• Empowerment Culture
    ဗစ်တိုးရီးယားဘက်ခမ်း ပြောပြတဲ့ အိမ်ထောင်ရေးမှာ အရေးကြီးဆုံးအရာဆိုတာ
Su Yee Moe
[Unicode Version]

အဆိုတော်တစ်ယောက်အဖြစ်နဲ့ အောင်မြင်ခဲ့သလို ဒီဇိုင်နာအလုပ်ကို ပြောင်းလဲလုပ်တာ့လည်း ဗစ်တိုးရီးယားဘက်ခမ်းဟာ အောင်မြင်မှုတွေ ရနေသူပါ။ သားသမီး ၄ ယောက်ကိုလည်း စနစ်တကျ ထိန်းကျောင်းနိုင်သူလည်းဖြစ်တယ်။ ပြီးတော့ ဘက်ခမ်းနဲ့ အိမ်ထောင်ရေးကလည်း သာယာနေအောင် ထိန်းသိမ်းထားနိုင်သူ။ ဗစ်တိုးရီးယားအနေနဲ့ သူမရဲ့ အိမ်ထောင်ရေးကို အဆင်ပြေနေအောင် ဘယ်လိုလုပ်သလဲဆိုတာ ပြောပြထားတယ်။

1491552788-elle-uk-may-cover-victoria-beckham-kerry-hallihan.jpg 

ဒီဇိုင်နာ ဗစ်တိုးရီးယားဟာ သူမနဲ့ဘက်ခမ်းရဲ့ အိမ်ထောင်ရေး ပြေလည်နေရခြင်းမှာ အဓိကကျဆုံးအရာကို Elle UK မဂ္ဂဇင်းမှာ ပြောသွားခဲ့တာပါ။ ဘက်ခမ်းက သူမကို ကလေးထိန်းကျောင်းတဲ့နေရာမှာ ကူညီပေးတာက အိမ်ထောင်ရေးသာယာခြင်းရဲ့ အဓိကသော့ချက်ပဲလို့ ဗစ်တိုးရီးယားကပြောတယ်။

1491553047-elle-uk-may-cover-victoria-beckham-kerry-hallihan-01.jpg 

" ဖက်ရှင်ရက်သတ္တပတ်တွေ (ဖက်ရှင်ရှိုးရှိတဲ့အချိန်တွေ)မှာ ကျွန်မ အလုပ်လုပ်နေချိန်ဆို ကလေးတွေက နယူးယော့ခ်မှာ ရှိနေမှာ။ သူက ကလေးတွေကို ပြတိုက်တွေလိုက်ပို့ဖို့နဲ့ စနေညမှာ ညစာထွက်စားဖို့ အသင့်စီစဉ်ထားပြီးနေပြီ။ သူက ကျွန်မလုပ်သလိုမျိုး ကောင်းကောင်းလုပ်နိုင်တယ်။ ဒါဟာ ကိုယ့်အိမ်ထောင်ရေးမှာ ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ ပြသရာရောက်ပါတယ်။ ကျွန်မက အဲ့တာကို ရထားတယ်လေ။ အဲ့ဒီအတွက် တကယ့် ပါတနာကောင်းတစ်ယောက် ဖြစ်စေတယ်" လို့ ကလေး ၄ ဦး မိခင် ဗစ်တိုးရီးယားက အင်တာဗျူးမှာ ဖြေခဲ့တယ်။

1491553214-elle-may-2017-cover.jpg 

နှစ်ယောက်လုံးကတော့ အရမ်းအရမ်းကို အလုပ်များကြတဲ့လူတွေပါ။ ဒါပေမဲ့ နှစ်ယောက်အတူရှိချိန်တွေမှာ ဖုန်းတွေကို ချထားပြီး တစ်ခါတစ်လေဆို စကားတွေပဲ ပြောဖြစ်ကြတယ်လို့ ဗစ်တိုးရီးယားကပြောတယ်။ သိပ်မပြုံးတတ်တဲ့ ဗစ်တိုးရီးယားဟာ တကယ်တော့ စိတ်အေးလက်အေး အနားယူပြီး ရယ်မောရတာကိုလည်း ကြိုက်ပါတယ်။ သူ့အနေနဲ့ အဲ့လိုရယ်မောလိုက်တိုင်း လူတွေအံ့သြပျော်ရွှင်သွားကြလို့လည်း ကျေနပ်တယ်လို့ ပြောပါတယ်။

