• Empowerment Culture
    ရွာငယ်လေးမှာမွေးဖွားခဲ့ပြီး ကမ္ဘာကျော် DJ ဖြစ်လာသူလေး
Su Yee Moe
[Unicode Version]

Nakadia Mungphanklang ဟာ ကမ္ဘာကျော် မိန်းကလေး DJ သမားတွေထဲက တစ်ယောက်ပါ။ ထိုင်းနိုင်ငံ Isaan ခရိုင်က သေးငယ်တဲ့ရွာလေးတစ်ခုမှာ Nakadia တစ်ယောက် မွေးဖွားကြီးပြင်းခဲ့ရတယ်။ အစ်ကိုကြီးဆီက စတီရီယိုလေးယူပြီး အိမ်နီးချင်းတွေကြားအောင် ခပ်ကျယ်ကျယ်လေးဖွင့်ပေးတတ်တဲ့အကျင့်က DJ သမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့တော့ သူက မထင်ခဲ့ဘူး။

nakadia_06-copy-2-1024x690.jpg

ခုချိန်မှာတော့ Nakadia ဟာ စိတ်လှုပ်ရှားဖွယ် techno music တွေကို ဖန်တီးပေးနေတဲ့ DJ တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ရေရှားပါးပြီး မွဲတေနေတဲ့ ရွာငယ်လေးမှာ မွေးဖွားခဲ့ရတဲ့ Nakadia တစ်ယောက် ခုလိုမျိုး ကမ္ဘာပတ်ပြီး DJ ဖွင့်နေရလိမ့်မယ်လို့တော့ ဘယ်သူက ထင်ခဲ့မှာလဲ။ အသက် ၁၅ နှစ်မှာ ရွာနဲ့နီးတဲ့ Korat မြို့လေးကို ပြောင်းခဲ့တယ်။ တိုက်ခန်းလေးတစ်ခန်းထဲမှာ မိန်းကလေး ၆ ယောက် စုနေခဲ့ပြီး အင်တာနက်ဆိုင်နဲ့ ညဆို ကလပ်တွေမှာ အလုပ်လုပ်ခဲ့တယ်။

how-dj-nakadia-went-from-rural-thailand-to-international-techno-stardom-1454535173.jpg

နောက်တော့ မော်ဒယ်အလုပ်နဲ့ Frankfurt မြို့ကို ခရီးသွားရတယ်။ အဲ့ဒီမှာ အမျိုးသမီး DJ သမား Marusha ကို မြင်သွားပြီး သူမရဲ့စိတ်ဆန္ဒအမှန်ကို နားလည်သွားတယ်။ " သူက ကပွဲကြမ်းပြင်မှာ DJ ဖွင့်နေတဲ့မြင်ကွင်းက ကျွန်မဘဝကို ပြောင်းလဲစေခဲ့တယ်။ ကျွန်မ ဘာအတွက်မွေးဖွားလာသလဲဆိုတာ သိခဲ့တယ်။ ကျွန်မက DJ ဖြစ်လာဖို့ မွေးလာတာ" လို့ Nakadia က ပြောတယ်။

ဒါပေမဲ့ DJ တစ်ယောက်ဘဝကို လွယ်လွယ်နဲ့ ရောက်လာတာတော့မဟုတ်ဘူး။ ထိုင်းနိုင်ငံမှာ သူမကို ဘယ်သူကမှ သင်ကြားပြသမပေးခဲ့ကြဘူး။ ကိုယ့်ဘာသာ သင်ယူလေ့လာနေခဲ့ရတယ်။ နောက်တော့ ဂျာမနီကို ပြန်သွားပြီး Braunschweig တက္ကသိုလ်မှာ ၃ လဆက်တိုက် မရပ်မနား လေ့ကျင့်ခဲ့တယ်။ ထိုင်းကို ပြန်သွားတော့ ယောက်ျားလေး DJ တွေ ကြားထဲမှာ Nakadia အတွက် နေရာရဖို့ခက်ခဲ့တယ်။  တကယ်လည်း အလုပ်ရရော လူတွေက သူမရဲ့ techno music ကို ခံစားရမယ့်အစား သူမကိုပဲ လာကြည့်ကြတာ များတယ်။

