In partnership with  logo
ပုံမှန်ဆိုရင်တော့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတက မဲအများဆုံးရလေ့ရှိတယ်။

လူတွေရဲ့ဆန္ဒသဘောထားကို မဲပေးရွေးချယ်ခိုင်းရာမှာ ဟီလာရီကလင်တန်ဟာ အမေရိကရဲ့ အလေးစားခံရဆုံးအမျိုးသမီး ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတဟောင်း ဘားရတ် အိုဘားမားကတော့ အမေရိကရဲ့ လေးစားခံရဆုံး အမျိုးသားဖြစ်လာခဲ့ပါတယ်။ ဒီမဲပေးမှုကို နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ဟီလာရီအတွက်တော့ ၁၆ နှစ်မြောက် မဲပေးခံရတာဖြစ်လာပါတယ်။

 

Gallup ရဲ့ ဆန္ဒမဲကောက်ခံမှုကို ဒီဇင်ဘာအတွင်းမှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အမေရိကန်နိုင်ငံသား ၁၇ % က အိုဘားမားကို လေးစားစရာအကောင်းဆုံး အမျိုးသားအဖြစ် မဲပေးခဲ့ကြပါတယ်။ ဟီလာရီကလင်တန်ကတော့ မဲရလာဒ်စာရင်းမှာ ၉% နဲ့ လေးစားခံရဆုံး အမျိုးသမီးအဖြစ် ရွေးချယ်ခံရပါတယ်။ အိုဘားမားရဲ့ဇနီး မစ်ရှဲလ်အိုဘားမားကတော့ မဲရလဒ် ၇ % နဲ့ ဟီလာရီနောက်မှာ ရပ်တည်နေပါတယ်။

 

နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘာသာရေးပိုင်းဆိုင်ရာအထင်ကရပုဂ္ဂိုလ်တွေကို အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၁၀ ဦး စီ အနက် မဲပေးရွေးချယ်စေခဲ့တာဖြစ်ပါတယ်။ ယင်း ၁၀ ဦးထဲမှာ လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လည်း ပါဝင်ခဲ့တယ်။

 

Gallup ဟာ  အမေရိကရှိ အရွယ်ရောက်ပြီးသူ လူ ၁၀၄၉ ဦးထံကနေ ဆန္ဒမဲကောက်ခံခဲ့တာ ဖြစ်ပါတယ်။ မဲပေးမှုကိုတော့ ယခုနှစ် ဒီဇင်ဘာ ၄ ရက်မှ ၁၁ ရက်နေ့အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Source : Independent

Share

Loading Next Article...
က္က