In partnership with  logo
ကမ္ဘာပေါ်မှာကော၊ ပြည်တွင်းမှာပါ စွန့်ဦးတီထွင်လုပ်ငန်းရှင် (entrepreneur) တွေများစွာ ထွက်ပေါ်နေကြပေမယ့် ဒီနယ်ပယ် ထဲမှာလည်း လိင်ပိုင်းဆိုင်ရာ ကွဲပြားမှုက ရှိနေဆဲဖြစ်ပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆိုတာ ဘယ်သူမှ မတွေ့ရှိသေးတဲ့ နယ်ပယ်သစ်၊ လုပ်ငန်းသစ်ကို ရှာဖွေလုပ်ကိုင်နိုင်တဲ့ သူတွြေ့ဖစ်ပါတယ်။ ကမ္ဘာပေါ်မှာကော၊ ပြည်တွင်းမှာပါ စွန့်ဦးတီထွင်လုပ်ငန်းရှင် (entrepreneur) တွေများစွာ ထွက်ပေါ်နေကြပေမယ့် ဒီနယ်ပယ် ထဲမှာလည်း လိင်ပိုင်းဆိုင်ရာ ကွဲပြားမှုက ရှိနေဆဲဖြစ်ပါတယ်။ လိင်ကွဲပြားမှုကွက်လပ်က တဖြည်းဖြည်းကျဉ်းမြောင်းလာပြီ ဖြစ်ပေမယ့် ရှိနေဆဲတော့ ဖြစ်ပါတယ်။


 

NatWest က ပြုလုပ်ထားတဲ့ ဒေတာတွေအရဆိုရင် ကနေဒါနိုင်ငံဟာ အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင် (၁၃.၅) ရာခိုင်နှုန်း၊ အင်္ဂလန်နိုင်ငံက အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင် (၄.၇) ရာခိုင်နှုန်းတို့နဲ့ ရပ်တည်နေပါတယ်တဲ့။ ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် ကိန်းဂဏန်းတွေက ခုလိုနည်းပါးနေမယ်ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် ပိုပြီးနည်းမယ်ဆိုတာကတော့ သံသယဖြစ်ဖွယ်တောင် မရှိပါဘူး။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်သင့်ပါသလဲ။

Independent UK မှ ပြုလုပ်ခဲ့တဲ့ ပရောဂျက်တစ်ခုကတော့ စွန့်ဦးတီထွင်နယ်ပယ်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အရာတွေနဲ့ ပတ်သက်ပြီး အမြင်သစ်တွေကို ဖွင့်ပေးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက စတင်လှုပ်ရှားခဲ့တဲ့ The J&B Hive ဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ ထရိန်နင်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ဒီပရိုဂရမ်ကို အမျိုးသမီးတွေ ဝင်ရောက်မှုက (၂၀) ရာခိုင်နှုန်း ထိုးကျသွားတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါဟာလည်း လက်တွေ့လုပ်ဆောင်ရာမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကြောင့်လို့ ဆိုပါတယ်။

 

လုပ်ဆောင်ရမယ့် ပထမဦးဆုံးအချက်ကတော့ အမျိုးသမီး စွန့်ဦးတီထွင်သူတွေကို ထောက်ပံ့ပေးဖို့၊ စိတ်ပိုင်းဆိုင်ရာ ထောက်ခံအားပေးဖို့အတွက် အမျိုးသမီးတွေကို ရှေ့တန်းပိုတင်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ သုတေသနပြုလုပ်ချက်တွေအရတော့ ကျားကြီးစိုးတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အမျိုးသမီးတွေ အလုပ်လုပ်ကိုင်ရတာ ကိုယ်စွမ်းကိုယ်စ အပြည့်အဝ မဖော်ထုတ်နိုင်ခြင်းနဲ့ သူတို့ရှေ့က စံပြပုဂ္ဂိုလ်တွေရဲ့ ခြေရာကိုနင်းဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရခြင်းတို့ကို ကြုံတွေ့ရပါသတဲ့။

