In partnership with  logo
ကိုယ့်ကိုမိဘတွေက ဘာလို့ချုပ်ခြယ်ကြတာလဲဆိုတာ အရင်စဉ်းစားကြည့်ရအောင်။

ကိုယ်အရမ်းကြည့်ချင်တဲ့ ရှိုးပွဲကို သူငယ်ချင်းတွေကသွားပြီး ပုံတွေတင်နေတာကို မြင်ရတာ ဘယ်လောက်အသည်းယားဖို့ကောင်းလိုက်တဲ့ ခံစားချက်မျိုးလဲဆိုတာ ညီမလေးတို့ သိမှာပါ။ မြန်မာနိုင်ငံက မိန်းကလေးတွေဟာ မိဘရဲ့အုပ်ထိန်းမှုကို အရွယ်ရောက်ပြီးချိန်ထိ လက်ခံနေရတာလေ။ စိုးရိမ်ကြီးလွန်းတဲ့ မိဘတွေကြောင့် လူငယ်ဘဝ ဆုံးရှုံးနေရတယ်လို့ ခံစားမိနေပြီလား။ အိမ်က အပြင်ပေးမထွက်လို့ အပြင်ထွက်ခွင့်ရအောင် ဘယ်လိုတောင်းဆိုကြမလဲဆိုတာ မဒီက အကြံဉာဏ်နည်းနည်း ပေးလိုက်ချင်ပါတယ်။

 

ကိုယ့်ကိုမိဘတွေက ဘာလို့ချုပ်ခြယ်ကြတာလဲဆိုတာ အရင်စဉ်းစားကြည့်ရအောင်။ မိဘဆိုတာမျိုးက သားသမီးတွေ အသက်ဘယ်လောက်ကြီးကြီး ကလေးလေးလို့ပဲ မြင်တတ်ကြတာလေ။ စိုးရိမ်လွန်တဲ့ မိဘက ကိုယ့်ကိုစိတ်မချနိုင်ဖြစ်နေတာပါ။ ဒါကို နားလည်ပေးလိုက်ပါ။ မိဘတွေကို စိတ်ဆိုး အမုန်းပွားနေရတာမျိုး အဖြစ်မခံပါနဲ့။

စိုးရိမ်လွန်နေတဲ့ မိဘတွေ ကိုယ့်ကို စိုးရိမ်လွန်ပြီး ချုပ်ခြယ်တာမျိုး မဖြစ်ချင်ဘူးဆိုရင် ညီမလေးအနေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သူဖြစ်အောင်လုပ်ရမယ်။ အရာရာ မိဘကို အားကိုးနေရတာမျိုးဆိုရင် မိဘက ဘယ်စိတ်ချပါ့မလဲ။ ကလေးမဟုတ်တော့ဘူးဆိုရင် ကလေးလေးလို မနေနဲ့တော့လေ။ မိဘဆီက မုန့်ဖိုးလေးတောင်းပြီး ဘာမှမသိ၊ ဘာမှနားမလည် အပျော်ပဲမက်နေတာမျိုးဆို ပိုချုပ်ခြယ်ခံရ၊ အဆူခံရဖို့ပဲရှိမှာပါ။

 

နောက်တစ်ခုကတော့ ကိုယ်လိုချင်တာကို ဖြည်းဖြည်းချင်း တောင်းဆိုဖို့ပါပဲ။ တစ်ခါမှ ညအိပ်ခရီး မသွားဖူးဘဲနဲ့ ရုတ်တရက်ကြီး ပြောလိုက်ရင် မိဘတွေက မလွှတ်ဘူး။ လတ်တလောတော့ အိမ်မှာပဲ နေလိုက်ပါဦး။ အိမ်မှာနေပြီး မိဘစကားနားထောင်သူလေး လုပ်လိုက်ပါ။ အိမ်ကနေ ဘယ်မှမသွားဘဲ လေ့လာသင်ယူလို့ရတာတွေကို လုပ်နေလိုက်ပါ။ စာဖတ်တာ၊ ဟင်းချက်တာ၊ အချုပ်အလုပ်နဲ့ အိမ်ကိစ္စလေးတွေကို အာရုံစိုက်ထားလိုက်တာလည်း ကိုယ့်အတွက် ကောင်းတာပဲ။

မိဘဆီက ယုံကြည်မှု ရလာအောင်နေပြတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီအတွက် မိဘကို လိမ်ညာပြီး ခိုးထွက်တာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ့်ကို စိတ်ချလက်ချနဲ့ ခွင့်ပြုအောင် သွားစရာရှိတာသွားပြီး ပြဿနာမဖြစ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ်မထိခိုက်စေဘဲ ပျော်ခဲ့ပြီးရင် အိမ်ကို ပြန်လာပါ။ သွားမယ်လို့ပြောတဲ့နေရာကိုသွားပြီးရင် ပြန်ရောက်မယ့်အချိန် ရောက်အောင်ပြန်သွားမှ နောက်ထပ် သွားခွင့်ရမှာလေ။ အဓိက အရေးကြီးဆုံးကတော့ ကိုယ်က ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်နိုင်သူဖြစ်ပြီး ကိုယ်သွားချင်တဲ့နေရာကလည်း အန္တရာယ်ကင်းတယ်ဆိုတာကို မိဘတွေ သိသွားဖို့ပါပဲ။ ဒါဆိုရင် EDM ပွဲတွေရော ရှိုးပွဲတွေကိုရော သူငယ်ချင်းတွေနဲ့ ခရီးသွားတာတွေကိုရော မိဘက စိတ်ချလက်ချ လွှတ်ပါလိမ့်မယ်နော်။

Share

Loading Next Article...
က္က