In partnership with  logo
ရှေ့ဆက်ပြီးလည်း လှူဦးမှာပါ.........

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ Time's Up အတွက် အနုပညာရှင်တွေ တက်ညီလက်ညီ ဆန္ဒထုတ်ဖော်ပြီးနောက်မှာ ဒီလှုပ်ရှားမှုဟာ ပိုပြီး အရှိန်မြင့်လာခဲ့ပါတယ်။ သရုပ်ဆောင် Rebecca Hall ကလည်း သူမအနေနဲ့ ဒါရိုက်တာ Woody Allen နဲ့ ရိုက်ကူးမယ့် နောက်ဇာတ်ကားအတွက် ရမယ့် အနုပညာကြေးကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ Time's Up ပရော့ဂျက် ရန်ပုံငွေအဖြစ် ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်လို့ ရမယ့် အနုပညာကြေး အားလုံးကို ထည့်ဝင်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။


 

" ဒါက သေးငယ်တဲ့ အမူအရာလေးတစ်ခုပါပဲ၊ ပြီးတော့ ဘယ်သူကမှလည်း နစ်နာကြေးအတွက် ပိတ်သိမ်းဖို့ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မကတော့ ကျွန်မရဲ့လုပ်အားခကို Time's Up ကို လှူခဲ့ပြီးပါပြီ။ ပြီးတော့ ကျွန်မ ဆက်ပြီးလှူဒါန်းဖို့၊ ဟောလိဝုဒ်မှာသာမက နေရာတိုင်းမှာပါ ပြောင်းလဲမှုတွေဖြစ်လာဖို့ ဒီလိုမျိုး အပြုသဘောဆန်တဲ့လှုပ်ရှားမှု ရှေ့ဆက်လုပ်ငန်းတွေမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ဖို့အတွက်လည်း ကျွန်မက လက်မှတ်ရေးထိုးခဲ့ပါတယ်" လို့ ရေဘက္ကာရဲ့ အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။

 

ရေဘက္ကာဟာ ဒါရိုက်တာ Woody Allen ရိုက်ကူးမယ့် A Rainy Day in New York ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ ရေဘက္ကာနဲ့အတူ Timotheé Chalamet ၊ Elle Fanning နဲ့ Jude Law တို့လည်း ပါဝင်မယ်လို့ သိရပါတယ်။

 

Source : VF


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က