In partnership with  logo
အမြင့်ပေ ၂၉၀၂၈ ပေ မြင့်တဲ့တောင်ကို ငါးရက်အတွင်း နှစ်ကြိမ်တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာတာပါ။

ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရတ်တောင်ပေါ်ကို တစ်သက်မှာတစ်ခါ ရောက်ဖူးဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ဒါပေမဲ့ ကလေးနှစ်ယောက်မိခင်တစ်ဦးကတော့ ၅ ကြိမ်တိတိ တက်ရောက်နိုင်ခဲ့တယ်။ တောင်တက်ဝါသနာပါသူတိုင်းအတွက် အားကျအထင်ကြီးစရာ အကြိမ်ရေပါပဲ။

 

အသက် ၃၈ နှစ်အရွယ် Anshu Jamsenpa ဟာ နီပေါနိုင်ငံဘက်ခြမ်းက ဧဝရတ်တောင်ပေါ်ကို South Col လမ်းကြောင်းတစ်လျှောက် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သူမဟာ ကမ္ဘာ့စံချိန်တင်သွားတဲ့ တောင်တက်သူတစ်ဦး ဖြစ်လာခဲ့တယ်။ အမြင့်ပေ ၂၉၀၂၈ ပေ (၈၈၄၈ မီတာ) မြင့်တဲ့တောင်ကို ငါးရက်အတွင်း နှစ်ကြိမ်တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာတာပါ။ ပထမတစ်ကြိမ်က မေလ ၁၆ ရက်နေ့ ဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ မေလ ၂၁ ရက်မှာ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

တောင်တက်ခြင်းဟာ သူမကိုယုံကြည်မှုတွေ ရလာစေတယ်လို့ Jamsenpa က ဆိုတယ်။ တောင်ပေါ်ကိုရောက်တဲ့အခါမှသာလျှင် ဘုရားသခင်နဲ့ အရမ်းနီးကပ်တယ်လို့ ခံစားရပြီး ကောင်းချီးပေးခံရတယ်လို့ ခံစားရကြောင်း သူမက ပြောတယ်။

 

Jamsenpa ကို Dirang မှာ မွေးဖွားခဲ့ပြီး နောက်တော့ အိန္ဒိယအနောက်မြောက်ပိုင်းက တောင်ပေါ်မြို့လေးကို ပြောင်းခဲ့တယ်။ အဲ့ဒီမြို့လေးဟာ အိန္ဒိယနိုင်ငံ Arunachal Pradesh ခရိုင်မှာတည်ရှိပြီး ဘူတန်နဲ့တိဘက်နိုင်ငံတို့ရဲ့နယ်စပ်လည်း ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာတော့ ခရီးသွားအေဂျင်စီလေးတစ်ခုကို တည်ထောင်ခဲ့ပြီးနောက် တောင်တက်တာ ဝါသနာပါလာခဲ့တာ ဖြစ်ပါတယ်။ ဧဝရတ်တောင်ကို မတက်ခင်မှာတော့ ၂ နှစ်ကြာ လေ့ကျင့်ခဲ့တယ်လို့ သိရတယ်။

Source : CNN

Share

Loading Next Article...
က္က