Su Yee Moe

အမေရိကန်လေကြောင်းလိုင်း လေယာဉ်အမှတ် ၂၁၆၀ ဟာ ဘော့စတွန်မြို့ကထွက်ခွာလာပြီးနောက် ဝါရှင်တန်ဒီစီကို ဆိုက်ရောက်လာခဲ့တယ်။ လေယာဉ်မယ် Bettle Nash ဟာ ခရီးသည်တွေကို လေယာဉ်ပေါ်ကနေဆင်းဖို့အတွက် ကူညီပေးနေခဲ့ပါတယ်။ ခရီးသည်တွေက နက်ရှ်ကို ပွေ့ဖက်နှုတ်ဆက်တယ်၊ ဓာတ်ပုံရိုက်တယ်၊ ကျေးဇူးတင်စကားတွေဆိုကြတယ်။ နက်ရှ်က အသက် ၈၁ နှစ်တောင် ရှိနေပြီလေ။ ဒီလောက်အသက်ကြီးတဲ့ လေယာဉ်မယ်နဲ့အတူ လိုက်ပါစီးနင်းရတာ သူတို့အတွက်တော့ ခံစားချက်တစ်ခုခု ရသွားကြမှာပါ။

478367A200000578-0-image-a-7_1513961929803.jpg 

နက်ရှက်ဟာ လေယာဉ်မယ်အဖြစ်နဲ့ ဆယ်စုနှစ် ၆ ခုကြာ တာဝန်ထမ်းဆောင်လာခဲ့သူ ဖြစ်ပါတယ်။ အသက်အရွယ်အိုမင်းနေပေမဲ့ လေယာဉ်မယ်တစ်ယောက်ရဲ့ စတိုင်လ် အပြည့်အဝနဲ့ လှပနေဆဲပါ။ တက်ကြွပြီး ခွန်အားပြည့်တဲ့ အပြုံးတွေနဲ့ လူတွေကို သူမက နှုတ်ဆက်ပါတယ်။

478367D200000578-0-image-a-3_1513960327560.jpg 

အမေရိကမှာဆိုရင် လေယာဉ်မှူးတွေဟာ အသက် ၆၅ နှစ်မှာ မဖြစ်အနေ ပင်စင်ယူရပါတယ်။ ဒါပေမဲ့ ကော်မာရှယ် လေယာဉ်မယ်တွေကိုတော့ အသက်ကန့်သတ်မထားပါဘူး။ ဒါကြောင့်မို့လို့လည်း နက်ရှက်ဟာ ကမ္ဘာ့အသက်ကြီးဆုံး လေယာဉ်မယ်အဖြစ် ဆက်လက်လုပ်ကိုင်နေနိုင်တာ ဖြစ်ပါလိမ့်မယ်။ သူမအနေနဲ့လည်း ပင်စင်မယူချင်သေးဘူးလို့ ပြောတယ်။

4783679E00000578-0-image-a-4_1513960366021.jpg 

" ကျွန်မရဲ့တစ်နေ့တာကို မနက် ၂ နာရီ ၁၀ မိနစ်မှာ စတင်တယ်။ ကျွန်မမှာ နှိုးစက်နာရီနှစ်ခုရှိတယ်။ အဲ့ဒီနှစ်ခုပိတ်သွားတာနဲ့ ကျွန်မဆက်ပြီး လှဲမနေတော့ဘူး။ ထတော့တာပဲ" လို့ နက်ရှ်က ပြောတယ်။

နက်ရှ်ရဲ့ တစ်ဦးတည်းသောသားလေးက မသန်စွမ်းပုဂ္ဂိုလ်ပါ။ သားအတွက် အစားအစာတွေကို အပြန်မှာ တစ်ခါတည်းပြင်ဆင်သွားတယ်။ သားက သူမ အိမ်ပြန်လာမှာကို စောင့်မျှော်နေမှာလေ။

4783673400000578-0-In_this_undated_picture_from_a_personal_album_courtesy_of_Bette_-a-9_1513961955763.jpg 

လေယာဉ်မယ်အလုပ်ကို စလုပ်တော့ အသက် ၂၁ နှစ်ပဲ ရှိသေးတယ်။ သမ္မတ Dwight Eisenhower လက်ထက်မှာပေါ့။ အဲ့ဒီတုန်းက လေယာဉ်နဲ့ ခရီးသွားတယ်ဆိုတာ လူ့မလိုင်အထက်တန်းလွှာတွေပဲ တတ်နိုင်ကြတာပါ။ အဲ့ဒီအချိန်ကတည်းနေ ခုထိအောင် လေယာဉ်မယ်အလုပ်ကို လုပ်ကိုင်လာခဲ့တော့ အတွေ့အကြုံတွေလည်း အများကြီးရခဲ့တယ်။ လာမယ့် ဒီဇင်ဘာ ၃၁ ရက်ဆို အသက် ၈၂ နှစ် ပြည့်မယ့် လေယာဉ်မယ်ကြီးဟာ ပင်စင်ယူဖို့အကြောင်း မေးတော့ " ကျွန်မ အဲ့တာကို မစဉ်းစားချင်သေးဘူး" လို့ ပြောသွားခဲ့ပါတယ်။

Source : Daily Mail


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က