In partnership with  logo
ကမ္ဘာပေါ်မှာ အမျိုးသမီး အုပ်ချုပ်တဲ့ နိုင်ငံတွေ ပိုများလာပြီဖြစ်သလို ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံး စီးပွားရေးလုပ်ငန်းကြီးတွေကို ဦးစားဦးဆောင်ပြုတဲ့ နေရာမှာလည်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးပါလာပါပြီ။

၂၁ ရာစုမှာ အမျိုးသမီးတွေဟာ နေရာတိုင်းမှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းဖို့ ကြိုးစားနေကြပါပြီ။ ကမ္ဘာပေါ်မှာ အမျိုးသမီး အုပ်ချုပ်တဲ့ နိုင်ငံတွေ ပိုများလာပြီဖြစ်သလို ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံး စီးပွားရေးလုပ်ငန်းကြီးတွေကို ဦးစားဦးဆောင်ပြုတဲ့ နေရာမှာလည်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးပါလာပါပြီ။



အရင်ခေတ်ကလို အိမ်ထောင်တစ်ခုမှာ အဓိကဝင်ငွေရှာသူက အမျိုးသားဖြစ်နေတော့ အမျိုးသားအပ်သမျှ ပိုက်ဆံကိုပဲ လောက်အောင်သုံး၊ အငယ်အနှောင်းထားရင်တောင် ပြန်မပြောရဲတဲ့ ဘဝမျိုးတွေ ဒီခေတ်မှာ မရှိတော့ပါဘူး။ အိမ်မှာနေရင်း လုပ်လို့ရတဲ့ အလုပ်တွေ အများကြီးရှိနေပြီဖြစ်လို့ အမျိုးသမီးတွေလည်း ယောကျ်ားတွေနဲ့တန်းတူ ဝင်ငွေရှာနိုင်နေပါပြီ။ အမျိုးသမီးတွေ အိမ်မှာနေရင်း လုပ်လို့ရတဲ့ အလုပ်တွေကတော့....

၁။ ဘလော့ဂ်ရေးခြင်း

bossfight-co-boss-fight-free-high-quality-stock-images-photos-photography-woman-macbook-pro-960x669-880x613.jpg 

အိမ်မှုကိစ္စတွေ လုပ်နေရတဲ့ မိခင်တွေမှာ အိမ်ထောင့်ဝေယျာဝစ္စ၊ သားသမီးဝေယျာဝစ္စတွေပြီးရင် နေ့ခင်းနေ့လည် နားနားနေနေ နေချိန်လေးတော့ ရှိမှာပါ။ အဲဒီအချိန်မှာ မိမိကြုံတွေ့နေရတဲ့ ဘဝအတွေ့အကြုံတွေကို စီကာပတ်ကုံး ရေးပြတတ်ရင် ဘလော့ဂ်တစ်ခုထောင်ပြီး စာရေးခြင်းက အကောင်းဆုံးပါပဲ။ ဒါမှမဟုတ်ရင်လည်း ကင်မရာလေးတစ်လုံးထောင်ပြီး ဟင်းချက်နည်းလေးတွေကို ဗီဒီယိုရိုက်ပြီး Youtube တို့၊ Facebook တို့ပေါ်တင်ပေါ့။

မိမိရဲ့ဘလော့ဂ်မှာ စာဖတ်သူများလာရင် ကြော်ငြာရှင်တွေက ဆက်သွယ်လာနိုင်သလို Youtube တို့၊ Facebook တို့လို လူမှုကွန်ရက် တွေပေါ်မှာ ကြည့်ရှုသူများလာရင်လည်း ကြော်ငြာခထိုင်စားရုံပါပဲ။ ဒါ့အပြင် မိမိရဲ့စာအရေးအသားကို နှစ်သက်တဲ့ ကြော်ငြာ အေဂျင်စီတွေက ဆက်သွယ်လာပြီ ကြော်ငြာစာသားရေးခြင်း (copywriting) အလုပ်တွေအတွက် ဆက်သွယ်လာနိုင် ပါသေးတယ်။

၂။ Customer Care အလုပ်

image.jpg 

လူမှုကွန်ရက်ပေါ်မှာ post တင်တာ၊ လူထောက်ခံမှုများပြားတဲ့ ကောမန့် (comment) လေးတွေ ရေးတတ်တာက ဝင်ငွေ လမ်းကြောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ တွေးမိချင်မှ တွေးမိမှာပါ။ ဒါပေမယ့် ဒါဟာ သင့်အတွက် အိမ်မှာနေရင်း လုပ်နိုင်တဲ့ အလုပ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ တချို့စီးပွားရေးလုပ်ငန်းတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေဟာ လူစိတ်ဝင်စားမှု များပြားပြီး ဝင်ရောက်မှတ်ချက်ပေးသူ တွေရဲ့အသံကို နားထောင်ဖို့အတွက် (ဒါမှမဟုတ်) တုံ့ပြန်ဖို့အတွက် လူလိုပါတယ်။ အဲဒီလို customer care အတွက် ဝန်ထမ်းတစ်ယောက် သက်သက်ခန့်ထားဖို့ မလိုပါဘူး။ စာအရေးအသား ကျွမ်းကျင်ပြီး အပြောအဆိုညက်မယ်ဆိုရင် အိမ်မှုကိစ္စတွေလုပ်ရင်း customer care အလုပ်တွေကို လုပ်လို့ရပါတယ်။

