• Empowerment Culture
    တစ်ကိုယ်တော်ခြေဆန့်မယ့် မဒီလေးတို့အတွက် မှတ်ထားသင့်တဲ့အရာ (၄) ခု
Su Yee Moe
[Unicode Version]

တစ်ယောက်တည်း ခရီးထွက်သင့်တယ်ဆိုတဲ့ အကြောင်းတွေကို မကြာခဏ ကြားဖူး၊ ဖတ်ဖူးကြမှာပါ။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ဆို တစ်ယောက်တည်း ခရီးထွက်ဖို့က ခက်ခဲတတ်တယ်။ အဓိက အချက်ကတော့ လုံခြုံစိတ်ချရမှုကြောင့်ပါ။ မဒီလေးဟာ သတ္တိရှိပြီး တစ်ကိုယ်တော် ခရီးထွက်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ လုံခြုံစိတ်ချရဖို့အတွက် မဒီက ဒါလေးတွေ အကြံပေးလိုက်ချင်ပါတယ်။

၁။ လေ့လာပါ

97.jpg 

ကိုယ်သွားမယ့်နေရာအကြောင်း ၊ ဓလေ့စရိုက်၊ စည်းမျဉ်းစည်းကမ်း၊ ထုံးစံတွေအကြောင်းကို သိထားဖို့ လိုပါတယ်။ အချို့ဒေသတွေမှာ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာတွေ ရှိတတ်တယ်လေ။ ဒေသခံတွေရဲ့ ထုံးတမ်းတွေကို လိုက်နာတာက သူတို့ကိုလေးစားရာရောက်ပါတယ်။  သူတို့ရဲ့ ရိုးရာဓလေ့ယဉ်ကျေးမှုတွေကိုလည်း ပိုပြီးသိရတာပေါ့။ မသွားခင်တည်းက သွားမယ့်နေရာ၊ လမ်းကြောင်းကို ရင်းနှီးနေအောင် အထပ်ထပ်အခါခါ လေ့လာထားဖို့ အရေးကြီးတယ်နော်။

၂။ ပေါင်းသင်းဆက်ဆံရေးအဆင်ပြေမယ့်နေရာထိုင်ခင်း

28.jpg

ဟိုတယ်၊ တည်းခိုခန်းတွေမှာ တည်းလိုက်ရင် သက်တောင့်သက်သာရှိတာတော့ ဟုတ်တာပေါ့။ ကိုယ်က တစ်ယောက်တည်း တည်းခိုရမှာဖြစ်တဲ့အတွက် အရေးအကြောင်းဆို တိုင်ပင် အကူညီတောင်းလို့ရမယ့် နေရာမျိုးမှာ တည်းဖို့ မဒီက အကြံပေးချင်ပါတယ်။ တည်းတဲ့နေရာကလူတွေနဲ့ ခင်မင်ရင်းနှီးနေတဲ့အခါ အကြံဉာဏ်တွေလည်း တောင်းလို့ရတာပေါ့။

၃။ အဆက်မပြတ်မျှဝေပါ

မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ လူရင်းတွေကို ကိုယ့်ရဲ့ခရီးစဉ်အကြောင်း အဆက်မပြတ် သတင်းပို့နေပါ။ ဘာလုပ်မယ်ဆိုတာလည်း ကြိုပြောထားပါ။ ဘယ်ရောက်နေတယ်ဆိုတာကိုလည်း သူတို့သိပါစေ။

၄။ နည်းပညာရဲ့အကူအညီကိုယူ

Google_Maps_iPhone_iOS_shutterstock_215587159.jpg 

ဖုန်းတွေမှာ တည်နေရာကို ရှာနိုင်တဲ့ option တွေ ပါပါတယ်။ အဲ့တာတွေကိုလည်း သုံးတတ်အောင် လုပ်ထားပါနော်။ နောက်တစ်ခုက facebook messeger မှာ ဆိုရင်လည်း location share လို့ ရတယ်။ အဲ့တာလေးတွေကို စောနကပြောသလိုမျိုး ရင်းနှီးသူတွေဆီ၊ တည်းတဲ့နေရာက လူတွေဆီ ပို့ထားတာမျိုးက ကိုယ့်ရဲ့လုံခြုံရေးအတွက် ပိုစိတ်ချရပါတယ်။

Source : Forbes

[Zawgyi Version]

