အန်ဂျလီနာဂျိုလီဟာ သူမရဲ့ သမီးတွေကို လူမြင်ကွင်းမှာ အမြဲတမ်း ပွဲထုတ်လေ့ရှိတယ်။ ဒါပေမဲ့ ဘဝမှာ ကော်ဇောနီထက်ပိုပြီး အရေးကြီးတဲ့အရာ ရှိတယ်ဆိုတာကိုလည်း သတိပေးဆုံးမတယ်။ သမီးတွေကို ဘယ်လိုဆုံးမသွန်သင်သလဲ ဆိုတဲ့အကြောင်းကို မဂ္ဂဇင်းအင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။
သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဂျိုလီက သူ့ရဲ့ကလေးတွေကို သူ့ခြေရာနင်းစေလိုပါတယ်။ ပြီးတော့ လူတွေကို ကူညီဆောင်ရွက်ပေးရတဲ့ဘဝနဲ့ အခြားအမျိုးသမီးတွေနဲ့အတူ တစည်းတလုံးတည်း ရှိမှာကိုလည်း လိုလားပါတယ်။ " ကျွန်မသမီးတွေကို ကျွန်မပြောတယ်... ကိုယ့်ကိုယ်ကိုယ်ခွဲထုတ်လိုက်တာက တခြားလူတွေအတွက် လုပ်ကိုင်ပေးချင်တဲ့ ဆန္ဒရှိလို့ပါပဲ။ လူတိုင်းက dress ဝတ်ပြီး မိတ်ကပ်လိမ်းနိုင်တယ်။ ကိုယ့်စိတ်ကပဲ ကိုယ့်ကိုသတ်မှတ်တာလေ။ ကိုယ်ဘာလဲဆိုတာကို ရှာဖွေပါ၊ ကိုယ်ဘာစဉ်းစားလဲ၊ ပြီးတော့ ကိုယ် ဘာအတွက်ရပ်တည်သလဲဆိုတာကိုရောပေါ့။ ပြီးရင် တခြားလူတွေအတွက် တူညီတဲ့လွတ်လပ်ခွင့်တွေအတွက် တိုက်ခိုက်ပါ။ အမှုထမ်းရတဲ့ဘဝဟာ အသက်ရှင်ရတာ ထိုက်တန်ပါတယ်" လို့ ဂျိုလီက သူမရဲ့ သမီးတွေကို ဆုံးမပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီနဲ့အတူ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ သူမရဲ့အကြံပေးချက်ကို မျှဝေသွားခဲ့တာပါ။ အဲ့ဒီအင်တာဗျူးမှာလည်း ဂျိုလီက အမျိုးသမီးတွေရဲ့အခွင့်အရေး၊ လိင်အကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ စစ်နဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ (မတ်လ ၈ ရက်) နေ့ရဲ့ အရေးပါပုံတွေကို ဆွေးနွေးသွားခဲ့တယ်။ သင်ယူလေ့လာချင်တဲ့အတွက်ကြောင့်မို့လို့ လူ့အခွင့်အရေးကိစ္စတွေအတွက် အလုပ်တွေစလုပ်ခဲ့တယ်၊ ဒုက္ခသည်တွေနဲ့တွေ့ခဲ့တယ်။ ပြဿနာရဲ့ရင်းမြစ်ကို ရှာဖွေဖို့အတွက်လည်း ဂျိုလီက အမြဲတမ်းပြောလေ့ရှိသူပါ။
လက်ရှိမှာ ဂျိုလီက ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှာ အထူးသံတမန်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ ကလေးတွေကိုလည်း ကမ္ဘာတစ်ဝန်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တွေမှာ ပူးပေါင်းပါဝင်ဖို့ကိုလည်း တိုက်တွန်းတယ်လို့ သိရပါတယ်။
Source : Elle, W Mag
