းပါးပုံစံတွေ ပြောင်းလဲသွားမှာပါလို့လည်း Maher က ဆိုပါတယ်။ ဥပမာ အတုပ္ပတ္တိပိုင်းမှာဆိုရင် အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုများနေပါတယ်။ ဒါကို ပြောင်းလဲပစ်လိုတဲ့ဆန္ဒ Maher မှာရှိနေပါတယ်။ လက်ရှိအချိန်မှာ အမျိုးသမီး wikipedian တွေနည်းပါးနေတာက အမျိုးသမီးတွေမှာ အားလပ်ချိန်အလွန်နည်းပါးခြင်းက အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်လို့ Maher က ဆိုပါတယ်။

Source: Ft.com

Share

Loading Next Article...
က္က