တစ္ေယာက္တည္း ခရီးထြက္သင့္တယ္ဆုိတဲ့ အေၾကာင္းေတြကို မၾကာခဏ ၾကားဖူး၊ ဖတ္ဖူးၾကမွာပါ။ ဒါေပမဲ့ မိန္းကေလးတစ္ေယာက္အေနနဲ႔ဆို တစ္ေယာက္တည္း ခရီးထြက္ဖုိ႔က ခက္ခဲတတ္တယ္။ အဓိက အခ်က္ကေတာ့ လံုျခံဳစိတ္ခ်ရမႈေၾကာင့္ပါ။ မဒီေလးဟာ သတၱိ႐ွိၿပီး တစ္ကိုယ္ေတာ္ ခရီးထြက္ဖို႔ ဆႏၵ႐ွိတယ္ဆိုရင္ေတာ့ လံုျခံဳစိတ္ခ်ရဖုိ႔အတြက္ မဒီက ဒါေလးေတြ အၾကံေပးလိုက္ခ်င္ပါတယ္။

၁။ ေလ့လာပါ

 

ကိုယ္သြားမယ့္ေနရာအေၾကာင္း ၊ ဓေလ့စ႐ိုက္၊ စည္းမ်ဥ္းစည္းကမ္း၊ ထံုးစံေတြအေၾကာင္းကို သိထားဖုိ႔ လိုပါတယ္။ အခ်ိဳ႕ေဒသေတြမွာ မိန္းကေလးေတြနဲ႔ ပတ္သက္ၿပီး ကန္႔သတ္ထားတာေတြ ရွိတတ္တယ္ေလ။ ေဒသခံေတြရဲ႕ ထံုးတမ္းေတြကို လိုက္နာတာက သူတုိ႔ကိုေလးစားရာေရာက္ပါတယ္။  သူတုိ႔ရဲ႕ ရိုးရာဓေလ့ယဥ္ေက်းမႈေတြကိုလည္း ပိုၿပီးသိရတာေပါ့။ မသြားခင္တည္းက သြားမယ့္ေနရာ၊ လမ္းေၾကာင္းကို ရင္းႏွီးေနေအာင္ အထပ္ထပ္အခါခါ ေလ့လာထားဖုိ႔ အေရးႀကီးတယ္ေနာ္။

၂။ ေပါင္းသင္းဆက္ဆံေရးအဆင္ေျပမယ့္ေနရာထုိင္ခင္း

ဟိုတယ္၊ တည္းခိုခန္းေတြမွာ တည္းလိုက္ရင္ သက္ေတာင့္သက္သာ႐ွိတာေတာ့ ဟုတ္တာေပါ့။ ကိုယ္က တစ္ေယာက္တည္း တည္းခိုရမွာျဖစ္တဲ့အတြက္ အေရးအေၾကာင္းဆုိ တိုင္ပင္ အကူညီေတာင္းလို႔ရမယ့္ ေနရာမ်ိဳးမွာ တည္းဖုိ႔ မဒီက အၾကံေပးခ်င္ပါတယ္။ တည္းတဲ့ေနရာကလူေတြနဲ႔ ခင္မင္ရင္းႏွီးေနတဲ့အခါ အၾကံဉာဏ္ေတြလည္း ေတာင္းလို႔ရတာေပါ့။

၃။ အဆက္မျပတ္မွ်ေဝပါ

မိသားစုဝင္ေတြ၊ သူငယ္ခ်င္းေတြ၊ လူရင္းေတြကို ကိုယ့္ရဲ႕ခရီးစဥ္အေၾကာင္း အဆက္မျပတ္ သတင္းပို႔ေနပါ။ ဘာလုပ္မယ္ဆုိတာလည္း ႀကိဳေျပာထားပါ။ ဘယ္ေရာက္ေနတယ္ဆုိတာကိုလည္း သူတုိ႔သိပါေစ။

၄။ နည္းပညာရဲ႕အကူအညီကိုယူ

 

ဖုန္းေတြမွာ တည္ေနရာကို ရွာႏိုင္တဲ့ option ေတြ ပါပါတယ္။ အဲ့တာေတြကိုလည္း သံုးတတ္ေအာင္ လုပ္ထားပါေနာ္။ ေနာက္တစ္ခုက facebook messeger မွာ ဆိုရင္လည္း location share လို႔ ရတယ္။ အဲ့တာေလးေတြကို ေစာနကေျပာသလိုမ်ိဳး ရင္းႏွီးသူေတြဆီ၊ တည္းတဲ့ေနရာက လူေတြဆီ ပို႔ထားတာမ်ိဳးက ကိုယ့္ရဲ႕လံုျခံဳေရးအတြက္ ပိုစိတ္ခ်ရပါတယ္။

Source : Forbes


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs