In partnership with  logo
တလောတုန်းကလည်း ကလေးတွေကို ပုံပြင်တွေဖတ်ပြခဲ့သေးတယ်။

အမေရိကန်သမ္မတကတော် မယ်လန်နီယာထရမ့်ဟာ ခရစ္စမတ်မနက်ခင်းကို နှစ်လိုစရာအပြုံးလေးနဲ့ တွစ်တာစာမျက်နှာကနေ နှုတ်ဆက်လိုက်ပါတယ်။ Snapchat Santa filter နဲ့ ရိုက်ထားတဲ့ ဆယ်ဖီဓာတ်ပုံလေးကို တင်ခဲ့တာပါ။ လန်းဆန်းတဲ့ပုံကလေးက မယ်လန်နီယာကို ပိုနုပျိုနေစေခဲ့တယ်။

 

#MerryChristmas ဆိုတဲ့ စာလေးနဲ့အတူ တန်ဒြာသမင်တွေ ထည့်သွင်းထားတဲ့ပုံထဲမှာ မယ်လန်နီယာဟာ မိန်းမပျိုလေးတစ်ယောက်လိုပါပဲ။ ပုံကိုတော့ သူမနဲ့ ဒေါ်နယ်လ်ထရမ့်တို့ အတူရှိနေတဲ့ Mar-A-Lago ကနေ ရိုက်ပြီး တင်ခဲ့တာ ဖြစ်ပါတယ်။

 

အဲ့ဒီမတိုင်ခင် ခရစ္စမတ်အကြိုညနေခင်းတုန်းကတော့ မယ်လန်နီယာနဲ့ ထရမ့်တို့ဟာ ကလေးတွေနဲ့ တယ်လီဖုန်းပြောနေကြပုံကိုလည်း တင်ထားခဲ့ပါသေးတယ်။ ခရစ္စမတ်မနက်ခင်းမှာ တင်လိုက်တဲ့ မယ်လန်နီယာရဲ့ ပုံအောက်မှာတော့ comment ပေးသူ အမျိုးမျိုးရှိကြပေမဲ့ မယ်လန်နီယာကို ချစ်ခင်သနားသူတွေ ပိုများတာတွေ့ရတယ်။

CNN က ယခုနှစ်အတွင်း ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဆိုရင်လည်း အိမ်ဖြူတော်ကလူပုဂ္ဂိုလ်တွေထဲမှာ မယ်လန်နီယာဟာ စိတ်ဝင်စားခံရဆုံးသူ ဖြစ်ခဲ့ပါတယ်။

Source : ABC, Cosmo

Share

Loading Next Article...
က္က