၃။ ဂရပ်ဖစ်ဒီဇိုင်နာ

Macbook-Pro-Office-Mockup.jpg 

Freelance ယူလုပ်လို့ရတဲ့ နောက်ထပ်အလုပ်တစ်ခုကတော့ Photoshop တို့၊ Illustrator တို့သုံးပြီး စီးပွားရေးလုပ်ငန်းတွေအတွက် ဂရပ်ဖစ်ရုပ်ပုံတွေ ရေးဆွဲပေးတဲ့အလုပ်ပါပဲ။ ယနေ့ခေတ် စီးပွားရေး လုပ်ငန်းတွေမှာ ကြော်ငြာဆိုင်းဘုတ်တွေ၊ လက်ကမ်းစာစောင်တွေ၊ လူမှုကွန်ရက်စာမျက်နှာတွေအတွက် ဂရပ်ဖစ်ရုပ်ပုံတွေ ဖန်တီးဖို့လိုလာပါတယ်။ တကယ်လို့ သင့်မှာ ကွန်ပျူတာကောင်းကောင်း တစ်လုံးနဲ့ ဂရပ်ဖစ်ရုပ်ပုံတွေကို ဖန်တီးနိုင်တဲ့ အစွမ်းရှိမယ်ဆိုရင် ဒီအလုပ်က သင့်အတွက်ပါပဲ။

၄။ စာရင်းကိုင်

Lismore-Ballina-Bookkeeper-Casino.jpg 

တချို့စီးပွားရေး လုပ်ငန်းအသေးလေးတွေက စာရင်းကိုင်ရာထူး သီးသန့်မထားတော့ပါဘူး။ အပြင်က ကျွမ်းကျင်ပညာရှင်တစ်ဦးကို အချိန်ပိုင်းခေါ်ပြီး စာရင်းတွက်ခိုင်းတတ်ပါတယ်။ တကယ်လို့ သင့်မှာသာ စာရင်းကိုင်ပညာနဲ့ ပတ်သက်တဲ့ ဘွဲ့လက်မှတ်နဲ့ ကျွမ်းကျင်မှု ရှိမယ်ဆိုရင် အချိန်ပိုင်းစာရင်းကိုင် အလုပ်ကို ရွေးချယ်နိုင်ပါတယ်။ ပရော်ဖက်ရှင်နယ် ဆန်ဆန်နဲ့ အလုပ်ကို တိကျမှန်ကန်စွာ လုပ်နိုင်ရင် စီးပွားရေးလုပ်ငန်းအများအပြားက ယုံယုံကြည်ကြည်နဲ့ အလုပ်အပ်ကြမှာပါ။

၅။ အိမ်မှာလုပ်တဲ့ ပစ္စည်းလေးတွေ အွန်လိုင်းမှာရောင်းမယ်

Woman-Working-on-MacBook-Pro-Mockup-Free-PSD-853x572.jpg 

ကိုယ်တိုင်လုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေ၊ သိုးမွှေးထည်လေးတွေ၊ ခေါင်းအုံးလေးတွေ၊ အရုပ်လေးတွေ၊ ကိုယ်တိုင်လုပ်မုန့် လေးတွေကို အွန်လိုင်းပေါ်မှာ တင်ရောင်းတာကလည်း အိမ်တွင်းအောင်းနေရတဲ့ မိခင်တွေ လုပ်လို့ရတဲ့ အလုပ်တစ်ခုပါပဲ။ အခုဆိုရင် အဲဒီလို တင်ပြီးရောင်းလို့ရတဲ့ လူမှုကွန်ရက် group တွေ အများကြီးရှိသလို app တွေလည်း အများကြီးရှိပါတယ်။ မိမိမှာသာ သူများထက်ထူးခြားတဲ့ လက်မှုစွမ်းရည် (သို့) အချက်အပြုတ်စွမ်းရည်တစ်ခု ရှိနေမယ်ဆိုရင် အသေးစားလုပ်ငန်းလေးတစ်ခုကို အိမ်တွင်းမှာ ထူထောင်လိုက်တာနဲ့ အတူတူပါပဲ။

Source: Lifeasmama


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က