In partnership with  logo
ကမ္ဘာအရပ်ရပ်က အမျိုးသမီးတွေဟာ ယနေ့ခေတ်အထိ အကြမ်းဖက်ခံရခြင်း၊ လိင်ခွဲခြားဆက်ဆံခံရခြင်း၊ လူ့အခွင့်အရေး အညီအမျှမရရှိခြင်းစတဲ့ ပြဿနာတွေကို ကြုံတွေ့နေရပါတယ်။

ကမ္ဘာအရပ်ရပ်က အမျိုးသမီးတွေဟာ ယနေ့ခေတ်အထိ အကြမ်းဖက်ခံရခြင်း၊ လိင်ခွဲခြားဆက်ဆံခံရခြင်း၊ လူ့အခွင့်အရေး အညီအမျှမရရှိခြင်းစတဲ့ ပြဿနာတွေကို ကြုံတွေ့နေရပါတယ်။ အမျိုးသားတွေကလည်း အမျိုးသမီးတွေကို second sex (အားနည်းတဲ့လိင်) လို့ ယူဆပြီး ခွဲခြားဆက်ဆံမှုတွေ၊ အနိုင်ကျင့်မှုတွေ ပြုလုပ်ကြပါတယ်။ ဒါကိုမကြာသေးမီကမှ ဟောလီးဝုဒ်မှာ ဖြစ်သွားတဲ့ ပရိုဂျူဆာတစ်ယောက်နဲ့ ရုပ်ရှင်မင်းသမီးတွေကြားက #Metoo Campaign ကို ကြည့်ရင်သိနိုင်ပါတယ်။

 

ဒါပေမယ့် ရှေးခေတ်ကမ္ဘာက အမျိုးသမီးတွေကတော့ ခုခေတ်အမျိုးသမီးတွေထက်စာရင် လူ့အခွင့်အရေး ပိုရတယ်လို့ပြောရင် ယုံနိုင်မှာလား။ ရှေးခေတ်ကမ္ဘာက အမျိုးသမီးတွေ ရရှိခဲ့တဲ့ လူ့အခွင့်အရေးတွေကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အီဂျစ်အမျိုးသမီးတွေဟာ ထီးနန်းအမွေဆက်ခံပိုင်ခွင့်ရှိတယ်

Screenshot-2017-12-28 10 Curious Facts About Ancient Women in History That Teachers Don’t Mention.png 

ရှေးဟောင်းအီဂျစ်ပြည်ဟာ တခြားနိုင်ငံတော်တော်များများထက် ဒီမိုကရက်တစ်ဆန်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဓိက သက်သေကတော့ အုပ်ချုပ်သူတစ်ဦးရဲ့ သားသမီးဟာ လိင်ခွဲခြားဆက်ဆံ ခံရခြင်း မရှိဘဲ ဖခင်ရဲ့ထီးနန်းအမွေကို ဆက်ခံနိုင်တာပါပဲ။ ရှေးဟောင်းအီဂျစ်ပြည်မှာ အမျိုးသားနဲ့ အမျိုးသမီးဟာ တန်းတူအခွင့်အရေး ရပါတယ်။

၂။ ဂရိအမျိုးသမီးတွေမှာ ကွာရှင်းခွင့်ရှိတယ်

Screenshot-2017-12-28 10 Curious Facts About Ancient Women in History That Teachers Don’t Mention (2).png 

ရှေးဟောင်းဂရိ အမျိုးသမီးတွေဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မခံရသလို သူတို့ရဲ့လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် တွေကိုလည်း ကန့်သတ်ခံထားရတယ် ဆိုပေမဲ့ လက်ထပ်ထိန်းမြားခြင်း၊ ကွာရှင်းပြတ်ဆဲခြင်းနဲ့ ပတ်သက်ရင်တော့ လူ့အခွင့်အရေး အပြည့်အဝရရှိပါတယ်။ တကယ်လို့ အမျိုးသမီးတစ်ယောက်ဟာ သူမခင်ပွန်းဖြစ်သူထံမှ ကွာရှင်းခွင့်တောင်းခံလိုရင် သူမကိုယ်စား လက်မှတ်ဝင်ထိုးပေးမယ့် အမျိုးသားတစ်ဦးကိုပဲ လိုအပ်ပါတယ်။

