In partnership with  logo
ဆရီနာဟာ သြစတြေးလျအိုးပင်း ဆုပေါင်း ၇ ခု ဆွတ်ခူးထားပါတယ်။

တင်းနစ်ချန်ပီယံ ဆရီနာဝီလျှံဟာ သမီးဦးလေးမွေးပြီးနောက် တင်းနစ်လောကကနေ အနားယူထားခဲ့ရာက ပထဆုံးပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်တော့မယ်လို့ သိရပါတယ်။ ယခုသီတင်းပတ်အတွင်း အဘူဒါဘီမြို့မှာ ပြုလုပ်မယ့် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဆရီနာဟာ မီးဖွားပြီးတာ ၄ လသာ ရှိပါသေးတယ်။

 

အသက် ၃၆ နှစ်အရွယ် အမေရိကန်တင်းနစ်မယ် ဆရီနာဟာ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ Mubadala World Tennis Championship ကို ကမ္ဘာ့အဆင့် ၇ တင်းနစ်မယ် Jelena Ostapenko နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Grand Slams ဆုပေါင်း ၂၃ ခု ဆွတ်ခူးထားတဲ့ ဆရီနာကတော့ ပြိုင်ပွဲကွင်းထဲ ပြန်လည်ဝင်ရောက်ဖို့ အရမ်းကြည်နူးနေမိတယ်လို့ ဆိုပါတယ်။ ဆရီနာဟာ သမီးလေး Alexis Olympia Ohanian ကို စက်တင်ဘာလမှ မွေးဖွားထားခဲ့တာပါ။

 

ကမ္ဘာ့နံပတ်တစ် ဖြစ်ခဲ့ဖူးတဲ့ ဆရီနာဝီလျှံဟာ ယခုနှစ် ဇန်နဝါရီတုန်းက သြစတြေးလျအိုးပင်းမှာ အနိုင်ရပြီးနောက် တင်းနစ်လောကကနေ အနားယူနေခဲ့တာ ဖြစ်ပါတယ်။ လာမယ့် Grand Slam ပြိုင်ပွဲကို ဆရီနာအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင် ဖြစ်မဖြစ်ဆိုတာ ဆုံးဖြတ်ချက်မချရသေးဘူးလို့ ဆရီနာရဲ့နည်းပြ Pratick Mouratoglou က နိုဝင်ဘာလတုန်းက ပြောထားခဲ့တယ်။

 

ယခုအတိုင်းဆိုရင်တော့ ဆရီနာဟာ သူမရဲ့ သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ကာကွယ်မယ်လို့ ယူဆရပါတယ်။ သြစတြေးလျအိုးပင်း ပြိုင်ပွဲက ဇန်နဝါရီ ၁၅ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။

Source : BBC

Share

Loading Next Article...
က္က