In partnership with  logo
ဆန်တာကလော့စ်ဆီက ဘာလိုချင်သလဲလို့ မေးလိုက်တာ.....

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဇနီးသည် Melania Trump ဟာ အိမ်ဖြူတော်မှာ မပျော်ပိုက်ဘူးလို့ သတင်းတွေက မှတ်ချက်ချ ရေးသားနေကြတယ်။ သူမအနေနဲ့ ထရမ့်ကို သမ္မတ ဖြစ်စေချင်ပုံမရဘူးလို့လည်း ပြောကြတယ်။ ဒီကောလာဟလတွေရဲ့ အဖြေကိုတော့ မယ်လန်နီယာရဲ့ ခရစ္စမတ်ဆန္ဒက ဖော်ပြသွားသလိုပါပဲ။

 

သမ္မတကတော် မယ်လန်နီယာဟာ မကြာသေးခင်က ဝါရှင်တန်ရှိ ကလေးဆေးရုံကို သွားရောက်ခဲ့ပြီး ကလေးတွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။ အဲ့ဒီမေးခွန်းတွေထဲက အသက် ၁၀ နှစ်အရွယ် အန်ဒီဆိုတဲ့ ကောင်လေးရဲ့ မေးခွန်းကို မယ်လန်နီယာက ခုလိုပဲ ဖြေခဲ့တယ်။ " ကျွန်မရဲ့ အားလပ်ရပ်တွေကို လူသူမရှိတဲ့ကျွန်းလေးမှာ ၊ အပူပိုင်းဒေသ ကျွန်းလေးတစ်ခုမှာ မိသားစုနဲ့အတူ ကုန်ဆုံးချင်ပါတယ်" ဆိုတဲ့ မယ်လန်နီယာရဲ့ အဖြေက သူမရဲ့စိတ်ကို လှစ်ဟပြနေခဲ့တယ်။

 

မယ်လန်နီယာရဲ့ ခရစ္စမတ်ဆန္ဒလေးဟာ ထင်မှတ်မထားဘဲ တွစ်တာပေါ်ကို ရောက်သွားပြီး ပြန်လည်မျှဝေသူတွေ များပြားနေတာ တွေ့ရပါတယ်။ တွစ်တာ အသုံးပြုသူတွေက #FreeMelania ဆိုတဲ့ စာသားနဲ့အတူ မယ်လန်နီယာ စကားပြောနေတဲ့ ဗီဒီယိုကို ပြန်လည်ဖော်ပြနေကြတာပါ။ Sammy ဆိုတဲ့ ကလေးမလေးက မယ်လန်နီယာကို ဆန်တာကလော့စ်ဆီက ဘာတောင်းချင်လဲလို့ မေးတဲ့အခါ " ကမ္ဘာကြီးငြိမ်းချမ်းဖို့ ၊ ကျန်းမာရေး၊ ချစ်ခြင်းမေတ္တာနဲ့ အကြင်နာတရား" တို့ကို တောင်းဆိုချင်တယ်လို့လည်း ဖြေသွားပါတယ်။

 

အသက် ၄၇ နှစ်အရွယ် မယ်လန်နီယာဟာ အမေရိကန်သမ္မတကတော် သမိုင်းတစ်လျှောက် ထူးခြားတဲ့ စံနှုန်းတွေကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ဝေဖန်သူတွေလည်း ရှိသလို မယ်လန်နီယာကို ချစ်ခင်သူတွေလည်း ရှိကြတယ်။ ယခုသီတင်းပတ် အစောပိုင်းမှာတော့ သမ္မတကတော်ဟာ ကလေးဆေးရုံကိုသွားပြီး The Polar Express ပုံပြင်ကို ဖတ်ပြခဲ့သလို ကလေးတွေနဲ့ ရင်းရင်းနှီးနှီးနေပေးသွားခဲ့တာပါ။ ခရစ္စမတ်ညစာစားပွဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပြင်ဆင်ပြီး ထရမ့်နဲ့အတူ စားဖို့ ရှိပါတယ်လို့လည်း မယ်လန်နီယာက ပြောတယ်။

Source : Bazaar

Share

Loading Next Article...
က္က