• Empowerment Culture
    အမျိုးသမီးတွေ အခြေချနေထိုင်ဖို့အတွက် အကောင်းဆုံးနိုင်ငံ (၁၀) ခု
Su Yee Moe
[Unicode Version]

မိန်းကလေးတစ်ယောက်အဖြစ်နဲ့ မွေးဖွားရတာလောက် ကောင်းတာမရှိတော့ဘူး။ မိန်းကလေးတွေက ကမ္ဘာကြီးကို လှပအောင် ပြုလုပ်နိုင်တယ်လေ။ ပျော့ပျောင်းနူးညံ့မှုလည်းရှိသလို သန်မာကြံ့ခိုင်မှုလည်း ရှိကြတယ်။ အမျိုးသမီးတွေကို အခွင့်အရေးတန်းတူညီမျှပေးပြီး လုံခြုံစိတ်ချရမှုရှိတဲ့ နိုင်ငံတွေအကြောင်း ကြည့်ရအောင်။ ခရီးသွားမယ်ဆိုရင် အဲ့ဒီနိုင်ငံတွေဆီ အလည်သွားကြတာပေါ့။

၁။ အိုက်စ်လန်

p8010029.jpg 

အိုက်စ်လန်နိုင်ငံဟာ အမျိုးသမီးတွေကို ဥပဒေတွေနဲ့ ကာကွယ်ပေးထားတယ်။ အင်တာနက်ပေါ်မှာကအစ ထိန်းချုပ်တားမြစ်ထားတဲ့နိုင်ငံပါ။ အမျိုးသမီးတွေကို မကောင်းတဲ့သက်ရောက်မှုဖြစ်စေမယ့် အင်တာနက်ပေါ်က ညစ်ညမ်းပုံတွေကိုပါ သတိထားစောင့်ကြည့်ပြီး တင်းတင်းကျပ်ကျပ်ပိတ်ထားလေ့ရှိတယ်။ အမျိုးသမီးခေါင်းဆောင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အိုက်စ်လန်လွှတ်တော်အမတ်တစ်ဝက်နီးပါးကလည်း အမျိုးသမီးတွေပါ။

၂။ ဖင်လန်

ကျား၊မ တန်းတူညီမျှရေးအတွက် လုပ်ဆောင်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဖင်လန်မှာ အမျိုးသမီးတွေကို အမျိုးသားတွေအောက် လစာလျှော့ပြီးပေးလို့မရပါဘူး။ ဥပေဒနဲ့ငြိစွန်းပါတယ်။ မီးဖွားခွင့်က ၂၆၃ ရက် ပေးပါတယ်။ မီးဖွားခွင့် ကုန်ဆုံးပြီးရင်လည်း အလုပ်ကိုပြန်လုပ်ရပါတယ်။ ၁၉၀၆ ခုနှစ်ကစပြီး ဖင်လန်နိုင်ငံသူတွေဟာ လွှတ်တော်အတွက် ရွေးကောက်ခံဖို့ယှဉ်ပြိုင်ရာမှာ ကန့်သတ်ချက်တွေ မရှိပါဘူး။

၃။ ဆွီဒင်

နိုင်ငံတွင်းက အလုပ်လုပ်နေသူတွေမှာ ၇၇% က အမျိုးသမီးတွေပါ။ အမျိုးသမီးတွေရဲ့ ပညာရေးကို ကောင်းကောင်းထောက်ပံ့ပေးတဲ့နိုင်ငံလည်းဖြစ်တယ်။ အမျိုးသမီးတွေကို မီးဖွားခွင့် ၆၉ ပတ် (၄၈၃ ရက်) တောင် ပေးထားတယ်။

၄။ နော်ဝေး

ကျားမ တန်းတူညီမျှရေးအတွက် ဥပဒေထုတ်တဲ့ ပထမဆုံးနိုင်ငံလည်းဖြစ်တယ်။ စီးပွားရေး၊ နိုင်ငံရေးတင်မက အိမ်တွင်းမှာပါ အမျိုးသမီးတွေဟာ ယောက်ျားတွေနဲ့တန်းတူ အခွင့်အရေး ရကြတယ်။ အစိုးရအဖွဲ့ရဲ့ ၄၀ % က အမျိုးသမီးတွေဖြစ်ကြတယ်။

