In partnership with  logo
သက်သေအထောက်အထားနဲ့တကွတိုင်ပါ။ မတိုင်ဘဲနေရင် ပိုဆိုးလာနိုင်ပါတယ်။

#MeToo လှုပ်ရှားမှုနဲ့အတူ လုပ်ငန်းခွင်ထဲက လိင်ပိုင်းဆိုင်ရာစော်ကားမှု ဖြစ်ရပ်တွေကို ထုတ်ဖော် ပြောဆိုလာနေကြတယ်။ ဟောလိဝုဒ်နယ်ပယ်ကနေ စတင်ပျံ့နှံ့လာတဲ့ #MeToo လှုပ်ရှားမှုဟာ လုပ်ငန်းခွင်ထဲမှာ ကြုံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ထုတ်ဖော်ပြောဆိုပြီး ဒီလုပ်ရပ်တွေကို ကန့်ကွက်တာ ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ သားကောင်ဖြစ်ခဲ့ရသူတွေအနက် ခုထိအောင် တိတ်ဆိတ်ဖုံးကွယ်ထားသူတွေ အများကြီးရှိနေဆဲပါပဲ။

 

CarrerBuilder ရဲ့ စစ်တမ်းကောက်ယူချက်အရဆိုရင် အလုပ်သမား ၁၂ % ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီထဲက ၇၂ % ဟာ ဖြစ်ရပ်အပေါ် ထုတ်ဖော်တိုင်ကြားခြင်း မရှိခဲ့ပါဘူး။ တစ်ဝက်ကျော်လောက်က သူတို့ကို စော်ကားကျူးလွန်ခဲ့သူနဲ့ ရင်မဆိုင်ခဲ့ဘူးလို့ သိရပါတယ်။

 

စော်ကားခံရသူအနေနဲ့ ဖြစ်ရပ်အပေါ် ထုတ်ဖော်ပြောကြားခြင်းမပြုရတဲ့ အကြောင်းအရင်းထဲမှာ ပြဿနာရှာသူလို့ ခေါင်းစပ်တပ်ခံရမှာကြောက်သူက ၄၀ % ၊ သူများကို အတိုက်အခံလုပ်ရမှာဖြစ်နေလို့ မပြောတာက ၂၂% နဲ့ အလုပ်ပြုတ်မှာကြောက်လို့ မပြောရဲသူက ၁၈ % ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာစော်ကားမှု ကြုံခဲ့ရတဲ့ အလုပ်သမားတွေကို စိတ်အေးချမ်းမှုရဖို့အတွက် ကုမ္မဏီတွေက ဒီအခြေအနေကို ဖြေရှင်းပေးသင့်ပါတယ်။ CarrerBulider ရဲ့ စစ်တမ်းကောက်ယူမှုမှာတော့ အသက် ၁၈ နှစ်မှ ၃၄ နှစ်ကြား - ၁၇ %၊ အသက် ၃၅ နှစ်မှ ၄၄ နှစ်ကြား ၁၁% ၊ အသက် ၄၅ နှစ်မှ ၅၄ နှစ်ကြား ၁၀% နဲ့ အသက် ၅၅ နှစ်အထက် ၉% သော အလုပ်သမား/ဝန်ထမ်းတွေဟာ အလုပ်ခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုနဲ့ ကြုံခဲ့ရပါတယ်။

 

ဥပဒေတွေ ရှိပါတယ်။ ဘယ်သူ့ကိုမှ ကာယိနြေ္ဒပျက်ပြားအောင် လုပ်လို့မရပါဘူး။ မကြောက်ပါနဲ့။ ကိုယ့်ကို အဲ့လိုလုပ်လာရင် ငြင်းဆန်ရင်ဆိုင်ပါ။

လုပ်ငန်းခွင်ထဲမှာလည်း ပေါ်လစီနဲ့ စည်းကမ်းတွေ ရှိပါတယ်။ ဝန်ထမ်းလက်စွဲစာအုပ်နဲ့ ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်မှာ HR က ဖော်ပြထားလေ့ရှိပါတယ်။ ကိုယ့်ကို လိင်ပိုင်းဆိုင်ရာစော်ကားလာရင် အထက်ကို အကြောင်းကြားဖို့ လိုပါတယ်။

အချက်အလက်နဲ့ သက်သေအထောက်အထားတွေကိုလည်း စုဆောင်းထားပါ။ စာရွက်စာတမ်းတွေနဲ့ အတိအကျ တိုင်ပါ။ မတိုင်ဘဲနေရင် ပိုဆိုးလာနိုင်ပါတယ်။

Source : CNBC

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က