In partnership with  logo
အကျိုးအမြတ်မမျှော်ကိုးတဲ့လုပ်ငန်းနယ်ပယ်ထဲက ဝန်ထမ်း ၇၅ % ဟာ အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ ဆိုတယ်။

ကမ္ဘာအနှံ့က ခေါင်းဆောင်သူ နေရာတွေမှာ အမျိုးသမီးတွေဟာ ပိုပိုပြီး နေရာယူလာကြပါပြီ။ ပရဟိတလုပ်ငန်း နယ်ပယ်မှာ အမျိုးသမီးခေါင်းဆောင်တွေ ပိုပိုပြီး များလာတာလည်း အဆန်းတော့ မဟုတ်ပါဘူး။ ယခုနှစ်ဧပြီလတုန်းက Risa Lavizzo-Mourey ဟာ အမေရိကရဲ့ အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှု ပရဟိတလုပ်ငန်းဖြစ်တဲ့ Robert Wood Johnson Foundation ရဲ့ ဥက္ကဌနဲ့ CEO ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ သူမ တာဝန်ယူခဲ့တဲ့ ၁၄ နှစ်တာ ကာလအတွင်း ဖောင်ဒေးရှင်းကို ပိုမိုကျယ်ပြန့်ထိရောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ Forbes မဂ္ဂဇင်းရဲ့ ၂၀၁၆ ခုနှစ်အတွင်း အင်အားအရှိဆုံး အမျိုးသမီး အယောက် ၁၀၀ စာရင်းမှာ အဆင့် ၉၇ နေရာက ပါဝင်ခဲ့ဖူးတယ်။


 

အဆိုပါစာရင်းမှာ ပရဟိတလုပ်ငန်းရှင် အမျိုးသမီး ၇ ဦး ပါဝင်ခဲ့ပြီး အဲ့ဒီ ၇ ဦးအနက် Lavizzo-Mourey က တစ်ဦးအပါအဝင် ဖြစ်ခဲ့တယ်။ ပရဟိတလုပ်ငန်းတွေ လုပ်ဖို့အတွက် အဲ့ဒီအမျိုးသမီးတွေဟာ သူတို့ရဲ့အလုပ်အကိုင်တွေကို အကြောင်းပြချက်ပေါင်း မြောက်မြားစွာနဲ့ စွန့်လွှတ်ခဲ့ရပါတယ်။ Lavizzo-Mourey ကတော့ သူမရဲ့နေရာကို စွန့်ခွာချင်စိတ် မရှိသေးပေမဲ့ အသက် ၆၃ နှစ် ရောက်နေပြီမို့လို့ နုတ်ထွက်လိုက်ရတာပါ။ ခုတော့ ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်မှာ ပါမောက္ခအဖြစ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ တချို့ကျတော့လည်း သက်တမ်း သတ်မှတ်ချက်ကြောင့် နုတ်ထွက်လိုက်ရတာ။ Margaret Chan ဆိုရင် WHO မှာ ညွှန်ကြားရေးမှူးချုပ်အဖြစ်နဲ့ လုပ်ခဲ့တာ။ ဒါပေမဲ့ ၅ နှစ် သက်တမ်း ၂ ကြိမ် ပြည့်သွားတော့ နုတ်ထွက်လိုက်ရပါတယ်။ ပြီးတော့ သူတို့ရဲ့ နေရာတွေကို အမျိုးသားတွေနဲ့ အစားထိုးခံလိုက်ရတယ်။

Melinda Gates

 

လေ့လာမှုအသစ်တစ်ရပ်ရဲ့ အဆိုအရ အကျိုးအမြတ်မမျှော်ကိုးတဲ့လုပ်ငန်းနယ်ပယ်ထဲက ဝန်ထမ်း ၇၅ % ဟာ အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ ဆိုတယ်။ CEO တွေထဲက ၄၅ % ကသာလျှင် အမျိုးသမီးတွေ ဖြစ်ကြောင်း ဖော်ပြခဲ့တယ်။ ဘတ်ဂျတ်အားဖြင့် ဒေါ်လာ ၁၀ သန်းနဲ့အထက် ရှိတဲ့ ပရဟိတအဖွဲ့တွေမှာ အမျိုးသမီးတွေဦးဆောင်တယ်ဆိုတာလည်း ၃၃ % သာ ရှိပါတယ်။

Priscilla Chan

 

ပရဟိတနယ်ပယ်မှာ အမျိုးသမီးတွေအနေနဲ့ ခေါင်းဆောင်နေရာက တာဝန်ယူထားရတာဟာလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ GuideStar ရဲ့ 2017 Nonprofit Compensation Report  အစီရင်ခံစာမှာတော့ ဘတ်ဂျတ် ဒေါ်လာ သန်း ၅၀ နဲ့ အထက် ရှိတဲ့ အဖွဲ့အစည်းတွေမှာဆို အမျိုးသား CEO တွေဟာ အမျိုးသမီး CEO တွေထက် ၂၁ % ပိုပြီး လစာပိုရနေတယ်လို့ဆိုတယ်။ လိင်ခွဲခြားမှုနဲ့ လစာကွာဟမှုကတော့ ရှိနေဆဲပါပဲ။ ဒီလိုအခက်အခဲတွေ ကြားထဲမှာတောင် အမျိုးသမီးတွေဟာ ပရဟိတ/ NGOs/ အကျိုးအမြတ်မမျှော်ကိုးတဲ့အဖွဲ့အစည်း နယ်ပယ်တွေမှာ ဦးဆောင်လုပ်ကိုင်နေကြတာကို တွေ့ရဦးမှာပါ။

Drew Gilpin Faust

 

၂၀၁၇ ခုနှစ်အတွက် ပရဟိတ/NGOs/ အကျိုးအမြတ်မမျှော်ကိုးတဲ့လုပ်ငန်းတွေမှာ သြဇာအကြီးမားဆုံး အမျိုးသမီးတွေကတော့

၁။ Melinda Gates - Bill & Melinda Gates Foundation တွဲဘက်ဥက္ကဋ္ဌ

၂။ Christine Lagarde -  IMF ရဲ့ မန်နေးဂျင်းဒါရိုက်တာ

၃။ Laurene Powell Jobs -  Emerson Collective တည်ထောင်သူ

၄။ Priscilla Chan - Chan Zuckerberg Iniative တွဲဘက်တည်ထောင်သူ

၅။ Fabiola Gianotti - CERN ရဲ့ ညွှန်ကြားရေးမှူးချုပ်

၆။ Patricia Harris -  Bloomberg Philanthropies ရဲ့ CEO

၇။ Drew Gilpin Faust - President, Harvard University

၈။ Eliza Manningham- Buller, Wellcome Trust

Source : Forbes


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က