၅။ နယူးဇီလန်

nw.jpg 

အမျိုးသမီးတွေကို မဲပေးခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံက နယူးဇီလန်ပါ။ ၁၈၉၃ ခုနှစ်မှာ အမျိုးသမီးတွေဟာ မဲပေးခွင့်ရခဲ့ကြတယ်။ ဘုရင်မ၊ အစိုးရ၊ ဝန်ကြီးချုပ်၊ အထက်လွှတ်တော်ဥက္ကဌ စတာတွေအားလုံးကလည်း အမျိုးသမီးတွေပါ။ အမျိုးသမီးဝါဒီရဲ့ icon တစ်ဦးဖြစ်တဲ့ ရှယ်ရီဆန်းဘတ်ကလည်း နယူးဇီဘန်လာ သာတူညီမျှမှုရှေးရှုတဲ့ အကောင်းဆုံးနိုင်ငံဖြစ်တယ်လို့ ဆိုဖူးတယ်။ အမျိုးသမီးတွေရဲ့ ပညာရေး၊ လုပ်ပိုင်ခွင့်အာဏာတွေကို ထောက်ခံအားပေးတဲ့နိုင်ငံပါ။

၆။ ယူကေ

ကျန်းမာရေးစနစ်ကောင်းမွန်တဲ့နိုင်ငံဖြစ်တယ်။ မီးဖွားချိန်မျိုးမှာဆို အစိုးရက အရမ်းကို ထောက်ပံ့ပေးတယ်။ ပညာရေးမှာဆိုလည်း ဘွဲ့လျှောက်လွှာတင်တဲ့သူတွေမှာ ၅၅%က မိန်းကလေးတွေ။ အမျိုးသမီးဝါဒီအဖွဲ့တွေအများကြီးရှိတယ်။

၇။ ကနေဒါ

အဝတ်အစားကြောင့် မုဒိမ်းကျင့်ရတဲ့ဖြစ်ရပ်မျိုးကို ကန့်ကွက်တဲ့ နိုင်ငံပါ။ ကနေဒါအစိုးရရဲ့ အထက်လွှတ်တော်မှာ ၁၇.၉ % က အမျိုးသမီးတွေပါ။ ကျားမ တန်းတူညီမျှရေးအတွက်လည်း ရွက်ဆောင်နေတဲ့နိုင်ငံ ဖြစ်တယ်။

၈။ အမေရိက

အမေရိကန်သူတွေဟာ ရဲရင့်ထက်မြက်ကြတယ်။ ဆွီဒင်နဲ့ ဖင်လန်တို့လို အလုပ်နဲ့ပတ်သက်လာရင် အမျိုးသမီးရာခိုင်နှုန်းများတယ်။ ကောလိပ်ရဲ့အဓိကဘွဲ့တွေကိုရကြတာလည်း အမျိုးသမီးတွေပဲ။

၉။ နယ်သာလန်

အမျိုးသမီးတွေအတွက်တော့ နယ်သာလန်ဟာ နေထိုင်သင့် သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံတစ်ခုပါ။ LGBT ဆိုရင် ပိုတောင်ကောင်းသေးတယ်။ ဘာလို့လဲဆိုတော့ ၂၀၁၁ ခုနှစ်မှာ အစိုးရက LGBT တွေကို လွတ်လပ်ခွင့်ပေးတယ်။ အဲ့ဒီမတိုင်ခင် ၁၉၇၈ ခုနှစ်တည်းကစပြီးတော့ မီးဖွားခွင့်၊ ဂရုစိုက်မှု၊ ဝင်ငွေ၊ စွမ်းအား၊ ဆုံးဖြတ်ချက်၊ ပညာရေး၊ လစာ စတာတွေမှာ အမျိုးသားတွေနဲ့အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးရခဲ့တယ်။ နိုင်ငံတွင်း ပညာရေးပိုင်းအဓိကနေရာတွေမှာ အမျိုးသမီးတွေက ထူးချွန်ကြသတဲ့။

၁၀။ သြစတြေးလျ

-1124639_origin.jpg 

လုပ်ငန်းခွင်ထဲမှာ ကျားမ သာတူညီမျှရှိတယ်။ အမျိုးသမီးတွေရဲ့ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးတယ်။ အမျိုးသမီးဝန်ကြီးချုပ် Julia Eileen Gillard ဆိုရင်လည်း မိန်းကလေးတွေအတွက် အားကျစရာ ပုဂ္ဂိုလ်တစ်ဦးပဲ။ သြစတြေးလျရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်လေ။

Source : So Feminine

[Zawgyi Version]

မိန္းကေလးတစ္ေယာက္အျဖစ္နဲ႔ ေမြးဖြားရတာေလာက္ ေကာင္းတာမရွိေတာ့ဘူး။ မိန္းကေလးေတြက ကမၻာႀကီးကို လွပေအာင္ ျပဳလုပ္ႏိုင္တယ္ေလ။ ေပ်ာ့ေပ်ာင္းႏူးညံ့မႈလည္းရွိသလို သန္မာၾကံ႕ခိုင္မႈလည္း ရွိၾကတယ္။ အမ်ိဳးသမီးေတြကို အခြင့္အေရးတန္းတူညီမွ်ေပးၿပီး လံုျခံဳစိတ္ခ်ရမႈ႐ွိတဲ့ ႏိုင္ငံေတြအေၾကာင္း ၾကည့္ရေအာင္။ ခရီးသြားမယ္ဆုိရင္ အဲ့ဒီႏိုင္ငံေတြဆီ အလည္သြားၾကတာေပါ့။