အန္ဂ်လီနာဂ်ိဳလီဟာ သူမရဲ႕ သမီးေတြကို လူျမင္ကြင္းမွာ အၿမဲတမ္း ပြဲထုတ္ေလ့႐ွိတယ္။ ဒါေပမဲ့ ဘဝမွာ ေကာ္ေဇာနီထက္ပိုၿပီး အေရးႀကီးတဲ့အရာ ရွိတယ္ဆိုတာကိုလည္း သတိေပးဆံုးမတယ္။ သမီးေတြကို ဘယ္လိုဆံုးမသြန္သင္သလဲ ဆုိတဲ့အေၾကာင္းကို မဂၢဇင္းအင္တာဗ်ဴးတစ္ခုမွာ ေျဖသြားခဲ့ပါတယ္။
သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္သလို လူသားခ်င္းစာနာေထာက္ထားမႈလုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့ ဂ်ိဳလီက သူ႔ရဲ႕ကေလးေတြကို သူ႕ေျခရာနင္းေစလိုပါတယ္။ ၿပီးေတာ့ လူေတြကို ကူညီေဆာင္ရြက္ေပးရတဲ့ဘဝနဲ႔ အျခားအမ်ိဳးသမီးေတြနဲ႔အတူ တစည္းတလံုးတည္း ရွိမွာကိုလည္း လိုလားပါတယ္။ " ကၽြန္မသမီးေတြကို ကၽြန္မေျပာတယ္... ကိုယ့္ကိုယ္ကိုယ္ခြဲထုတ္လိုက္တာက တျခားလူေတြအတြက္ လုပ္ကိုင္ေပးခ်င္တဲ့ ဆႏၵရွိလို႔ပါပဲ။ လူတုိင္းက dress ဝတ္ၿပီး မိတ္ကပ္လိမ္းႏိုင္တယ္။ ကိုယ့္စိတ္ကပဲ ကိုယ့္ကိုသတ္မွတ္တာေလ။ ကိုယ္ဘာလဲဆုိတာကို ရွာေဖြပါ၊ ကိုယ္ဘာစဥ္းစားလဲ၊ ၿပီးေတာ့ ကိုယ္ ဘာအတြက္ရပ္တည္သလဲဆုိတာကိုေရာေပါ့။ ၿပီးရင္ တျခားလူေတြအတြက္ တူညီတဲ့လြတ္လပ္ခြင့္ေတြအတြက္ တိုက္ခိုက္ပါ။ အမႈထမ္းရတဲ့ဘဝဟာ အသက္ရွင္ရတာ ထိုက္တန္ပါတယ္" လို႔ ဂ်ိဳလီက သူမရဲ႕ သမီးေတြကို ဆံုးမပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဂၽြန္ကယ္ရီနဲ႕အတူ ျပဳလုပ္တဲ့ အင္တာဗ်ဴးတစ္ခုမွာ သူမရဲ႕အၾကံေပးခ်က္ကို မွ်ေဝသြားခဲ့တာပါ။ အဲ့ဒီအင္တာဗ်ဴးမွာလည္း ဂ်ိဳလီက အမ်ိဳးသမီးေတြရဲ႕အခြင့္အေရး၊ လိင္အၾကမ္းဖက္မႈ၊ ရာသီဥတုေျပာင္းလဲမႈ၊ စစ္နဲ႔ ႏိုင္ငံတကာအမ်ိဳးသမီးမ်ားေန႔ (မတ္လ ၈ ရက္) ေန႔ရဲ႕ အေရးပါပံုေတြကို ေဆြးေႏြးသြားခဲ့တယ္။ သင္ယူေလ့လာခ်င္တဲ့အတြက္ေၾကာင့္မုိ႔လို႔ လူ႔အခြင့္အေရးကိစၥေတြအတြက္ အလုပ္ေတြစလုပ္ခဲ့တယ္၊ ဒုကၡသည္ေတြနဲ႔ေတြ႕ခဲ့တယ္။ ျပႆနာရဲ႕ရင္းျမစ္ကို ရွာေဖြဖို႔အတြက္လည္း ဂ်ိဳလီက အၿမဲတမ္းေျပာေလ့ရွိသူပါ။
လက္ရွိမွာ ဂ်ိဳလီက ကုလသမဂၢရဲ႕ ဒုကၡသည္မ်ားဆုိင္ရာမဟာမင္းႀကီး႐ံုးမွာ အထူးသံတမန္အျဖစ္နဲ႔ တာဝန္ထမ္းေဆာင္ေနပါတယ္။ ကေလးေတြကိုလည္း ကမၻာတစ္ဝန္းက လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ မစ္႐ွင္ေတြမွာ ပူးေပါင္းပါဝင္ဖုိ႔ကိုလည္း တိုက္တြန္းတယ္လို႔ သိရပါတယ္။
Source : Elle, W Mag
See stories of the future in your inbox each morning.
Copyright © 2018 Duwun.