ဒီပြဿနာအတွက် ရေရှည်ဖြေရှင်းနည်းကတော့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်ထဲမှာ အမျိုးသမီးဦးရေ ပိုမိုထားရှိရေး၊ အုပ်ချုပ်ရေးပိုင်းနဲ့ လက်တွေ့အော်ပရေးရှင်းပိုင်းမှာ အမျိုးသမီးစွမ်းဆောင်ရှင်များ ပိုမိုထားရှိရေးတို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး စိတ်ဓာတ်မြှင့်တင်ရေး ပွဲတွေနဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေကို ပိုမိုထည့်သွင်းလာရေးတို့ပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေဟာ အခွင့်အလမ်းနဲ့ တက်လမ်းကို ရှာဖွေပုံ ရှာဖွေနည်းခြင်း မတူညီတာကိုလည်း တွေ့ရှိရပါတယ်။ အမျိုးသမီးတွေက ကျရှုံးနိုင်ခြေနည်းပါးတဲ့ အခွင့်အလမ်းတွေကိုမှ ပိုမိုဝင်ရောက် ဆုပ်ကိုင်လိုကြပြီး ရေရှည်အကျိုးအမြတ်ထက် ရေတိုအကျိုးအမြတ်ကို ပိုမိုစိတ်ဝင်စားကြပါတယ်။

ဒါကြောင့် သူတို့ဟာ အထက်ဖော်ပြပါ ပရိုဂရမ်ကို မဝင်ရောက်မီ ပရိုဂရမ်ရဲ့ သဘောသဘာဝနဲ့ အောင်မြင်မှုနှုန်းတွေကို တိုင်းထွာကြပါတယ်။ နောက်ပြီးမှ သူတို့ရဲ့လုပ်ငန်းတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံပြီး တိုးချဲ့မှုအသစ် ပြုလုပ်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလား ဆိုတာကို စဉ်းစားကြပါတယ်။ အဲဒီလို စူးစမ်းမှုများပြားတဲ့ ချဉ်းကပ်မှုဟာ ယုံကြည်မှုနည်းပါးရာတော့ ရောက်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့လုပ်ရပ်တွေကိုကြည့်ပြီး လုပ်ငန်းနဲ့ပတ်သက်တဲ့ ချဉ်းကပ်ပုံ အသစ်အဆန်းတွေကိုလည်း ပိုမိုနားလည်လာရပါတယ်။

 

နောက်တစ်ခုကတော့ ရင်းနှီးမြှုပ်နှံသူတွေကြားမှာလည်း မသိမသာဘက်လိုက်မှုလေးတွေ ရှိနေတာပါပဲ။ ဟားဗတ်စီးပွားရေး ကျောင်းရဲ့အဆိုအရ sales pitch (လုပ်ငန်းသဘောအကြောင်း တင်ပြချက်) ချင်း တူညီရင်တောင် အမျိုးသား စွန့်ဦးတီထွင်သူတွေဟာ အမျိုးသမီးတွေထက် ရင်းနှီးမြှုပ်နှံငွေ ရရှိနိုင်ခြေ (၆၀) ရာခိုင်နှုန်း ပိုများတယ်လို့ဆိုထားပါတယ်။ ရင်းနှီးမြှုပ်နှံသူဘက်က ကြည့်ရင်လည်း သူ့ရဲ့ပိုက်ဆံတွေကို မရေရာမှုများပြားတဲ့ လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံချင်မှာ မဟုတ်ပါဘူး။

ုဖြစ်သင့်တာကတော့ စွန့်ဦးတီထွင်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြရာမှာ လိင်ခွဲခြားဆက်ဆံမှုတွေထက် လုပ်ငန်းအိုင်ဒီယာပေါ် အခြေခံပြီး စဉ်းစားတတ်ကြတဲ့ ဓလေ့လေး မွေးမြူတတ်ကြဖို့ပါပဲ။ ဒီအတွက် ကမ္ဘာတဝှမ်းလုံးမှာ အမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ပိုမိုပေါ်ပေါက်လာဖို့ လိုအပ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာတော့ အမျိုးသမီးဦးဆောင်တဲ့ လုပ်ငန်းတွေ (၃၀) ရာခိုင်နှုန်းထိ တိုးတက်လာပါတယ်။

ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ခုဖြစ်ပြီး ဆက်လက်များပြားလာအောင်လည်း တွန်းအားပေးဖို့လိုပါလိမ့်မယ်။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကိုသာ နေသားတကျ အပြည့်အဝအသုံးချနိုင်မယ်ဆိုရင် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းရဲ့ စီးပွားရေးအခြေအနေက များစွာတိုးတက်လာမှာ အမှန်ပါပဲ။

Source: Independent UK


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က