၁။ အိုက္စ္လန္

p8010029.jpg 

အိုက္စ္လန္ႏိုင္ငံဟာ အမ်ိဳးသမီးေတြကို ဥပေဒေတြနဲ႔ ကာကြယ္ေပးထားတယ္။ အင္တာနက္ေပၚမွာကအစ ထိန္းခ်ဳပ္တားျမစ္ထားတဲ့ႏုိင္ငံပါ။ အမ်ိဳးသမီးေတြကို မေကာင္းတဲ့သက္ေရာက္မႈျဖစ္ေစမယ့္ အင္တာနက္ေပၚက ညစ္ညမ္းပံုေတြကိုပါ သတိထားေစာင့္ၾကည့္ၿပီး တင္းတင္းက်ပ္က်ပ္ပိတ္ထားေလ့ရွိတယ္။ အမ်ိဳးသမီးေခါင္းေဆာင္တဲ့ ႏိုင္ငံလည္းျဖစ္ပါတယ္။ အိုက္စ္လန္လႊတ္ေတာ္အမတ္တစ္ဝက္နီးပါးကလည္း အမ်ိဳးသမီးေတြပါ။

၂။ ဖင္လန္

က်ား၊မ တန္းတူညီမွ်ေရးအတြက္ လုပ္ေဆာင္ေနတဲ့ႏုိင္ငံ ျဖစ္ပါတယ္။ ဖင္လန္မွာ အမ်ိဳးသမီးေတြကို အမ်ိဳးသားေတြေအာက္ လစာေလွ်ာ့ၿပီးေပးလို႔မရပါဘူး။ ဥေပဒနဲ႔ၿငိစြန္းပါတယ္။ မီးဖြားခြင့္က ၂၆၃ ရက္ ေပးပါတယ္။ မီးဖြားခြင့္ ကုန္ဆံုးၿပီးရင္လည္း အလုပ္ကိုျပန္လုပ္ရပါတယ္။ ၁၉၀၆ ခုႏွစ္ကစၿပီး ဖင္လန္ႏိုင္ငံသူေတြဟာ လႊတ္ေတာ္အတြက္ ေရြးေကာက္ခံဖုိ႔ယွဥ္ၿပိဳင္ရာမွာ ကန္႔သတ္ခ်က္ေတြ မရွိပါဘူး။

၃။ ဆြီဒင္

ႏိုင္ငံတြင္းက အလုပ္လုပ္ေနသူေတြမွာ ၇၇% က အမ်ိဳးသမီးေတြပါ။ အမ်ိဳးသမီးေတြရဲ႕ ပညာေရးကို ေကာင္းေကာင္းေထာက္ပံ့ေပးတဲ့ႏိုင္ငံလည္းျဖစ္တယ္။ အမ်ိဳးသမီးေတြကို မီးဖြားခြင့္ ၆၉ ပတ္ (၄၈၃ ရက္) ေတာင္ ေပးထားတယ္။

၄။ ေနာ္ေဝး

က်ားမ တန္းတူညီမွ်ေရးအတြက္ ဥပေဒထုတ္တဲ့ ပထမဆံုးႏိုင္ငံလည္းျဖစ္တယ္။ စီးပြားေရး၊ ႏိုင္ငံေရးတင္မက အိမ္တြင္းမွာပါ အမ်ိဳးသမီးေတြဟာ ေယာက္်ားေတြနဲ႔တန္းတူ အခြင့္အေရး ရၾကတယ္။ အစိုးရအဖြဲ႔ရဲ႕ ၄၀ % က အမ်ိဳးသမီးေတြျဖစ္ၾကတယ္။

