In partnership with  logo
ကျွန်မတို့ရဲ့ ကလေးတွေရဲ့အသက်က အဲ့ဒီအပေါ်မူတည်နေတာ

အမျိုးသမီးစွမ်းဆောင်ရှင် ပရဟိတသမား အိုပရာ ဝင်းဖရေးဟာ သရုပ်ဆောင် ဂျော့ချ်ကလူနေးတို့စုံတွဲရဲ့ အလှူမှာ ပါဝင်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ သေနတ်အကြမ်းဖက်မှုကို ဆန္ဒပြကြမယ့် ကျောင်းသူကျောင်းသားအဖွဲ့ကို ဒေါ်လာငါးသိန်း လှူလိုက်တာပါ။ ဂျော့ချ်တို့ ထည့်ဝင်လှူဒါန်းတာကို သိရှိပြီးနောက် သူမကလည်း တူညီတဲ့ ငွေကြေးပမာဏကို ထည့်ဝင်လိုက်တာဖြစ်ပါတယ်။



 

ဒီကိစ္စနဲ့ပတ်သက်ပြီး အိုပရာက သူမရဲ့တွစ်တာအကောင့်ကနေ အသိပေးခဲ့တယ်။ " ဒီကိစ္စ (သေနတ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှု)ကို ကျွန်မ ဘယ်လိုမှ သဘောမတူနိုင်ဘူး။ ကျွန်မတို့ရဲ့ ကလေးတွေရဲ့အသက်က အဲ့ဒီအပေါ် မှီတည်နေတယ်လေ" လို့ ပြောတယ်။ ကျောင်းသူ ကျောင်းသားတွေက March For Our Lives ရဲ့ ရံပုံငွေရှာဖွေရေးအဖွဲ့ကို ဂျော့ချ်ကလူနေ လှူဒါန်းတဲ့ ပမာဏအတိုင်း လှူပါ့မယ်လို့ အိုပရာက ရေးသားခဲ့ပါတယ်။

သိပ်မကြာသေးခင်က ဖလော်ရီဒါက စာသင်ကျောင်းတစ်ကျောင်းမှာ လူငယ်တစ်ဦး သေနတ်ကိုင် ရမ်းကားပစ်ခတ်မှုကြောင့် ကျောင်းသူကျောင်းသားတွေ သေဆုံးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ ကျောင်းသူ၊ ကျောင်းသားတွေဟာ သေနတ်ထိန်းချုပ်ရေးအတွက် တောင်းဆို ဆန္ဒပြနေကြတာပါ။ မတ်လမှာ သေနတ်ကိုင်အကြမ်းဖက်မှုကို ဆန့်ကျင်မယ့် ဆန္ဒပြလှုပ်ရှားမှုအတွက် အိုပရာဝင်းဖရေး အပါအဝင် အနုပညာရှင်တွေက ငွေကြေးပိုင်း ပံ့ပိုးပေးနေကြပါတယ်။

 

ဂျော့ချ်နဲ့ အမားလ်တို့ဟာ ငယ်ရွယ်တဲ့ ယောက်ျားလေး၊ မိန်းကလေးတွေရဲ့ သတ္တိရဲ့ အပြောအဆိုကောင်းမှုကြောင့် ဒေါ်လာငါးသိန်းလှူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ အိုပရာကလည်း လူငယ်တွေဘက်ကနေ ရပ်တည်ပါဝင်လိုတဲ့အတွက် ထပ်မံလှူဒါန်းခဲ့တာဖြစ်ပါတယ်။ မတ်လ ၂၄ ရက်မှာတော့ March For Our Lives ကို ဆင်နွှဲကြမှာဖြစ်ပါတယ်။

Source : Yahoo


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က