26230943_1753669681309846_904976620420726249_n.jpg 

ဆက်စီကျတဲ့ အပြင်အဆင်တွေကို ပြောင်းလဲလိုက်တယ်။ Nakadia ဟာ သူမကို ကြည့်တာထက် သူမရဲ့ techno music တွေမှာ လူတွေ ပျော်နေကြတာပဲ လိုချင်တာ။ နောက်တော့ ဘာလင်ကို ပြောင်းရွှေ့ အခြေချပြီး ကမ္ဘာပတ်ကာ DJ သမားအဖြစ်နဲ့ သူမရဲ့ဘဝကို တည်ဆောက်နေပါတယ်။ ခုဆိုရင် ထိုင်းမှာလည်း အမျိုးသမီး DJ သမားတွေ အများကြီး ပေါ်လာနေပါပြီ။ သင်တန်းကျောင်းတွေလည်း ပေါ်လာနေပါပြီ။ အမျိုးသမီး DJ တွေနဲ့ သင်တန်းတွေ မရှိခင်တည်းက ကိုယ်တိုင်လေ့လာသင်ယူပြီး ကမ္ဘာကျော် DJ တစ်ယောက် ဖြစ်လာခဲ့တဲ့ Nakadia Mungphanklang ဟာ DJ တစ်ဦးအဖြစ်နဲ့ ရပ်တည်လိုတဲ့ မိန်းကလေးတို့ရဲ့ အားကျစရာလူတစ်ယောက်လည်း ဖြစ်လို့နေပါတယ်။

Source : Culture Trip

[Zawgyi Version]

Nakadia Mungphanklang ဟာ ကမၻာေက်ာ္ မိန္းကေလး DJ သမားေတြထဲက တစ္ေယာက္ပါ။ ထုိင္းႏိုင္ငံ Isaan ခ႐ိုင္က ေသးငယ္တဲ့႐ြာေလးတစ္ခုမွာ Nakadia တစ္ေယာက္ ေမြးဖြားႀကီးျပင္းခဲ့ရတယ္။ အစ္ကိုႀကီးဆီက စတီရီယိုေလးယူၿပီး အိမ္နီးခ်င္းေတြၾကားေအာင္ ခပ္က်ယ္က်ယ္ေလးဖြင့္ေပးတတ္တဲ့အက်င့္က DJ သမားတစ္ေယာက္ ျဖစ္လာလိမ့္မယ္လို႔ေတာ့ သူက မထင္ခဲ့ဘူး။

ခုခ်ိန္မွာေတာ့ Nakadia ဟာ စိတ္လႈပ္ရွားဖြယ္ techno music ေတြကို ဖန္တီးေပးေနတဲ့ DJ တစ္ေယာက္ ျဖစ္လာခဲ့ပါၿပီ။ ေရ႐ွားပါးၿပီး မြဲေတေနတဲ့ ႐ြာငယ္ေလးမွာ ေမြးဖြားခဲ့ရတဲ့ Nakadia တစ္ေယာက္ ခုလိုမ်ိဳး ကမၻာပတ္ၿပီး DJ ဖြင့္ေနရလိမ့္မယ္လို႔ေတာ့ ဘယ္သူက ထင္ခဲ့မွာလဲ။ အသက္ ၁၅ ႏွစ္မွာ ရြာနဲ႔နီးတဲ့ Korat ၿမိဳ႕ေလးကို ေျပာင္းခဲ့တယ္။ တိုက္ခန္းေလးတစ္ခန္းထဲမွာ မိန္းကေလး ၆ ေယာက္ စုေနခဲ့ၿပီး အင္တာနက္ဆုိင္နဲ႔ ညဆို ကလပ္ေတြမွာ အလုပ္လုပ္ခဲ့တယ္။

