In partnership with  logo
Silicon Valley လို နည်းပညာကုမ္မဏီတွေ စုဝေးနေတဲ့ အရပ်မှာဆိုရင် အမှုဆောင်အရာရှိဦးရေရဲ့ (၁၁) ရာခိုင်နှုန်းဝန်းကျင် လောက်ကိုပဲ အမျိုးသမီးတွေ နေရာယူထားနိုင်တာပါ။

လက်ရှိအချိန်မှာတော့ နည်းပညာလောကဆိုတာ အမျိုးသမီးတစ်ယောက် ခြေစုံပစ်ဝင်သင့်တဲ့ နယ်ပယ်တစ်ခုမဟုတ်သေးဘူးလို့ အလွယ်တကူပဲဆိုနိုင်ပါတယ်။ ပြည်တွင်း/ပြည်ပ နည်းပညာလောကမှာ အမျိုးသမီးတွေက လူနည်းစုပဲရှိပါသေးတယ်။ ၁၉၉၅ ခုနှစ်မှာ အမျိုးသမီးတွေဟာ ကွန်ပျူတာသိပ္ပံအလုပ်တွေရဲ့ (၃၇) ရာခိုင်နှုန်းကို ချုပ်ကိုင်ထားနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ (၂၄) ရာခိုင်နှုန်းကိုသာ ရရှိပိုင်ဆိုင်ထားပါတယ်။


 

Silicon Valley လို နည်းပညာကုမ္မဏီတွေ စုဝေးနေတဲ့ အရပ်မှာဆိုရင် အမှုဆောင်အရာရှိဦးရေရဲ့ (၁၁) ရာခိုင်နှုန်းဝန်းကျင် လောက်ကိုပဲ အမျိုးသမီးတွေ နေရာယူထားနိုင်တာပါ။ လိင်ခွဲခြားဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး ထုတ်ဖော်ဖွင့်ဟမှုတွေ ပေါ်ပေါက်လာ ခဲ့ပြီးတဲ့နောက် (ဥပမာ အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဘာလို့အားနည်းရတာလဲဆိုပြီး

မူဝါဒကြေညာစာတမ်းတစ်ခု ထုတ်ပြန်ခဲ့တဲ့အတွက် အလုပ်ထုတ်ခံခဲ့ရတဲ့ Google က James Damore ရယ်၊ Uber ကုမ္မဏီရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ လိင်ခွဲခြားဆက်ဆံမှုတွေအကြောင်း ပွင့်ကျလာမှုတို့ရယ်ကို ကြည့်ရင်သိနိုင်ပါတယ်။) နည်းပညာ လောကရဲ့ အကျည်းတန်တဲ့ အားနည်းချက်တွေဟာ မှေးမှိန်ဖျော့တော့တဲ့ အလင်းရောက်အောက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် FORBES မဂ္ဂဇင်းရဲ့ ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီးများ စာရင်းမှာပါဝင်လာတဲ့ နည်းပညာ လောကက အမျိုးသမီး (၁၈) ယောက်ဟာ နည်းပညာလောကကို အပြောင်းအလဲတစ်ခု ဖန်ဆင်းဖို့အတွက် ထိပ်ဆုံးနေရာက ပါဝင်နေခဲ့ပါတယ်။

 

Sheryl Sandberg

နည်းပညာလောကအတွက် သြဇာအကြီးဆုံး အမျိုးသမီးစာရင်းမှာ (၆) နှစ်တိုင်တိုင် ထိပ်ဆုံးက ရပ်တည်နေနိုင်ခဲ့တဲ့ Facebook ရဲ့ COO (Chief Operating Officer) Sheryl Sandberg ကတော့ Forbes မဂ္ဂဇင်းရဲ့သြဇာအကြီးဆုံး အမျိုးသမီးစာရင်းမှာ နံပါတ် (၄) ချိတ်နေပါတယ်။ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ (၅၁၆) ဘီလျံ ရရှိထားတဲ့ Facebook ရဲ့ ဒုတိယသြဇာအကြီးဆုံး အာဏာပိုင် ဖြစ်တဲ့ Sandberg ဟာ လတ်တလောမှာ လူမှုကွန်ရက်ကို အသုံးချပြီး ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှတွေဝင်ရောက် လွှမ်းမိုးခဲ့ခြင်းနဲ့  ပတ်သက်ပြီးတော့ Facebook ကို ဝေဖန်နေကြခြင်းများအပေါ် မီဒီယာမှာရင်ဆိုင် ဖြေရှင်းနေရပါတယ်။

