In partnership with  logo
အမျိုးသမီးထု ၁၇ % မှာ ဖြစ်နိုင်တယ်....

နှုတ်ခမ်းနီက Annalisa Hackleman အတွက် မရှိမဖြစ်ပဲ။ အနီရောင်ရင့်ရင့် နှုတ်ခမ်းနီပေါ့။ တစ်ခါတစ်လေဆိုရင် ပန်းရောင်၊ ခရမ်းရင့်ရောင်လည်းဆိုးတယ်။ ဆံပင်အရောင်တွေ ခဏခဏပြောင်းပြီး မျက်တောင်ကော့ဆေး၊ အိုင်းလိုင်နာနဲ့ နှုတ်ခမ်းနီကိုဆိုးတယ်။ တစ်ခါတစ်လေများဆို သူမရဲ့ မုတ်ဆိတ်မွေးတွေကိုတောင် သလိုက်ပါသေးတယ်။ အန်နာလီဇာဟာ မိန်းကလေးတွေထဲက ရှားရှားပါးပါး ဆိုသလို မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးနဲ့ နှုတ်ခမ်းမွေးတွေ ရှိနေသူလေးပါ။ ဒါပေမဲ့ သူကတော့ သူမရဲ့ဖြစ်တည်မှုကို ပျော်ရွှင်တယ်လို့ ဆိုတယ်။

 

ဒီလိုဖြစ်ရပ်မျိုးကို hirsutism လို့ ခေါ်ပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေလို အမွေးအမှင်တွေ ပေါက်နေတာမျိုးပါ။ ယေဘုယျအားဖြင့် ပြောရရင် အမျိုးသမီးဖြစ်ပေမဲ့ ကျားဟော်မုန်းအများအပြား ခန္ဓာကိုယ်ကထုတ်လွှတ်နေတာဖြစ်ပါတယ်။ Polycystic Ovarian Syndrome လို့ခေါ်တဲ့ ရောဂါရှိသူတွေမှာ ဒါမျိုးဖြစ်တတ်တယ်။ အန်နာလီဇာလိုမျိုးပေါ့။ Hirsutism ဟာ အမျိုးသမီးထု ၁၇ % မှာ ဖြစ်နိုင်တယ်လို့ Encyclopedia of Hair က ဖော်ပြထားတယ်။

 

အန်နာလီဇာဟာ ငယ်ရွယ်စဉ်တည်းက ဒီလိုမျိုး အမွေးအမှင်တွေ ပေါက်နေခဲ့တာပါ။ အသက် ၁၃ နှစ် ၊ မြီးကောင်ပေါက်အရွယ်မှာတုန်းက ဒီအမွေးတွေကို မုန်းတီးခဲ့တယ်။ နေ့တိုင်းကို ရိတ်ပစ်နေခဲ့တာပါ။ ဒါပေမဲ့ ခုချိန်မှာတော့ သူမက အရှိကိုအရှိတိုင်း လက်ခံလိုက်ပါပြီ။ ယောက်ျားလေးတစ်ဦးလို အမွေးအမှင်တွေ ပေါက်နေတာကလွဲရင် ကျန်တာက မိန်းကလေးပဲလေ။ ဒါကြောင့်မို့လို့ သူမကိုယ်သူမ လှလှပပ ပြင်ဆင်တယ်၊ ဝတ်စားဆင်ယင်ပါတယ်။ အရှိအတိုင်း လက်ခံထားတော့ မပျော်နိုင်စရာလည်း မရှိတော့ဘူး။

 

ခုဆို အန်နာလီဇာရဲ့ အမွေးအမှင်တွေက သူမရဲ့ ခင်ပွန်းထက်တောင် ပိုများနေပြီ။ သူမက နီဗားဒါးပြည်နယ်၊ ရီနိုမြို့မှာ မိတ်ကပ်အရောင်းစာရေးအလုပ်ကိုလည်း လုပ်နေသတဲ့။ ဒါဟာ သူမရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကြောင့်သာ လုပ်နိုင်တာပါ။ ၂၀၁၅ ခုနှစ်တုန်းကဆိုရင် ပါးမြိုင်းမွေးပြိုင်ပွဲကိုတောင် ဝင်ပြိုင်ခဲ့သေးတာ။ ဒီနှစ် ပြိုင်ပွဲကျရင်လည်း ဝင်ပြိုင်ဦးမယ်လို့ အန်နာက ပြောပါတယ်။

Source : Marie Claire

Share

Loading Next Article...
က္က