ကျွန်မကိုယ်ဝန်ရှိပြီလို့သိရတဲ့နေ့၊ အားလုံးကပုံမှန်ပဲလို့ ဟန်ဆောင်ခဲ့ရပေမဲ့ စိတ်ထဲမှာတော့ အရမ်းစိတ်လှုပ်ရှားကြောက်လန့်နေခဲ့တာ၊

သမီးလေး Alexis Olympia ကို မွေးထားတာ ၄ လသာ ရှိသေးတဲ့ တင်းနစ်မယ် ဆရီနာဝီလျှံဟာ ပြိုင်ပွဲတွေကို ရပ်နားခဲ့ရာကနေ စနေနေ့မှာ ပြန်လည်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီပြိုင်ပွဲကိုတော့ အနိုင်ရခြင်းမရှိခဲ့ပါဘူး။ သားဦးကိုယ်ဝန်ကိုလွယ်ထားရပြီးချိန်ကစလို့ တင်းနစ်ကစားတာကိုလည်း ရပ်ထားခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြန်လည်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲမှာ အနိုင်မရခဲ့ဘူးဆိုပေမဲ့ ဆရီနာအတွက်တော့ ၂၀၁၇ ဟာ ထူးခြားတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့တယ်ဆိုတာကို သူမက ပြန်လည်မျှဝေခဲ့ပါတယ်။

 

သူမအတွက် အောင်မြင်တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကို အင်စတာဂရမ်ပေါ်ကနေ မျှဝေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း သူအကြိုက်ဆုံး ဖြစ်ခဲ့တဲ့ အချိန်ကာလ ၁၀ ခုကို ပြန်ပြောင်း ပြောပြခဲ့တာပါ။

 

" ဒီနှစ်က ကျွန်မအတွက်တော့ အံအားသင့်ဖွယ်ရာနှစ်ပါပဲ။ နှစ်ကုန်ခါနီးလာတာမို့လို့ ကျွန်မရဲ့ အကြောင်းအရာ ၁၀ ခုကို မျှဝေချင်ပါတယ်။ ၁။ ကျွန်မကိုယ်ဝန်ရှိပြီလို့သိရတဲ့နေ့၊ အားလုံးကပုံမှန်ပဲလို့ ဟန်ဆောင်ခဲ့ရပေမဲ့ စိတ်ထဲမှာတော့ အရမ်းစိတ်လှုပ်ရှားကြောက်လန့်နေခဲ့တာ၊ ပြီးတော့ ကျွန်မ grand slam ကစားခဲ့ရတယ်။ ၂။ မဲလ်ဘုန်းမှာ ကိုယ်ဝန် ၇ ပတ်နဲ့ ၊ ၃။ Wow ကျွန်မ သြစတြေးလျအိုးပင်းမှာ အနိုင်ရတယ်၊ အဲ့ဒီအချိန်ကျွန်မ ကိုယ်ဝန်က သီတင်းပတ် ၉ ပတ်ရှိပြီ။ ဗီးနပ်စ် (ဆရီနာရဲ့ညီမ)နဲ့ ကျွန်မခင်ပွန်းလောင်း Alexis ကလွဲရင် ဘယ်သူမှ မသိခဲ့ကြဘူး၊ ၄။ ကျွန်မကိုတိရစ္ဆာန်ရုပ်တွေအများကြီးပေးထားကြတာ ၊ ၅။ ကိုယ်ဝန် ၂၄ ပတ် ၊ ၆။ မင်္ဂလာဆောင်တော့မယ့်ကျွန်မအတွက် ပါတီလုပ်ပေးကြတဲ့ bridal shower ပွဲ ၊ ၇။ ကိုယ်ဝန် ၇ပတ်ခွဲမှာတောင် လေ့ကျင့်နေတုန်းပဲ ၊ ၈။ Vanity Fair မဂ္ဂဇင်းကာဗာမှာ ကျွန်မပုံနဲ့ ၉။ မွေးခါနီးပြီ ၊ ၁၀။ မီးဖွားဖို့အတွက် ဆေးရုံမတက်မီ တစ်ရက်အလိုမှာပေါ့" စသဖြင့် ပုံအလိုက် စာလေးတွေနဲ့ ဖော်ပြသွားခဲ့ပါတယ်။

 

အသက် ၃၆ နှစ်အရွယ် ဆရီနာ ဝီလျံဟာ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ Reddit ဝက်ဘ်ဆိုက် ပူးတွဲတည်ထောင်သူ အိုဟန်းနီးယန်းနဲ့ ၂၀၁၅ ခုနှစ်မှာ စတင်ချစ်ကြိုက်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ အိုဟန်းနီးယန်းက ဆရီနာကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာ သမီးလေးကို ဖွားမြင်ခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှာတော့ မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။

Source : Serena Williams Instagram



က္က