သူမကတော့ Facebook ပေါ်မှာ ပိုပြီးပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ခြင်းဖြင့် ဝါရှင်တန်အစိုးရရဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်မှာ ထိန်းချုပ်မှုတွေကို ရှောင်ရှားနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ သူမရဲ့ Lean In Organization ဟာ အုပ်ချုပ်ရေးပိုင်းမှာ အမျိုးသမီးတွေ လိင်ခွဲခြားဆက်ဆံခံရရေးကို တိုက်ဖျက်ဖို့ ရွှပ်ရွှပ်ချွံချွံ ကြိုးစားနေပါတယ်။

Susan Wojcicki

 

နည်းပညာလောကမှာ သြဇာအကြီးဆုံး အမျိုးသမီးစာရင်းမှာ နံပါတ် (၂) နေရာကရပ်တည်နေသူကတော့ Youtube ရဲ့ Susan Wojcicki ပါပဲ။ သူမဟာ ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံး အမျိုးသမီးစာရင်းမှာလည်း နံပါတ် (၇) ချိတ်ပါတယ်။ သူမဟာ နောက်ပိုင်းမှာ Silicon Valley မှာ လိင်ပိုင်းဆိုင်ရာကွာဟမှုတွေ ရှိနေတဲ့အကြောင်းကို တရားဝင်ထုတ်ဖော် ပြောကြားခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ Youtube ကို လက်ပြောင်းယူပြီးနောက်ပိုင်းမှာ သူမဟာ Youtube ရဲ့ အမျိုးသမီးဝန်ထမ်းဦးရေကို ၂၄ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Google မှာလုပ်ကိုင်နေသူ အမျိုးသမီးဦးရေကိုလည်း (၁) ရာခိုင်နှုန်းမှ (၃၁) ရာခိုင်နှုန်းထိ တိုးမြှင့်ခဲ့ပါတယ်။

Kristen Green

 

အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးတဲ့ သြဇာအကြီးဆုံး နည်းပညာသမား အမျိုးသမီး နောက်တစ်ဦးကတော့ လူသစ်တစ်ဦးဖြစ်တဲ့ Kristen Green ပါပဲ။ ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီး စာရင်းထဲမှာ နံပါတ် (၉၅) ပဲ ချိတ်ပေမယ့် Green ဟာ သူမရဲ့ Forerunner Ventures ဆိုတဲ့ အဖွဲ့အစည်းမှတဆင့် အမျိုးသမီးဦးဆောင်တဲ့ နည်းပညာ startup ကုမ္မဏီငယ်လေးတွေကို ကျောထောက်နောက်ခံပေးနေပါတယ်။

သူမဟာ Birchbox နဲ့ Glossier တို့လို ကုမ္မဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့နှစ်တွေတုန်းက အကြီးဆုံး e-commerce ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ Jet.com နဲ့ Dollar Shave Club စတဲ့ကုမ္မဏီတွေကိုလည်း အထောက်အကူပေးခဲ့ပါတယ်။ သူမရဲ့အဖွဲ့အစည်းထဲက အဖွဲ့ဝင် (၇) ဦးမှာ (၆) ဦးက အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

 

