In partnership with  logo
လန်ဒန်အခြေစိုက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း (NGO) တစ်မျိုးဖြစ်တဲ့ Code First: Girls ဟာ နည်းပညာနယ်ပယ်မှာ အမျိုးသမီးဦးရေ ပိုမိုတိုးတက် မြင့်မားလာစေဖို့ ကုမ္မဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

လန်ဒန်အခြေစိုက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း (NGO) တစ်မျိုးဖြစ်တဲ့ Code First: Girls ဟာ နည်းပညာနယ်ပယ်မှာ အမျိုးသမီးဦးရေ ပိုမိုတိုးတက် မြင့်မားလာစေဖို့ ကုမ္မဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ သူတို့ဟာ မကြာသေးခင်ကမှ Girls 2020 ဆိုတဲ့ campaign တစ်ခုကို စတင်ခဲ့ပြီး သူတို့ရဲ့ဦးတည်ချက်ကတော့ ၂၀၂၀ ခုနှစ်မတိုင်ခင် အမျိုးသမီးဦးရေ (၂၀၀၀၀) ကျော်ကို ပရိုဂရမ်တွေ ဘယ်လိုရေးဆွဲရမလဲ။ coding ဘယ်လိုလုပ်ရမလဲဆိုတာကို သိရှိနားလည် သွားစေဖို့ အလကားပညာသင်ပေးဖို့ပဲ ဖြစ်ပါတယ်။

 

ဒီလိုပြုလုပ်ခဲ့ရတာဟာ ၂၀၁၇ ခုနှစ်အတွင်း ထုတ်ပြန်ချက်တွေနဲ့လည်း ဆိုင်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံက အမျိုးသမီး ပရိုဂရမ်မာနဲ့ ဆော့ဖ်ဝဲရေးဆွဲသူဦးရေ (၁၀) ရာခိုင်နှုန်းမှ (၃.၉) ရာခိုင်နှုန်းထိ လျော့နည်းသွားလို့ပါပဲ။

ဒီအဖွဲ့အစည်းဟာ အမျိုးသမီး (၅၀၀၀) ကျော်ကို coding ရေးတတ်အောင် သင်ပေးခဲ့ပြီးဖြစ်သလို ဗြိတိန်နည်းပညာကဏ္ဍ တိုးတက်စေရေးအတွက် အမျိုးသမီး နည်းပညာစွမ်းဆောင်ရှင်တွေရဲ့ ခွန်အားကို မြှင့်တင်ပေးလိုကြပါတယ်။ ဗြိတိန်နိုင်ငံရဲ့ နည်းပညာကဏ္ဍဟာ စိတ်ကူးသစ်၊ အိပ်မက်သစ်တွေ ကုန်ခမ်းခြင်းကို ရင်ဆိုင်နေရပါတယ်။

 

လွတ်လပ်ကွဲပြားစွာ တွေးခေါ်ပိုင်ခွင့်နဲ့ ဆန်းသစ်တီထွင်မှုတွေကို လိုချင်ရင်တော့ နည်းပညာနယ်ပယ်ထဲက လိင်ခွဲခြား ဆက်ဆံမှုတွေကို အရင်ဖယ်ရှားရမယ်လို့ ဒီအဖွဲ့ဝင်တွေက ယုံကြည်ကြပါတယ်။ အနာဂတ်မျိုးဆက်သစ် အမျိုးသမီးတွေကို သိပ္ပွံ၊ နည်းပညာ၊ အင်ဂျင်နီယာပညာ၊ သင်္ချာကဏ္ဍတို့မှာ လိုက်စားချင်လာအောင် ဖန်တီးဖို့အတွက် လက်ရှိမျိုးဆက်ဝင် အမျိုးသမီးတွေကို လိုအပ်တဲ့ပညာရေး ထောက်ပံ့မှုတွေ ပေးပြီး စံပြပုဂ္ဂိုလ်တွေ ဖြစ်လာရေးကို လုပ်ဆောင်ရမယ်လို့လည်း ယုံကြည်ထားကြပါတယ်။

Code First: Girls အဖွဲ့ဟာ ဒေါ်လာ (၂.၅) သန်းတန်ဖိုးရှိတဲ့ အခမဲ့ပညာရေးတွေကို မျှဝေပေးခဲ့ပြီး ကုမ္မဏီတွေမှာ နည်းပညာပါရမီ ပိုများတဲ့သူတွေ ခန့်နိုင်ရေးအတွက် ကူညီပေးခဲ့ပါတယ်။ သူတို့ရဲ့ ၂၀၂၀ campaign အတွက်လိုအပ်တဲ့ ရံပုံငွေ ဒေါ်လာ (၁.၅) သန်းကို ရရှိဖို့အတွက် သူတို့ဟာ ပူးတွဲပါတနာအဖြစ် ပေါင်းစည်းခြင်းတွေကို ဖိတ်ခေါ်နေသလို Kickstarter app ပေါ်မှာ ရံပုံငွေကောက်ခံခြင်းကိုလည်း ပြုလုပ်နေကြပါတယ်။

 

ဒီအုပ်စုက တက္ကသိုလ်တွေနဲ့ ပရော်ဖက်ရှင်နယ်လယ်ဗယ်တွေအတွက် ပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေကို ရောင်းချပြီး (အသက် (၁၈) နဲ့ (၂၃) ကြား (သို့) ပညာရေးနဲ့ နှစ်နှစ်လောက် ဝေးကွာသွားသူတွေအတွက်တော့ အလကားပေးထားပါတယ်။) ရပ်တည်နေပါတယ်။ နောက်ပြီး Hack Your Career ဆိုတဲ့ အလုပ်အကိုင်ရှာဖွေရေး event ပွဲတွေကိုလည်း ကိုယ်တိုင်စီမံ ခန့်ခွဲနေကြပါတယ်။

သူတို့ရဲ့ အလုပ်အကိုင်ရှာဖွေရေး event တွေမှာ အမျိုးသမီးတွေကို နည်းပညာနယ်ပယ်ထဲက နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ပေးနိုင်ဖို့ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ သူတို့ဟာ Twitter ကုမ္မဏီရဲ့ လန်ဒန်ရုံးချုပ်မှာလည်း နှစ်ပတ်လည် အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပါသေးတယ်။

User Experience (UX) လို့ခေါ်တဲ့ သုံးစွဲသူတွေ အဆင်ပြေ ချောမွေ့စေရေးအတွက် လုပ်ဆောင်ရတဲ့ နည်းပညာနယ်ပယ်မျိုးတွေမှာ သူတို့က မဟာတန်းတွေကိုတောင် ဖွင့်ထားခဲ့ပြီး ကုမ္မဏီကြီးတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်တွေကို ယှဉ်တွဲလုပ်ဆောင် ခဲ့ပါတယ်။ မကြာသေးခင်ကမှ Vodafone ကုမ္မဏီနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ နိုင်ငံပေါင်း (၂၆) နိုင်ငံက အမျိုးသမီးတွေကို ပရိုဂရမ် ဘယ်လိုရေးမလဲ သင်ပေးခဲ့တဲ့ ပရောဂျက်လိုမျိုးပေါ့။

Source: theculturetrip

Share

Loading Next Article...
က္က