Source : Bazaar

[Zawgyi Version]

အဆိုေတာ္တစ္ေယာက္အျဖစ္နဲ႔ ေအာင္ျမင္ခဲ့သလို ဒီဇိုင္နာအလုပ္ကို ေျပာင္းလဲလုပ္တာ့လည္း ဗစ္တိုးရီးယားဘက္ခမ္းဟာ ေအာင္ျမင္မႈေတြ ရေနသူပါ။ သားသမီး ၄ ေယာက္ကိုလည္း စနစ္တက် ထိန္းေက်ာင္းႏိုင္သူလည္းျဖစ္တယ္။ ၿပီးေတာ့ ဘက္ခမ္းနဲ႔ အိမ္ေထာင္ေရးကလည္း သာယာေနေအာင္ ထိန္းသိမ္းထားႏိုင္သူ။ ဗစ္တိုးရီးယားအေနနဲ႔ သူမရဲ႕ အိမ္ေထာင္ေရးကို အဆင္ေျပေနေအာင္ ဘယ္လိုလုပ္သလဲဆုိတာ ေျပာျပထားတယ္။

ဒီဇိုင္နာ ဗစ္တိုးရီးယားဟာ သူမနဲ႔ဘက္ခမ္းရဲ႕ အိမ္ေထာင္ေရး ေျပလည္ေနရျခင္းမွာ အဓိကက်ဆံုးအရာကို Elle UK မဂၢဇင္းမွာ ေျပာသြားခဲ့တာပါ။ ဘက္ခမ္းက သူမကို ကေလးထိန္းေက်ာင္းတဲ့ေနရာမွာ ကူညီေပးတာက အိမ္ေထာင္ေရးသာယာျခင္းရဲ႕ အဓိကေသာ့ခ်က္ပဲလို႔ ဗစ္တိုးရီးယားကေျပာတယ္။

" ဖက္ရွင္ရက္သတၱပတ္ေတြ (ဖက္႐ွင္႐ႈိးရွိတဲ့အခ်ိန္ေတြ)မွာ ကၽြန္မ အလုပ္လုပ္ေနခ်ိန္ဆို ကေလးေတြက နယူးေယာ့ခ္မွာ ရွိေနမွာ။ သူက ကေလးေတြကို ျပတိုက္ေတြလိုက္ပို႔ဖုိ႔နဲ႔ စေနညမွာ ညစာထြက္စားဖုိ႔ အသင့္စီစဥ္ထားၿပီးေနၿပီ။ သူက ကၽြန္မလုပ္သလိုမ်ိဳး ေကာင္းေကာင္းလုပ္ႏိုင္တယ္။ ဒါဟာ ကိုယ့္အိမ္ေထာင္ေရးမွာ ဘယ္လိုကူညီေပးႏိုင္မလဲဆုိတာ ျပသရာေရာက္ပါတယ္။ ကၽြန္မက အဲ့တာကို ရထားတယ္ေလ။ အဲ့ဒီအတြက္ တကယ့္ ပါတနာေကာင္းတစ္ေယာက္ ျဖစ္ေစတယ္" လို႔ ကေလး ၄ ဦး မိခင္ ဗစ္တိုးရီးယားက အင္တာဗ်ဴးမွာ ေျဖခဲ့တယ္။

ႏွစ္ေယာက္လံုးကေတာ့ အရမ္းအရမ္းကို အလုပ္မ်ားၾကတဲ့လူေတြပါ။ ဒါေပမဲ့ ႏွစ္ေယာက္အတူရွိခ်ိန္ေတြမွာ ဖုန္းေတြကို ခ်ထားၿပီး တစ္ခါတစ္ေလဆို စကားေတြပဲ ေျပာျဖစ္ၾကတယ္လို႔ ဗစ္တိုးရီးယားကေျပာတယ္။ သိပ္မျပံဳးတတ္တဲ့ ဗစ္တိုးရီးယားဟာ တကယ္ေတာ့ စိတ္ေအးလက္ေအး အနားယူၿပီး ရယ္ေမာရတာကိုလည္း ႀကိဳက္ပါတယ္။ သူ႔အေနနဲ႔ အဲ့လိုရယ္ေမာလိုက္တိုင္း လူေတြအံ့ၾသေပ်ာ္႐ႊင္သြားၾကလို႔လည္း ေက်နပ္တယ္လို႔ ေျပာပါတယ္။

Source : Bazaar


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs