In partnership with  logo
" အိပ်မက်တွေနောက်ကို လိုက်တဲ့အခါ အသက်အရွယ်ကြောင့် မရပ်တန့်လိုက်သင့်ဘူးဆိုတာ လူတွေကို နားလည်စေချင်တယ်"

Pole dancer တွေကို ကြည့်လိုက်ရင် ငယ်ရွယ်ပြီး ကျစ်လျစ်တဲ့ခန္ဓာကိုယ်ပိုင်ရှင်တွေကိုပဲ တွေ့ရလေ့ရှိတယ်။ ဒါပေမဲ့ ဂရိတာကတော့ အသက် ၆၇ နှစ် ရှိနေပါပြီ။ ကယ်လီဖိုးနီးယားပြည်နယ် San Diego မြို့က Greta Pontarelli ဆိုတဲ့ အမျိုးသမီးကြီးကတော့ ဒီအရွယ်မှာ တိုင်ပတ်အကကို ကမ္ဘာပတ်ပြီးကနေသူပါ။

 

ဂရိတာအသက် ၅၉ နှစ်မှာ ကျန်းမာရေးအခြေအနေကြောင့် တိုင်ပတ်အကမယ် ဘဝက အနားယူလိုက်ရတယ်။ အခု အသက် ၆၇ နှစ် ရောက်တော့မှ စင်ပေါ်ပြန်တက်လာခဲ့တာပါ။ အဲ့ဒီအတွက်လည်း prestigious ဆုကို ဆွတ်ခူးနိုင်ခဲ့တယ်။

 

" အိပ်မက်တွေနောက်ကို လိုက်တဲ့အခါ အသက်အရွယ်ကြောင့် မရပ်တန့်လိုက်သင့်ဘူးဆိုတာ လူတွေကို နားလည်စေချင်တယ်" လို့ ဂရိတာက ပြောတယ်။ သူမကို အရမ်းအိုနေပြီ၊ အရမ်းဝနေပြီလို့ ပြောတာတွေ အမြဲတမ်းကြားခဲ့ရတယ်။ ဒါပေမဲ့ အဲ့တာတွေအားလုံးဟာ အကြောင်းပြချက်တွေပါပဲလို့ အသက် ၆၇ နှစ်မှာ တိုင်ပတ်အက ကနိုင်သေးတဲ့ အကမယ်ဟောင်းက ပြောပါတယ်။

 

ငယ်ငယ်တုန်းကတော့ ကျွမ်းဘားအကမယ်အဖြစ်နဲ့ ပြိုင်ပွဲဝင်ခဲ့ဖူးပေမဲ့ တိုင်ပတ်အက ကဖို့ကိုတော့ လွန်ခဲ့တဲ့ ၈ နှစ်ကမှ စပြီးတွေးမိသွားတာပါ။ အရိုးမကောင်းတဲ့ သူမအတွက် ကျန်းမာရေးလေ့ကျင့်ခန်းတွေကို အင်တာနက်မှာလိုက်ရှာဖွေရင်း တိုင်ပတ်အက ကဖို့တွေးမိသွားတယ်။ YouTube ဗီဒီယိုတွေကြည့်ပြီးတော့ သင်တန်းတွေတက်ဖြစ်သွားခဲ့ပါတယ်။

 

သင်တန်းအစပိုင်းတုန်းက သူမအတွက် အရမ်းခက်ခဲခဲ့တယ်။ သင်တန်းဆရာမက သူမကို ပြန်လာမယ်တောင်မထင်ဘူး။ ဒါပေမဲ့ ဂရိတာက သင်တန်းကိုရောက်အောင်သွားပြီးနောက် တိုင်ပတ်အက ကောင်းကောင်းကတတ်သွားခဲ့ပါတယ်။ အသက် ၆၂ နှစ်မှာတော့ ပထမဆုံး pole dance ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တယ်။ အဲ့ဒီတုန်းက သူမရဲ့ပြိုင်ဘက်က ၁၈ နှစ်အရွယ်လေး။

 

နောက်ပိုင်းမှာ ဂရိတာဟာ အကပြိုင်ပွဲတွေ တစ်ခုပြီးတစ်ခု ဆက်ပြိုင်ခဲ့ပါတယ်။ ခုဆို ကမ္ဘာပတ်ပြီးတော့ ကပြနေပါပြီ။ သူမရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ဟာ အမျိုးသမီးတွေအတွက်သာမက အသက်ကြီးသူတွေကိုပါ ခွန်အားရစေပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က