In partnership with  logo
မိန်းကလေးတစ်ယောက်ရဲ့ ခွန်အားလောက် ဘယ်အရာကမှ ပိုပြီးအရေးမကြီးပါဘူး။

ရုပ်ရှင်တွေ၊ စာအုပ်တွေဆိုတာ စိတ်အပန်းဖြေဖို့သက်သက် ကြည့်တာတင်မဟုတ်ဘူးနော်။ သင်ခန်းစာတွေ အားကျအတုယူစရာတွေဟာလည်း ရုပ်ရှင်တွေ စာအုပ်တွေထဲကနေ ရတတ်ကြတယ်လေ။ ဒါကြောင့်မို့လို့လည်း မဒီတို့က ရုပ်ရှင်ကားကောင်းလေးတွေကို သွားသွားကြည့်ကြ၊ စာတွေဖတ်ကြရတာပေါ့။ မဒီလေးတို့မှာ အားငယ်နေချိန်၊ ပင်ပန်းမောဟိုက်ပြီး စိတ်ဓာတ်တွေကျနေချိန်တွေ ရှိနေပြီဆိုရင် ဒီဇာတ်ကားလေးတွေကို ကြည့်ကြည့်ပါလား။ အမျိုးသမီးဇာတ်ကောင်တွေကို အဓိက အားပြုရိုက်ကူးထားပြီး စိတ်ဓာတ်ခွန်အားတွေ ရနိုင်မယ့် ဇာတ်ကားကောင်းတွေကို မဒီက ညွှန်းပေးလိုက်ချင်လို့ပါ။ ကာတွန်းကားကို အခုတော့ တရုတ်မင်းသမီး လုယီဖေးနဲ့ ရုပ်ရှင်အဖြစ် ပြန်ရိုက်နေပါတယ်။ ထွက်လာရင်တော့လည်း ထပ်ကြည့်ကြတာပေါ့နော်။



၁။ Mulan

Shang_and_mulan.jpg 

မဒီအကြိုက်ဆုံးကာတွန်းကားကို ညွှန်းလိုက်ဦးမယ်။ ငယ်တုန်းကကြည့်ခဲ့တဲ့ ဒီကာတွန်းလေးက ခုချိန်ထိလည်း စိတ်ထဲစွဲနေတုန်းပဲ။ မူလန်ဆိုတဲ့ကောင်မလေးက မကျန်းမာတဲ့ သူ့အဖေကို စစ်မှုမထမ်းစေချင်လို့ ယောက်ျားလေးယောင်ဆောင်ပြီး စစ်ထဲဝင်သွားတာ။ မိန်းကလေးတစ်ယောက် စစ်ထဲဝင်ပြီး ယောက်ျားတွေကြားထဲမှာ လေ့ကျင့်ရုန်းကန်ရတာတွေဟာ အရမ်းကို ခက်ခဲပင်ပန်းခဲ့တယ်။ နောက်တော့ မူလန်ဟာ တရုတ်ပြည်ရဲ့ စစ်သူကြီးဖြစ်လာခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်ကားပါ။ မလုပ်နိုင်တော့ဘူး အရမ်းပင်ပန်းနေပြီလို့ ခံစားရတိုင်း ဒီကားလေးကို ပြန်ပြန်ကြည့်ဖြစ်တယ်။ You can do it ပါနော်။

၂။ Legally Blonde

2legally_blonde_-_h_-_2016_1050_591_81_s_c1.jpg 

အလှကြိုက်တဲ့ မိန်းကလေးတွေကို ပြစ်တင်နေဖို့မလိုဘူး။ အလှအပနဲ့ ဉာဏ်ပညာဆိုတာ ပူးတွဲတည်ရှိနိုင်ပါတယ်ဆိုတဲ့အကြောင်း ဒီဇာတ်ကားလေးက သက်သေပြထားတယ်။ အလှအပကလွဲပြီး ဘာမှစိတ်မဝင်စားတဲ့ ကောင်မလေးဟာ အချစ်ကြောင့် ဟားဗတ်တက္ကသိုလ်ဝင်ခွင့်ကို မရရအောင် ကြိုးစားခဲ့တယ်။ တကယ်တမ်း စိတ်ပါလက်ပါနဲ့ ကြိုးစားတဲ့အခါ သူမဟာ အောင်မြင်တဲ့ရှေ့နေမလေးတစ်ယောက် ဖြစ်လာခဲ့တယ်။ လှလည်းလှ၊ တော်လည်းတော်တဲ့ ကောင်မလေးပေါ့။

၃။ Gone With The Wind

maxresdefault.jpg 

ဒီဇာတ်ကားက မဒီလေးတို့ရဲ့ အမေတွေ၊ အဖွားတွေ လက်ထက်မှာ ရိုက်ခဲ့တဲ့ဇာတ်ကားပါ။ ဒါပေမဲ့ ပြန်ရှာပြီး ကြည့်စေချင်တယ်။ ၁၉၃၉ ခုနှစ်ကဆိုတော့ အရမ်းကို ရှေးဆန်နေပြီလို့ မထင်လိုက်နဲ့နော်။ ခုချိန်ကြည့်လည်း ကြည့်ကောင်းနေတုန်းပဲ။ စကားလက်အိုဟားရားဆိုတဲ့ ကောင်မလေးက သွက်တယ်၊ ချစ်စရာကောင်းတယ်၊ ယောက်ျားလေးတွေဝိုင်းနေတဲ့ ကောင်မလေး။ နောက်တော့ ဘဝမှာ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရတယ်။ ခက်ခဲပင်ပန်းလွန်းတဲ့ဘဝမှာ လှလှပပ နုနုရွရွနေခဲ့တဲ့ စကားလက်ကနေ ဘဝကို အရှုံးမပေးတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။ ဘယ်လိုနည်းနဲ့မဆို ရှင်သန်နိုင်ဖို့ပဲ စဉ်းစားတော့တယ်။ ကိုယ်တိုင်အတွက်သာမကဘူး တခြားလူတွေကိုပါ ငဲ့ညှာပေးတတ်လာတယ်။ စကားလက်ရဲ့ ဘဝဟာ အမြဲတမ်း ပြောင်းလဲနေပေမဲ့ အပြောင်းအလဲတိုင်းဟာ သူမကို ကျရှုံးမသွားစေခဲ့ဘူး။ သူပြောတဲ့စကားတစ်ခွန်းဆို နာမည်ကြီးတယ်။ " အဲ့ဒါကို နက်ဖြန်မှပဲ စဉ်းစားတော့မယ်" ဆိုတာ။ ဘဝကို လက်တွေ့ကျကျနဲ့ ရင်ဆိုင်ပြီး ပစ္စုပ္ပန်ကိုပဲအာရုံစိုက်တတ်တဲ့ အမျိုးသမီးတစ်ယောက်ဆီမှာ အားကျစရာခွန်အားတွေ ရှိနေပါတယ်။ ဒီစာအုပ်ကို စာရေးဆရာမ မားဂရတ် မစ်ရှဲလ်က ရေးခဲ့ပြီး ဝတ္ထုကလည်း အရမ်းကိုကျော်ကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က