In partnership with  logo
3.5 GPA တောင် ရရှိပြီး အမှတ်တွေ အများကြီးနဲ့ အောင်သွားခဲ့တယ်လို့ သိရတယ်။

အမေရိကန်ပြည်ထောင်စု၊ Missouri ပြည်နယ်က ကောလိပ်ကျောင်းသူလေးတစ်ဦးဟာ မီးဖွားဖို့ ဆေးရုံတင်ထားရချိန်မှာ ဆေးရုံကုတင်ပေါ်ကနေ ဖိုင်နယ်စာမေးပွဲကို ဖြေဆိုသွားခဲ့ပါတယ်။ Nayzia Thomas ဟာ ကျောင်းစာအုပ်ကို ဘေးမှာထား laptop ကို အာရုံစိုက်ကြည့်နေတဲ့ ကုတင်ပေါ်ကပုံကို တွစ်တာပေါ်မှာ တင်ခဲ့တယ်။ မီးဖွားခါနီးအချိန်မှာတောင် စာကိုအာရုံစိုက်ပြီး စာမေးပွဲဖြေနေခဲ့တာပါ။

 

Johnson County Community College ကျောင်းသူလေး နေဇီယာဟာ သူမရဲ့ မေဂျာဖိုင်နယ် ပရော့ဂျက်အတွက် အပြီးမသတ်ရသေးခင်မှာပဲ မီးဖွားဖို့ ဖြစ်လာခဲ့တယ်။ ကျောင်းမပြီးမယ့် အဖြစ်မျိုးကို မလိုချင်တဲ့ နေဇီယာဟာ assignment ကို အချိန်မီပြီးအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြီးတော့ မီးဖွားခါနီးအချိန်ထိအောင် စာမေးပွဲအတွက် assignment ကို အပြီးသတ်တင်နိုင်ခဲ့ပါတယ်။

နေဇီယာ စာလုပ်နေတဲ့ပုံကို မိခင်ဖြစ်သူက ဓာတ်ပုံရိုက်ထားခဲ့ပြီး အဲ့ဒီပုံကို တွစ်တာပေါ်တင်လိုက်တဲ့အခါ like လုပ်သူ တစ်သိန်းကျော်ခဲ့ပြီး retweet ပြန်လုပ်သူ နှစ်သောင်းကျော် ရှိခဲ့တယ်။ နေဇီယာကို ချီးမွမ်းတဲ့စကားတွေလည်း အများကြီး လာပြောကြတယ်။

 

Assignment နောက်ဆုံးရက်က ဒီဇင်ဘာ ၁၁ ရက်ဖြစ်တာမို့ ဆေးရုံကုတင်ပေါ်ကနေ အမြန်အဆန်ပဲ တင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၂ ရက်မှာတော့ နေဇီယာက ကျန်းမာတဲ့ သားလေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့ပါတယ်။ စာမေးပွဲရလဒ်ထွက်လာတော့လည်း နေဇီယာက 3.5 GPA တောင် ရရှိပြီး အမှတ်တွေ အများကြီးနဲ့ အောင်သွားခဲ့တယ်လို့ သိရတယ်။

Source : NY Post


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က