၅။ နယူးဇီလန္

nw.jpg 

အမ်ိဳးသမီးေတြကို မဲေပးခြင့္ျပဳတဲ့ ပထမဆံုးႏုိင္ငံက နယူးဇီလန္ပါ။ ၁၈၉၃ ခုႏွစ္မွာ အမ်ိဳးသမီးေတြဟာ မဲေပးခြင့္ရခဲ့ၾကတယ္။ ဘုရင္မ၊ အစိုးရ၊ ဝန္ႀကီးခ်ဳပ္၊ အထက္လႊတ္ေတာ္ဥကၠဌ စတာေတြအားလံုးကလည္း အမ်ိဳးသမီးေတြပါ။ အမ်ိဳးသမီးဝါဒီရဲ႕ icon တစ္ဦးျဖစ္တဲ့ ႐ွယ္ရီဆန္းဘတ္ကလည္း နယူးဇီဘန္လာ သာတူညီမွ်မႈေရွးရႈတဲ့ အေကာင္းဆံုးႏိုင္ငံျဖစ္တယ္လို႔ ဆုိဖူးတယ္။ အမ်ိဳးသမီးေတြရဲ႕ ပညာေရး၊ လုပ္ပိုင္ခြင့္အာဏာေတြကို ေထာက္ခံအားေပးတဲ့ႏိုင္ငံပါ။

၆။ ယူေက

က်န္းမာေရးစနစ္ေကာင္းမြန္တဲ့ႏိုင္ငံျဖစ္တယ္။ မီးဖြားခ်ိန္မ်ိဳးမွာဆုိ အစိုးရက အရမ္းကို ေထာက္ပံ့ေပးတယ္။ ပညာေရးမွာဆုိလည္း ဘြဲ႕ေလွ်ာက္လႊာတင္တဲ့သူေတြမွာ ၅၅%က မိန္းကေလးေတြ။ အမ်ိဳးသမီးဝါဒီအဖြဲ႔ေတြအမ်ားႀကီးရွိတယ္။

၇။ ကေနဒါ

အဝတ္အစားေၾကာင့္ မုဒိမ္းက်င့္ရတဲ့ျဖစ္ရပ္မ်ိဳးကို ကန္႔ကြက္တဲ့ ႏိုင္ငံပါ။ ကေနဒါအစိုးရရဲ႕ အထက္လႊတ္ေတာ္မွာ ၁၇.၉ % က အမ်ိဳးသမီးေတြပါ။ က်ားမ တန္းတူညီမွ်ေရးအတြက္လည္း ရြက္ေဆာင္ေနတဲ့ႏိုင္ငံ ျဖစ္တယ္။

၈။ အေမရိက

အေမရိကန္သူေတြဟာ ရဲရင့္ထက္ျမက္ၾကတယ္။ ဆြီဒင္နဲ႔ ဖင္လန္တုိ႔လို အလုပ္နဲ႔ပတ္သက္လာရင္ အမ်ိဳးသမီးရာခိုင္ႏႈန္းမ်ားတယ္။ ေကာလိပ္ရဲ႕အဓိကဘြဲ႔ေတြကိုရၾကတာလည္း အမ်ိဳးသမီးေတြပဲ။

၉။ နယ္သာလန္

အမ်ိဳးသမီးေတြအတြက္ေတာ့ နယ္သာလန္ဟာ ေနထိုင္သင့္ သြားေရာက္လည္ပတ္သင့္တဲ့ ႏုိင္ငံတစ္ခုပါ။ LGBT ဆုိရင္ ပိုေတာင္ေကာင္းေသးတယ္။ ဘာလို႔လဲဆုိေတာ့ ၂၀၁၁ ခုႏွစ္မွာ အစိုးရက LGBT ေတြကို လြတ္လပ္ခြင့္ေပးတယ္။ အဲ့ဒီမတိုင္ခင္ ၁၉၇၈ ခုႏွစ္တည္းကစၿပီးေတာ့ မီးဖြားခြင့္၊ ဂ႐ုစိုက္မႈ၊ ဝင္ေငြ၊ စြမ္းအား၊ ဆံုးျဖတ္ခ်က္၊ ပညာေရး၊ လစာ စတာေတြမွာ အမ်ိဳးသားေတြနဲ႔အမ်ိဳးသမီးေတြဟာ တန္းတူအခြင့္အေရးရခဲ့တယ္။ ႏိုင္ငံတြင္း ပညာေရးပိုင္းအဓိကေနရာေတြမွာ အမ်ိဳးသမီးေတြက ထူးခၽြန္ၾကသတဲ့။

၁၀။ ၾသစေၾတးလ်

-1124639_origin.jpg 

လုပ္ငန္းခြင္ထဲမွာ က်ားမ သာတူညီမွ်ရွိတယ္။ အမ်ိဳးသမီးေတြရဲ႕က်န္းမာေရးကိုလည္း အထူးဂရုစိုက္ေပးတယ္။ အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ Julia Eileen Gillard ဆုိရင္လည္း မိန္းကေလးေတြအတြက္ အားက်စရာ ပုဂၢိဳလ္တစ္ဦးပဲ။ ၾသစေၾတးလ်ရဲ႕ ပထမဆံုး အမ်ိဳးသမီးဝန္ၾကီးခ်ဳပ္ေလ။

Source : So Feminine


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs