• Empowerment Culture
    အိုပရာဝင်းဖရေး ပြောခဲ့တဲ့ စိတ်ဓာတ်ခွန်အား စကားလုံးများ
Su Yee Moe
[Unicode Version]

အိုပရာဝင်းဖရေး (Oprah Winfrey) ဟာ ကမ္ဘာသိ မီဒီယာခေါင်းဆောင်၊ ပရဟိတသမား၊ ထုတ်လုပ်သူ၊ သရုပ်ဆောင် အလုပ်တွေနဲ့ နာမည်ကျော်ကြားသူပါ။ အမျိုးသမီးတွေကို ကြံ့ခိုင်သန်မာလာအောင်လည်း ခွန်အားပေးခဲ့သလို အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကြားမှာ role model အဖြစ်နဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ အိုပရာဝင်းဖရေး ပြောခဲ့တဲ့ စကားတွေထဲက စိတ်ဓာတ်ခွန်အား ရစေမယ့် စကားတွေကို ဖော်ပြလိုက်ပါတယ်။

oprah_7_trans_NvBQzQNjv4BqZQrV0Jj0qCh4lIqdUGAqjynKwOSKTAKP9DE7KioUuIY.jpg 

၁။ အကြီးမားဆုံးလျှို့ဝှက်ချက် မရှိဘူးဆိုတာကပဲ ဘဝရဲ့ အကြီးဆုံးလျှို့ဝှက်ချက်ပါ။ မင်းရဲ့ပန်းတိုင်က ဘာပဲဖြစ်ဖြစ် မင်းသာ လုပ်ဆောင်ချင်စိတ်ရှိနေမယ်ဆို အဲ့ဒီနေရာကို ရောက်ကိုရောက်မှာပဲ။

၂။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတယ်ဆိုတာ ကမ္ဘာကြီးကို ကိုယ်ပိုင်သတ်မှတ်ချက်နဲ့ သတ်မှတ်နိုင်တာကနေ ဖြစ်လာတယ်။ ပြီးတော့ တခြားလူတွေရဲ့ ဝေဖန်အကဲဖြတ်မှုတွေကိုလည်း ငြင်းပယ်နိုင်လာတယ်။

rtx19c8j-e1504646405781.jpg 

၃။ မင်းက အားလုံးကို ရနိုင်ပါတယ်။ တစ်ခါတည်းနဲ့ အကုန်မရနိုင်တာလေးပါပဲ။

၄။ အသားအရောင်ခွဲခြားမှု ဒါမှမဟုတ် ကျား၊မ ခွဲခြားဆက်ဆံခံရမှုအတွက် အထူးချွန်ဆုံးဆိုတာ အကောင်းဆုံး အဟန့်အတားပါပဲ။

၅။ ဘုရင်မတစ်ပါးလို တွေးတောပါ။ ဘုရင်မတစ်ယောက်ဟာ ဘယ်တော့မှ ရှုံးနိမ့်မှာမကြောက်ဘူး။ ရှုံးနိမ့်မှုဆိုတာ ကြီးကျယ်မြင့်မြတ်မှုအတွက် ကျော်ဖြတ်ရမယ့် ကျောက်တုံးတစ်ခုပဲ။

ny-20-oprah_trans_NvBQzQNjv4Bqeo_i_u9APj8RuoebjoAHt0k9u7HhRJvuo-ZLenGRumA.jpg 

၆။ ကိုယ်လုပ်တဲ့လုပ်ရပ်ကို ကိုယ်တိုင်တန်ဖိုးနှိမ့်ချထားရင် သင်ဘယ်သူလဲဆိုတာကိုလည်း ကမ္ဘာကြီးက တန်ဖိုးနှိမ့်ချပစ်လိုက်မှာပဲ။

၇။ ဘဝရဲ့အခက်ခဲဆုံးအရာတွေထဲက တစ်ခုဆိုတာ ဘယ်တံတားတွေကို ကျော်ဖြတ်ရမယ်ဆိုတာနဲ့ ဘယ်တံတားတွေကို မီးရှို့ပစ်ရမယ်ဆိုတာကို လေ့လာရတာပါပဲ။

Source : Telegraph

[Zawgyi Version]

အိုပရာဝင္းဖေရး (Oprah Winfrey) ဟာ ကမၻာသိ မီဒီယာေခါင္းေဆာင္၊ ပရဟိတသမား၊ ထုတ္လုပ္သူ၊ သ႐ုပ္ေဆာင္ အလုပ္ေတြနဲ႔ နာမည္ေက်ာ္ၾကားသူပါ။ အမ်ိဳးသမီးေတြကို ၾကံ႕ခိုင္သန္မာလာေအာင္လည္း ခြန္အားေပးခဲ့သလို အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြၾကားမွာ role model အျဖစ္နဲ႔ ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ရပ္တည္ေနသူလည္း ျဖစ္ပါတယ္။ အိုပရာဝင္းဖေရး ေျပာခဲ့တဲ့ စကားေတြထဲက စိတ္ဓာတ္ခြန္အား ရေစမယ့္ စကားေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ အႀကီးမားဆံုးလွ်ိဳ႕ဝွက္ခ်က္ မ႐ွိဘူးဆိုတာကပဲ ဘဝရဲ႕ အႀကီးဆံုးလွ်ိဳ႕ဝွက္ခ်က္ပါ။ မင္းရဲ႕ပန္းတိုင္က ဘာပဲျဖစ္ျဖစ္ မင္းသာ လုပ္ေဆာင္ခ်င္စိတ္႐ွိေနမယ္ဆို အဲ့ဒီေနရာကို ေရာက္ကိုေရာက္မွာပဲ။

၂။ ကိုယ့္ကိုယ္ကိုယ္တန္ဖိုးထားတယ္ဆုိတာ ကမၻာႀကီးကို ကိုယ္ပိုင္သတ္မွတ္ခ်က္နဲ႔ သတ္မွတ္ႏိုင္တာကေန ျဖစ္လာတယ္။ ၿပီးေတာ့ တျခားလူေတြရဲ႕ ေဝဖန္အကဲျဖတ္မႈေတြကိုလည္း ျငင္းပယ္ႏုိင္လာတယ္။

၃။ မင္းက အားလံုးကို ရႏိုင္ပါတယ္။ တစ္ခါတည္းနဲ႔ အကုန္မရႏိုင္တာေလးပါပဲ။

၄။ အသားအေရာင္ခြဲျခားမႈ ဒါမွမဟုတ္ က်ား၊မ ခြဲျခားဆက္ဆံခံရမႈအတြက္ အထူးခၽြန္ဆံုးဆိုတာ အေကာင္းဆံုး အဟန္႔အတားပါပဲ။

၅။ ဘုရင္မတစ္ပါးလို ေတြးေတာပါ။ ဘုရင္မတစ္ေယာက္ဟာ ဘယ္ေတာ့မွ ရႈံးနိမ့္မွာမေၾကာက္ဘူး။ ရႈံးနိမ့္မႈဆုိတာ ႀကီးက်ယ္ျမင့္ျမတ္မႈအတြက္ ေက်ာ္ျဖတ္ရမယ့္ ေက်ာက္တံုးတစ္ခုပဲ။

၆။ ကိုယ္လုပ္တဲ့လုပ္ရပ္ကို ကိုယ္တိုင္တန္ဖိုးႏွိမ့္ခ်ထားရင္ သင္ဘယ္သူလဲဆုိတာကိုလည္း ကမၻာႀကီးက တန္ဖိုးႏွိမ့္ခ်ပစ္လိုက္မွာပဲ။

၇။ ဘဝရဲ႕အခက္ခဲဆံုးအရာေတြထဲက တစ္ခုဆုိတာ ဘယ္တံတားေတြကို ေက်ာ္ျဖတ္ရမယ္ဆုိတာနဲ႔ ဘယ္တံတားေတြကို မီး႐ႈိ႕ပစ္ရမယ္ဆိုတာကို ေလ့လာရတာပါပဲ။

Source : Telegraph


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs