In partnership with  logo
အမျိုးသမီးတွေဟာ အမျိုးသားတွေ လုပ်ကိုင်တာထက်စာရင် ပိုပြီးတော့ လုပ်ကိုင်နိုင်စွမ်းကောင်းမွန်ကြတယ်။

အမေရိကန်သမ္မတဟောင်း အိုဘားမားက အမျိုးသမီးတွေကို အမျိုးသားတွေထက် ပိုပြီးတော့ အာဏာရှိစေချင်တယ်လို့ ဆိုလိုက်ပါတယ်။ ပါရီမှာ ပြုလုပ်တဲ့ ပွဲတစ်ခုမှာ အိုဘားမားက ပြောသွားခဲ့တာပါ။ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေလိုပဲ အာဏာနဲ့နေရာတွေကို ပေးသင့်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

 

ယနေ့ခေတ် အမျိုးသားတွေဟာ ပြဿနာတွေ ရှာတတ်လွန်းလို့ အမျိုးသမီးတွေကို ပိုပြီး အာဏာရှိစေချင်တာ ဖြစ်တယ်လို့လည်း အိုဘားမားက ဆိုတယ်။ ခေါင်းဆောင်နိုင်ဖို့အတွက် အရည်အချင်းနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ အိုဘားမားက " ခြုံငုံပြီး ကောက်ချက်ချစရာမဟုတ်ပါဘူး။ ဒါပေမဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေ လုပ်ကိုင်တာထက်စာရင် ပိုပြီးတော့ လုပ်ကိုင်နိုင်စွမ်းကောင်းမွန်ကြတယ်။ တစ်စိတ်တစ်စိုင်းအားဖြင့်ပေါ့ ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ပေါင်းသင်းဆက်ဆံနိုင်စွမ်းကြောင့်ပဲ" လို့ ဖြေသွားပါတယ်။

 

" ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေကို ပိုကောင်းလာအောင် ကျွန်တော်ဘယ်လိုလုပ်မလဲ? သူတို့ကို ဘယ်လိုမျိုး လုပ်ပိုင်ခွင့်အာဏာပေးမလဲ၊ တစ်စုံတစ်ခုပြီးမြောက်ဖို့အတွက် အားလုံးအတူတကွ ပြုလုပ်ရမယ့် အဖွဲ့တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲ" ဆိုပြီးတော့လည်း အိုဘားမားက ထပ်လောင်းပြောသွားပါသေးတယ်။ အိုဘားမားအနေနဲ့ ယခုလို ပြောရခြင်းဟာ လက်ရှိသမ္မတ ဒေါ်နယ်လ်ထရမ့်ကို သွယ်ဝိုက်အကြံပေးတာလည်း ဖြစ်ပါတယ်။ ဒေါ်နယ်လ်ထရမ့်ရဲ့ tweet တွေကို မရေးခင်မှာ သတိထားဖို့ကိုလည်း ပြောခဲ့ဖူးပါသေးတယ်။

Source : Bazaar

Share

Loading Next Article...
က္က