In partnership with  logo
အမျိုးသမီးနဲ့ ကလေးတွေရဲ့ လူမှုဘဝဖူလုံ သာယာရေး လုပ်ငန်းတွေကို အဓိကလုပ်ဆောင်ခဲ့တယ်။

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေး သမိုင်းထဲမှာ မြန်မာအမျိုးသမီးတစ်ဦးလည်း ပါဝင်ဖူးပါတယ်။ သူမ အမည်က တင့်တင့်လို့ ခေါ်ပြီး အိန္ဒိယနိုင်ငံရဲ့ ၁၀ ဦးမြောက် သမ္မတရဲ့ ဇနီး ဖြစ်ပါတယ်။ အိန္ဒိယနာမည်က Usha Narayanan ဖြစ်ပါတယ်။

K.R.Narayanan ဟာ အိန္ဒိယနိုင်ငံရဲ့ ၁၀ ဦးမြောက် သမ္မတ ဖြစ်ပါတယ်။ သမ္မတ မဖြစ်မီတည်းက တင့်တင့်နဲ့ လက်ထပ်ခဲ့တာပါ။ သမ္မတ ဖြစ်လာချိန်မှာတော့ တင့်တင့်ဟာ အိန္ဒိယနိုင်ငံသမိုင်းမှာ ဒုတိယမြောက် နိုင်ငံခြားသူသမ္မတကတော် ဖြစ်လာခဲ့ပါတယ်။

 

တင့်တင့်ဟာ သမ္မတကတော်အဖြစ် ရှိနေစဉ်မှာ အမျိုးသမီးတွေရဲ့ လူမှုဘဝဖူလုံရေးကဏ္ဍတွေမှာ အဓိကလှုပ်ရှားဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၂၃ ခုနှစ်က မြန်မာနိုင်ငံ၊ ရမည်းသင်းမြို့မှာ ဖွားမြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ (BA) ရခဲ့ပါတယ်။ အဲ့ဒီနောက် မြန်မာစာပေနဲ့ဘာသာစကား ဌာနမှာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာသင်ဆုနဲ့ Selhi School of Social Work မှာ ပညာသင်ယူခဲ့ပါတယ်။ အဲ့ဒီနောက် MA ဘွဲ့ကို ရခဲ့တယ်။

 

သမ္မတမဖြစ်မီက K.R.Narayanan ဟာ ရန်ကုန်မှာ လာရောက်တာဝန်ထမ်းဆောင်စဉ် တင့်တင့်နဲ့ ဆုံခဲ့ပြီး ၁၉၅၁ ခုနှစ် ဇွန်လ ၈ ရက်မှာ ဒေလီမှာ မင်္ဂလာဆောင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်မင်္ဂလာဆောင်ဖို့က မလွယ်ခဲ့ဘူး။ Narayanan က IFS ဖြစ်ပြီး တင့်တင့်က နိုင်ငံခြားသားဖြစ်နေတော့ အိန္ဒိယနာမည် Usha လို့ အမည်ပြောင်းပြီး နိုင်ငံသားပြောင်းလဲခံယူလိုက်ရပါတယ်။ အိန္ဒိယနိုင်ငံက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် လူမှုဖူလုံရေးအစီအစဉ်ပေါင်းများစွာ ပြုလုပ်ပေးခဲ့တယ်။  ဆရာသိန်းဖေမြင့်ရဲ့ ဝတ္ထုတိုတွေကို Sweet and Sour အမည်နဲ့ ဘာသာပြန်ဆို ထုတ်ဝေခဲ့တယ်။

 

သမီးနှစ်ယောက် ဖွားမြင်ခဲ့ပြီး သမီးတစ်ဦးက ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ တင့်တင့်ဟာ ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က Sir Ganga Ram ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၈၆ နှစ် ရှိပါပြီ။

Source : Wiki


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က