အာရှတိုက်မှာတော့ အမျိုးသမီးတွေဟာ စွန့်ဦးတီထွင် လုပ်ငန်းရှင်အပိုင်းကို ပိုမိုပါဝင်လုပ်ဆောင်လာကြပါတယ်။ လေ့လာမှုတစ်ခု အရဆိုရင် တရုတ်နိုင်ငံက အင်တာနက် startup ကုမ္မဏီ တစ်ဝက်ကျော်လောက်က အမျိုးသမီးတွေ ဦးဆောင်နေတာဖြစ်ပါတယ်။ အဲဒီထဲမှာ အထင်ရှားဆုံးကတော့ ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီးစာရင်းထဲမှာ နံပါတ် (၄၀) နေရာကို ယူထားတဲ့ Jean Liu ပဲ ဖြစ်ပါတယ်။ Jean Liu ဟာ တရုတ်နိုင်ငံက တက်စီထိန်းချုပ်ရေး app တစ်မျိုးဖြစ်တဲ့ Didi Chuxing ဟာ တရုတ်နိုင်ငံမှာတော့ Uber ကို အနိုင်တိုက်နိုင်လိုက်တဲ့ app တစ်မျိုးပဲဖြစ်ပါတယ်။

Liu ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် Uber ရဲ့ Travis Kalanick ဟာ Uber ရဲ့ တရုတ်အော်ပရေးရှင်းအားလုံးကို Liu ဆီမှာ သူမကုမ္မဏီ ရှယ်ယာရဲ့ (၂၀) ရာခိုင်နှုန်းနဲ့ လဲလှယ်ဖို့ သဘောတူလိုက်ရပါတယ်။ ဒါက နည်းပညာလောကမှာ အမျိုးသမီးစွမ်းဆောင်ရှင်တွေရဲ့ စွမ်းဆောင်ရည်တွေပဲ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် နည်းပညာလောကမှာ သြဇာအကြီးဆုံး အမျိုးသမီးတွေကတော့....

၁။ Sheryl Sandberg - Facebook ရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် (COO)

၂။ Susan Wojcicki - YouTube ရဲ့ အမှုဆောင်အရာရှိချုပ် (CEO)

၃။ Ginni Rometty - IBM ကုမ္မဏီရဲ့ အမှုဆောင်အရာရှိချုပ် (CEO)

၄။ Meg Whitman - HP ကုမ္မဏီရဲ့ အမှုဆောင်အရာရှိချုပ် (CEO)

၅။ Angela Ahrendts - Apple ကုမ္မဏီရဲ့ စီနီယာ ဒုဥက္ကဋ္ဌ (VP)

၆။ Safra Catz - Oracle ကုမ္မဏီရဲ့ ပူးတွဲအမှုဆောင်အရာရှိချုပ် (CEO)

၇။ Ruth Porat - Alphabet ကုမ္မဏီရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် (CFO)

၈။ Lucy Peng - Alibaba ကုမ္မဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌ (CEO)

၉။ Amy Hood - Microsoft ကုမ္မဏီရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် (CFO)

၁၀။ Jean Liu- Didi Chuxing ရဲ့ ဥက္ကဋ္ဌ

၁၁။ Roshni Nadar Malhotra- HCL Technologies ရဲ့ အမှုဆောင်အရာရှိချုပ်

၁၂။ Gwynne Shotwell - SpaceX ရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် (COO)

၁၃။ Solina Cahu Hoi Shuen - Li Ka Shing ဖောင်ဒေးရှင်းရဲ့ဒါရိုက်တာ

၁၄။ Lam Wai Ying- Biel Crystal ရဲ့ ဥက္ကဋ္ဌ

၁၅။ Mary Meeker - Kleiner Perkins Caufield & Byers ရဲ့စီးပွားရေးလုပ်ငန်း ပါတနာ

၁၆။ Jenny Lee - GGV Capital ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပါတနာ

၁၇။ Kirsten Green - Forerunner Ventures ရဲ့တည်ထောင်သူ

၁၈။ Belinda Johnson - Airbnb ရဲ့စီးပွားရေးလုပ်ငန်းဆိုင်ရာ အကြီးအကဲ တို့ပဲဖြစ်ကြပါတယ်။

Source: Forbes


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က