In partnership with  logo
တစ်ယောက်တည်းခရီးထွက်တယ်ဆိုတိုင်းလည်း ချစ်သူရည်းစားမရှိ၊ အိမ်ထောင်မရှိတဲ့ သင်းကွဲတွေလို့ မထင်လိုက်ပါနဲ့။

ခရီးသွားဝါသနာပါသူတွေ၊ ဘလော့ဂါတွေထဲမှာ တစ်ကိုယ်တည်း ခရီးသွားတတ်တဲ့ အမျိုးသမီးဦးရေဟာ ပိုပိုပြီး များလာနေတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ ခရီးသွားအိပ်မက်တွေကို ပိုပြီးအကောင်အထည်ဖော်လာနေကြတဲ့သဘောပါပဲ။ မိန်းကလေးတစ်ယောက်တည်း ခရီးသွားတဲ့အပေါ် တချို့တွေက အမြင်မှားနေတာတွေ ရှိတတ်တယ်။ တစ်ကိုယ်တော် ခရီးသွားတတ်တဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဒါလေးတွေ သိထားစေချင်ပါတယ်။

၁။ သူငယ်ချင်းတွေရှိပါတယ်

97.jpg 

ခရီးသွားတာ အပေါင်းအသင်းတွေမပါဘဲ တစ်ယောက်တည်းမို့လို့ အပေါင်းအသင်းမရှိဘူးလို့ မထင်လိုက်ပါနဲ့။ သူငယ်ချင်းတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့က အိမ်ထောင်တွေ၊ ကလေးတွေ၊ အလုပ်တွေနဲ့ မအားလပ်ကြတော့လည်း ကိုယ့်ဘာသာ ထွက်လာလိုက်တာပဲ။ ခရီးအရမ်းသွားချင်လာပြီဆို ဘယ်သူ့ကိုမှ မစောင့်ချင်တော့လို့ တစ်ကိုယ်တော်ခရီးထွက်တာလည်း ဖြစ်နိုင်တယ်။

၂။ အာရုံစိုက်ခံချင်လို့မဟုတ်

ခရီးသွားနေချိန်မှာ တစ်ယောက်တည်း ရထားစောင့်နေတာ၊ တစ်ခုခုလုပ်နေတာတွေက လူတွေအာရုံစိုက်ခံချင်လို့ မဟုတ်ပါဘူး။ တစ်ယောက်တည်းခရီးထွက်တယ်ဆိုတိုင်းလည်း ချစ်သူရည်းစားမရှိ၊ အိမ်ထောင်မရှိတဲ့ သင်းကွဲတွေလို့ မထင်လိုက်ပါနဲ့။ တချို့တွေက အလုပ်အကိုင်နဲ့ အိမ်ထောင်နဲ့ ရှိပြီးသားပါ။ တမင်သက်သက်ကို တစ်ယောက်တည်း ခရီးသွားချင်လို့ သွားနေတာ ဖြစ်ပါတယ်။

၃။ အဖွဲ့လိုက်ခရီးမသွားဖူးဘူးလား

26.jpg 

သွားဖူးတာပေါ့။ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ခရီးထွက်ဖူးတယ်။ အဲ့တာက ပျော်စရာကောင်းတယ်ဆိုတာလည်း သိပါတယ်။ တစ်ယောက်တည်း ခရီးသွားချင်စိတ် ပေါ်လာတဲ့အခါမျိုးမှာ တစ်ကိုယ်တော် ခရီးသွားလိုက်ရုံသက်သက်ပါပဲ။

၄။ ဆယ်ဖီဆွဲတာ နားလည်ပါ

တစ်ယောက်တည်းသွားတာဆိုတော့ ဓာတ်ပုံရိုက်ဖို့ဆိုလည်း ကိုယ့်အားကိုယ်ကိုးရတာပဲ။ လူမြင်ကွင်းမှာ selfie stick ကြီး ထုတ်ပြီးတော့ ဆယ်ဖီဆွဲနေတဲ့ ကောင်မလေးတွေကို နားလည်ပေးလိုက်ပါ။ သူ့အနေနဲ့ အမှတ်တရတွေဖြစ်အောင် ဓာတ်ပုံရိုက်နေတာပါ။

၅။ ထင်ထားသလို ကြောက်ဖို့မကောင်းပါဘူး

29.jpg 

တစ်ယောက်တည်းမို့လို့ အန္တရာယ်တွေ ရှိမှာ ကြောက်လန့်မနေပါနဲ့။ အကြောက်လွန်ပြီး ဘာမှမလုပ်ရင် ဘာမှ ဖြစ်လာတော့မှာမဟုတ်ဘူးလေ။ ကိုယ်သွားကြည့်ချင်တယ်ဆိုရင် အရင်ဆုံး သွားမယ့်နေရာအကြောင်းကို စုံစမ်းပါ။ အရေးပေါ် ဖြစ်လာခဲ့ရင် ဘာလုပ်နိုင်မလဲဆိုတာလည်း တစ်ခါတည်း ကြိုပြင်ဆင်ထားပါ။ တစ်ကိုယ်တည်းခရီးသွားနေကြတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။

Source : Huffpost


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က