In partnership with  logo
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ အားလုံးက ဒီနည်းကို ရွေးလာကြတယ်။

တောင်ကိုရီးယားနိုင်ငံ ပြုံခြမ်းမြို့မှာ ပြုလုပ်နေတဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်မှာလည်း အမျိုးသမီးတွေရဲ့ စည်းလုံးမှုတစ်ခုကို မထင်မှတ်ဘဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရပြန်ပါတယ်။ နိုင်ငံအသီးအသီးက လာရောက်ယှဉ်ပြိုင်ကြတဲ့ အမျိုးသမီး အားကစားသမားတွေဟာ နိုင်ငံချစ်စိတ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖော်ပြနေကြတာပါ။ အဲ့ဒီလို ဖော်ပြပုံကလည်း တိုက်ဆိုင်စွာနဲ့ပဲ လက်သည်းနီနဲ့ ပုံဖော်ထားကြတာ တွေ့ရတယ်။ နိုင်ငံအလံကို လက်သည်းပုံဖော်ထားကြတာပါ။


 

ဗြိတိန်နိုင်ငံရဲ့ အိုလံပစ်ပြိုင်ပွဲဝင် အားကစားသမားတွေဖြစ်တဲ့ Eve Muirhead နဲ့ Anna Sloan တို့ဟာ သူတို့ရဲ့ လက်သည်းပန်းချီတွေကို တွစ်တာပေါ်မှာ တင်လိုက်တယ်။ " အိုလံပစ်ပုံရိပ်နဲ့လက်သည်းတွေမှာ အလှဆုံးက ဘယ်သူလဲ" ဆိုတဲ့ မေးခွန်းနဲ့ သူတို့ရဲ့လက်သည်းပုံတွေကို တင်ခဲ့တာ။ ဗြိတိန်အလံကို ပုံဖော်ထားတဲ့ လက်သည်းတွေကို ဆိုးထားကြတာတွေ့ရတယ်။

 

အီတလီနိုင်ငံက စကိတ်အားကစားမယ် Valentina Marchei ကလည်း သူမရဲ့လက်သည်းပေါ်မှာ အီတလီအလံကို ပုံဖော်ထားတာကိုလည်း ပြခဲ့သေးတယ်။

 

ဒတ်ချ်အားကစားမယ်ကလည်း သူမရဲ့နိုင်ငံချစ်စိတ်ကို လက်သည်းပန်းချီနဲ့ ဖော်ပြခဲ့သေးတယ်။ Speed skater အားကစားမယ် Irene Schouten က ဒတ်ချ်အလံကို လက်သည်းပန်းချီဆိုးထားတာပါ။

 

အနီရောင်နဲ့အနက်ရောင်ပါဝင်တဲ့ ဂျာမနီအလံရဲ့ ပုံရိပ်နဲ့အတူ အိုလံပစ်ကို ဖော်ညွှန်းတဲ့ စက်ဝိုင်း ၅ ခု နဲ့ လက်သည်းတွေကိုလည်း တွေ့ရသေးတယ်။ ဂျာမနီစကိတ်မယ် Annika Hocke ရဲ့ လက်မှာ တွေ့ရတာ။ သူကတော့ ရွှေရောင်တွေကို သုံးထားတယ်။

 

ဒီနှစ်အိုလံပစ်မှာ နာမည်ကျော်သွားတဲ့ အမေရိကန်အားကစားမယ်လေး Chloe Kim ရဲ့ မိခင်ကလည်း သူမရဲ့လက်သည်းမှာ အမေရိကန်အလံနဲ့ တောင်ကိုရီးယားအလံတွေကို ဂုဏ်ယူစွာနဲ့ ဖော်ပြခဲ့ပါတယ်။ ကင်မ်ဟာ Triple Axel နဲ့ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တယ်။

ှSource : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က