၃။ အီဂျစ်အမျိုးသမီးတွေဟာ ဘာသာရေးထိပ်တန်း ခေါင်းဆောင်တွေဖြစ်နိုင်တယ်

18023460-7542425390_9c2347f1cb_o-1513595436-650-a8a6a236b4-1513765819.jpg 

ကမ္ဘာပေါ်မှာ ကျားမခွဲခြားမှု အများဆုံးဘာသာတရားတွေကို မြင်ဖူးကြမှာပေါ့။ ကမ္ဘာတဝှမ်းမှာ အမျိုးသမီးတစ်ယောက်ဟာ ဘာသာရေးနဲ့ပတ်သက်လာရင် ထိပ်ပိုင်းနေရာကို ရောက်တယ်ဆိုတာ မရှိသလောက်ပါပဲ။ ဘာသာရေးနဲ့ပတ်သက်လာရင် အမျိုးသားတွေကပဲ ထိပ်ပိုင်းနေရာတွေကို ချုပ်ကိုင်ထားတာပါ။ ဒါပေမယ့် ရှေးဟောင်းအီဂျစ်ပြည်မှာတော့ အမျိုးသမီးတွေဟာ “God’s Wife of Amun”  ဆိုတဲ့ နာမည်ခံပြီး အမျိုးသမီးဘုန်းတော်ကြီး ရာထူးကို ဆက်ခံနိုင်ပါတယ်။

၄။ ရောမအမျိုးသမီးတွေဟာ ပညာတတ်ပါတယ်

Screenshot-2017-12-28 10 Curious Facts About Ancient Women in History That Teachers Don’t Mention (3).png

အနောက်ကမ္ဘာက အင်ပါယာကြီးတစ်ခုဖြစ်တဲ့ ရှေးဟောင်းရောမပြည်မှာတော့ အမျိုးသမိးတွေကို အမျိုးသားတွေနဲ့တန်းတူ ပညာသင်ကြားခွင့် ပြုထားပါတယ်။ ရောမပြည်က ကျောင်းတွေမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ကျောင်းအတူတူတက်ကြပြီး စာရေးစာဖတ်သင်ကြားကြပါတယ်။ တချို့မိသားစုတွေကတော့ ကျောင်းတက်ခိုင်းရုံနဲ့ မကျေနပ်နိုင်ဘဲ အိမ်မှာကျူတာဆရာငှားပြီး ပညာသင်စေခဲ့ပါတယ်။ ရောမအမျိုးသားတွေကလည်း ပညာတတ်အမျိုးသမီးတွေကို အထင်ကြီးပြီး ဇနီးမယားအဖြစ် ပိုပြီးရွေးချယ်လိုစိတ် ရှိကြပါတယ်တဲ့။

၅။ ရောမအမျိုးသမီးတွေ ဘီကီနီဝတ်ကြပါတယ်

18023410-women-1513601409-650-4d90cf628d-1513765819.jpg 

အင်တာနက်ပေါ်မှာ မြန်မာမိန်းကလေးတွေ အတိုအပြတ်ဝတ်ပြီး တင်ထားတဲ့ဓာတ်ပုံတွေအောက်မှာ ကိုရွှေပုရိသတွေ ဆဲဆိုကြိမ်းမောင်းနေကြပေမယ့် ရှေးဟောင်းရောမပြည်မှာတော့ အေဒီ (၄) ရာစု ကတည်းက ဘီကီနီဝတ်ပြီး လမ်းသလားနေကြပါပြီ။ မယုံသေးရင်တော့ ပူးတွဲဖော်ပြပါ ပုံကိုကြည့်ရှုနိုင်ပါတယ်။ ဒီပုံက အီတလီနိုင်ငံ၊ စစ်တလီကျွန်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ကျောက်ချပ်ပေါ်က ပန်းချီကားတစ်ချပ်ပဲ ဖြစ်ပါတယ်။ ရှေးဟောင်းရောမ အမျိုးသမီးတွေဝတ်တဲ့ ဘီကီနီက ဖက်ရှင်လည်း ကျနလှပါတယ်။

၆။ အိန္ဒိယအမျိုးသမီးတွေဟာ သူတို့ရဲ့ခင်ပွန်းတွေကို လွတ်လပ်စွာရွေးချယ်နိုင်တယ်

Screenshot-2017-12-28 10 Curious Facts About Ancient Women in History That Teachers Don’t Mention (4).png 

ယနေ့ခေတ်မှာ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုတွေရှိပေမယ့်၊ မိဘစီစဉ်ပြီးမှ ပေးစားတဲ့ မင်္ဂလာပွဲတွေရှိပေမယ့် ရှေးခေတ်တုန်းကတော့ အမျိုးသမီးတစ်ယောက်မှာ အမျိုးသားတစ်ယောက်နဲ့ တန်းတူအခွင့်အရေး ရှိပါတယ်။ ရှေးခေတ်အိန္ဒိယ အမျိုးသမီးတွေဟာ မိမိခင်ပွန်းဖြစ်မယ့်သူကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိသလို သူမလက်ထပ်ချင်တဲ့အချိန်မှာ လက်ထပ်ပိုင်ခွင့်လည်း ရှိပါတယ်။ အိန္ဒိယ အမျိုးသမီးတွေဟာ ပညာလည်း ကောင်းကောင်းတတ်ကြပါတယ်။

Source: Brightside

Share

Loading Next Article...
က္က