In partnership with  logo
ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်နေသူပီပီ သူမရဲ့ နေရာကနေ ဆီးရီးယားအရေးကို ဝေဖန်လိုက်တာပါ။

ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီက ဆီးရီးယားစစ်ပွဲ ၈ နှစ်ထဲကို ဝင်ရောက်လာချိန်မှာ အဓိပ္ပာယ်မရှိတဲ့အငြင်းပွားမှုတွေကို အဆုံးသတ်ပြီး စစ်ကိုရပ်စဲဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

ဂျိုလီဟာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်နေသူပီပီ သူမရဲ့ နေရာကနေ ဆီးရီးယားအရေးကို ဝေဖန်လိုက်တာပါ။ ဆီးရီးယားစစ်ဟာ နိုင်ငံရေးအရနဲ့ သံတမန်ရေးအရ ယုံကြည်လောက်စရာ နည်းပါးနေတဲ့အတွက် အကြမ်းဖက်မှုတွေနဲ့ အဆုံးသတ်သွားစေနိုင်တယ်လို့ သူမက ဆိုပါတယ်။

 

စစ်ပွဲကြောင့် ရွှေ့ပြောင်းနေထိုင်ရတဲ့ ကလေးတွေကို တွေ့ဆုံဖို့အတွက် ဂျော်ဒန်နိုင်ငံက Zaatari ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တာပါ။ ရွှံ့တွေနဲ့ ထူထပ်နေတဲ့နေရာမှာ ကလေးတွေက သူမရဲ့အနားမှာ ဝန်းရံနေခဲ့ကြတယ်။ အဲ့ဒီနေရာက အေးစက်တဲ့ကန္တရာထဲမှာ တည်ရှိပြီး ဆီးရီးယားနယ်စစ်ကနေ တစ်နာရီလောက် မောင်းသွားရတဲ့နေရာပါ။

Zaatari ဒုက္ခသည်စခန်းကိုရောက်တာ ဒါနဲ့ဆိုရင် ၅ ခေါက်မြောက် ရှိပါပြီ။ ၂၀၁၂ စက်တင်ဘာ၊ ၂၀၁၃ ဇွန်လတွေတုန်းကလည်း သွားရောက်ခဲ့ပါသေးတယ်။ ၂၀၁၃ ခုနှစ်က ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ခြင်းကတော့ ဂျိုလီ့အနေနဲ့ ရင်သားဖြတ်ထုတ်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂရဲ့ ဒုက္ခသည်အေဂျင်စီနဲ့အတူ ပထမဆုံးအကြိမ် သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။

 

ဇန်နဝါရီ ၂၈ ရက်နေ့မှာတော့ ၅ ကြိမ်မြောက်အဖြစ် ထပ်မံသွားရောက်ခဲ့တာပါ။ " ဂျော်ဒန်ကိုပြန်လာပြီး ဆီးရီးယားဒုက္ခသည်တွေကြားက စိတ်ဒဏ်ရာနဲ့ အခက်အခဲတွေကို မြင်နေရတာဟာ ရင်ကွဲစရာပါပဲ။ " လို့ ဂျိုလီက ပြောပါတယ်။

" ကျွန်မတို့ UNHCR အနေနဲ့ စစ်ပွဲရဲ့သားကောင်တွေကို ရက်ရောမှုနဲ့ လူသားချင်းစာနာမှုတွေ ပေးအပ်တဲ့အတွက် ဂျော်ဒန်ပြည်သူတွေကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါတယ်။ ဂျော်ဒန်၊ လက်ဘနွန်၊ တူရကီ၊ အီရတ်တို့ဟာ ဆီရီးယားဒုက္ခသည် ၅.၅ သန်း နီးပါးကို လက်ခံထားကြပါတယ်။ ဒုက္ခသည်မိသားစုဝင်တွေဟာ အစားအစာမလုံလောက်ဘဲ နေနေကြရပြီး ကလေးတွေဟာလည်း ဆေးကုသမှု မရရှိကြပါဘူး။ အမျိုးသမီးငယ်တွေကလည်း စောစောစီးစီးလက်ထပ်ဖို့ ဖြစ်လာကြပြီး ဆီးရီးယန်းအများစုဟာ ဆောင်းရာသီမှာ သင့်လျော်တဲ့အမိုးအကာအောက် မနေကြရဘူး။ လူသားချင်းစာနာမှုအကူအညီတွေဆိုတာက ရေရှည်အတွက် ဖြေရှင်းချက်မဟုတ်ပါဘူး။" လို့ သူမက ဆိုတယ်။

 

နောက်ဆုံးအနေနဲ့ " နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်မ ဒီနေ့ ပြောချင်တဲ့ သတင်းစကားကတော့ အခြေအနေဆိုးရွားနေတဲ့ ဆီးရီးယားမိသားစုတွေရဲ့ လိုအပ်ချက်တွေကို ကျေးဇူးပြုပြီး ပိုကူညီပေးကြဖို့ပါပဲ" လို့ တောင်းဆိုသွားခဲ့ပါတယ်။  Zaatari ဒုက္ခသည်စခန်းကို ၂၀၁၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ဂျော်ဒန်နိုင်ငံရဲ့ အကြီးဆုံး ဒုက္ခသည်စခန်းလည်း ဖြစ်ပါတယ်။ ဆီးရီးယားဒုက္ခသည် ၈၀၀၀၀ နီးပါးကို လက်ခံထားရှိပါတယ်။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က