In partnership with  logo
စိတ်ဆောင်နေလို့သာ ဒီလိုမျိုး အပင်ပန်းခံနိုင်တာပါ။

တရုတ်နိုင်ငံက သက်ကြီးရွယ်အို အဘွားတစ်ယောက်ဟာ သူ့ရဲ့မြေးလေးကို ဝှီးချဲလ်လေးပေါ်တင်ပြီး နေ့စဉ်ကျောင်းလိုက်ပို့တဲ့အကြောင်းလေးက တကယ်ပဲ ပီတိဖြစ်စရာ သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ မြေးလေးက မသန်စွမ်းဖြစ်နေတော့ လမ်းမလျှောက်နိုင်ရှာဘူး။ ကျောင်းကလည်း အိမ်နဲ့ အလှမ်းဝေးပါတယ်။ ဒါကိုပဲ အဘွားဖြစ်သူက နေ့စဉ် လိုက်ပို့ပေးနေတာပါ။


 

အဘွားနာမည်က Shi Yuying လို့ ခေါ်ပြီး အသက်က ၇၆ နှစ် ရှိပါပြီ။ ယုယင်ရဲ့ အသက် ၉ နှစ်အရွယ် မြေးလေး Jiang Haowen က လမ်းမလျှောက်နိုင်ရှာဘူး။ ဟောင်းဝမ်ကို ပညာတတ်စေချင်တဲ့ အဘွားဖြစ်သူက ကိုယ်တိုင်အသက်ကြီးနေပေမဲ့ မြေးလေးကိုတော့ နေ့စဉ် ဝှီးချဲလေးပေါ်တင်ပြီး ကျောင်းလိုက်ပို့ရှာတယ်။

 

မြေးကို လိုက်ပို့တယ်၊ ပြန်လာတယ်။ ကျောင်းဆင်းချိန် ထပ်သွားပြီး မြေးလေးကို ပြန်ကြိုတယ်။ ကျောင်းနဲ့အိမ် အသွားအပြန် ၄ ခေါက် လုပ်ရတဲ့ခရီးက ၁၅ မိုင်လောက် ရှိပါတယ်။ " ကျွန်မအားရှိနေသမျှတော့ သူ့ကို သယ်နေဦးမှာပဲ" လို့ ယုယင်က မငြီးမငြူ ဆိုပါတယ်။

 

အသက်ကြီးသူတစ်ဦးအနေနဲ့ နေ့စဉ် ၁၅ မိုင် လမ်းလျှောက်ဖို့ဆိုတာ မလွယ်လှတဲ့ကိစ္စပါ။ ပြင်းပြတဲ့ဆန္ဒနဲ့ မြေးအပေါ် ချစ်တဲ့စိတ်က ယုယင်ကို ဦးဆောင်ခဲ့ပါတယ်။ ဟောင်းဝမ်လေးဟာ cerebral palsy လို့ခေါ်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရတာပါ။ ကိုယ်တိုင်လည်း လမ်းမလျှောက်နိုင်ဘဲ အမြဲတမ်း ဘေးကနေ ဂရုစိုက်ပေးမှရပါတယ်။ သူ့အသက် ၄ နှစ်မှာ မိဘတွေက ကွာရှင်းပြတ်စဲသွားတယ်။ အဖေက နယ်ဝေးမှာ အလုပ်လုပ်ပြီး အမေက နောက်အိမ်ထောင်ပြုသွားတော့ ယုယင်က မြေးလေးကို ခေါ်ယူစောင့်ရှောက်ထားတာပါ။

 

ဆင်းရဲမွဲတေလွန်းတဲ့ သူတို့မြေးအဖွားဟာ Guangxi ပြည်နယ်၊ Huangguan မြို့က Daizhuyuan ဆိုတဲ့ ရွာလေးမှာ နေနေကြပါတယ်။ ဒီဝှီးချဲလေးကိုတောင် ဇူလိုင်လတုန်းကမှ ဒေသအာဏာပိုင်တွေက ထောက်ပံ့ခဲ့လို့ ခုလိုမျိုးတင်ပြီး သယ်ဆောင်နိုင်ရှာတာပါ။ မိုးဘယ်လောက်ရွာရွာ၊ နေဘယ်လောက်ပူပူ ယုယင်ကတော့ မြေးလေးကို ဝှီးချဲပေါ်တင်တွန်းပြီး ကျောင်းလိုက်ပို့နေတဲ့ မြင်ကွင်းဟာ မြင်ရသူတွေကို ဝမ်းနည်းကရုဏာသက်မိစေပါတယ်။

Source : Mail Onlie


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က