ေနာက္ေတာ့ ေမာ္ဒယ္အလုပ္နဲ႔ Frankfurt ၿမိဳ႕ကို ခရီးသြားရတယ္။ အဲ့ဒီမွာ အမ်ိဳးသမီး DJ သမား Marusha ကို ျမင္သြားၿပီး သူမရဲ႕စိတ္ဆႏၵအမွန္ကို နားလည္သြားတယ္။ " သူက ကပြဲၾကမ္းျပင္မွာ DJ ဖြင့္ေနတဲ့ျမင္ကြင္းက ကၽြန္မဘဝကို ေျပာင္းလဲေစခဲ့တယ္။ ကၽြန္မ ဘာအတြက္ေမြးဖြားလာသလဲဆုိတာ သိခဲ့တယ္။ ကၽြန္မက DJ ျဖစ္လာဖုိ႔ ေမြးလာတာ" လို႔ Nakadia က ေျပာတယ္။

ဒါေပမဲ့ DJ တစ္ေယာက္ဘဝကို လြယ္လြယ္နဲ႔ ေရာက္လာတာေတာ့မဟုတ္ဘူး။ ထိုင္းႏိုင္ငံမွာ သူမကို ဘယ္သူကမွ သင္ၾကားျပသမေပးခဲ့ၾကဘူး။ ကိုယ့္ဘာသာ သင္ယူေလ့လာေနခဲ့ရတယ္။ ေနာက္ေတာ့ ဂ်ာမနီကို ျပန္သြားၿပီး Braunschweig တကၠသိုလ္မွာ ၃ လဆက္တိုက္ မရပ္မနား ေလ့က်င့္ခဲ့တယ္။ ထိုင္းကို ျပန္သြားေတာ့ ေယာက္်ားေလး DJ ေတြ ၾကားထဲမွာ Nakadia အတြက္ ေနရာရဖုိ႔ခက္ခဲ့တယ္။  တကယ္လည္း အလုပ္ရေရာ လူေတြက သူမရဲ႕ techno music ကို ခံစားရမယ့္အစား သူမကိုပဲ လာၾကည့္ၾကတာ မ်ားတယ္။

ဆက္စီက်တဲ့ အျပင္အဆင္ေတြကို ေျပာင္းလဲလိုက္တယ္။ Nakadia ဟာ သူမကို ၾကည့္တာထက္ သူမရဲ႕ techno music ေတြမွာ လူေတြ ေပ်ာ္ေနၾကတာပဲ လိုခ်င္တာ။ ေနာက္ေတာ့ ဘာလင္ကို ေျပာင္းေ႐ႊ႕ အေျခခ်ၿပီး ကမၻာပတ္ကာ DJ သမားအျဖစ္နဲ႔ သူမရဲ႕ဘဝကို တည္ေဆာက္ေနပါတယ္။ ခုဆုိရင္ ထုိင္းမွာလည္း အမ်ိဳးသမီး DJ သမားေတြ အမ်ားႀကီး ေပၚလာေနပါၿပီ။ သင္တန္းေက်ာင္းေတြလည္း ေပၚလာေနပါၿပီ။ အမ်ိဳးသမီး DJ ေတြနဲ႔ သင္တန္းေတြ မရွိခင္တည္းက ကိုယ္တုိင္ေလ့လာသင္ယူၿပီး ကမၻာေက်ာ္ DJ တစ္ေယာက္ ျဖစ္လာခဲ့တဲ့ Nakadia Mungphanklang ဟာ DJ တစ္ဦးအျဖစ္နဲ႔ ရပ္တည္လိုတဲ့ မိန္းကေလးတို႔ရဲ႕ အားက်စရာလူတစ္ေယာက္လည္း ျဖစ္လို႔ေနပါတယ္။

Source : Culture Trip


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs