Lancome နဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် မော်ဒယ်အလုပ်ရော သရုပ်ဆောင်အလုပ်မှာပါ နေရာမရတော့ဘူး။
Su Yee Moe

အီတလီသရုပ်ဆောင်၊ မော်ဒယ် Isabella Rossellini ဟာ အသက် ၄၃ နှစ် အရွယ်တုန်းက အသက်အရမ်းကြီးနေလို့ဆိုပြီး အလုပ်ကနေ ငြင်းပယ်ဖယ်ရှားခံလိုက်ရပါတယ်။ နာမည်ကျော် ဆွီဒင်မင်းသမီး Ingrid Bergman ရဲ့ သမီးလည်းဖြစ်ပြီး အလှအပကြောင့် နာမည်ကျော်ခဲ့တဲ့ Isabella ကို Lamcome အမှတ်တံဆိပ်ရဲ့ ပင်တိုင်မော်ဒယ်အဖြစ်ကနေ ဖယ်ရှားခံလိုက်ရတာဖြစ်ပါတယ်။ ၁၄ နှစ်ကြာ ပင်တိုင်မော်ဒယ်အဖြစ်နဲ့ ကြော်ငြာပေးခဲ့ရပေမဲ့ သူမအသက် ၄၃ နှစ်ကို ရောက်လာချိန်မှာတော့ စာချုပ်ကို ရပ်ဆိုင်းခံလိုက်ရတာပါ။

4996659200000578-5433267-image-a-11_1519592389694.jpg 

Isabella ဟာ တကယ်ကိုလှပတဲ့ မင်းသမီးတစ်ဦးပါ။ ဘယ်လိုပဲလှတယ်ပြောပြော အသက်ရလာပြီဆိုတဲ့ အကြောင်းပြချက်နဲ့ သူမကို ကြော်ငြာမော်ဒယ်အဖြစ်ကနေ ဖယ်ရှားတာခံလိုက်ရတယ်။ ကြော်ငြာတွေဟာ အမျိုးသမီးတွေရဲ့အိပ်မက်တွေကို ကိုယ်စားပြုပြီး အမျိုးသမီးတွေရဲ့အိပ်မက်က နုပျိုဖို့ပဲ ဖြစ်တယ်လို့ အပြောခံခဲ့ရတယ်။ မမျှတဘူးလို့ ခံစားရပေမဲ့ Isabella အနေနဲ့ Lancome ကို ကျောခိုင်းဖို့ဖြစ်လာခဲ့ပါတယ်။

499665BA00000578-5433267-Isabella_Rossellini_65_pictured_revealed_why_she_agreed_to_be_th-a-23_1519593652345.jpg 

ဒီဖြစ်ရပ်ကြောင့်ပဲ သူမရဲ့ မော်ဒယ်နဲ့သရုပ်ဆောင်အလုပ်ကိုပါ ထိခိုက်ပျက်စီးစေခဲ့တယ်။ Lancome နဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် မော်ဒယ်အလုပ်ရော သရုပ်ဆောင်အလုပ်မှာပါ နေရာမရတော့ဘူး။ သိပ်ကိုကြေကွဲဝမ်းနည်းခဲ့ရတယ်လို့ Isabella က ပြောပါတယ်။

499665CC00000578-5433267-Isabella_pictured_revealed_she_eats_organic_food_and_uses_good_c-a-24_1519593663913.jpg 

လွန်ခဲ့တဲ့ ၂ နှစ်မှာတော့ Lancome ရဲ့ မန်နေဂျာချုပ်အသစ်က Isabella ကို ဖုန်းဆက်ခဲ့တယ်။ မန်နေဂျာချုပ်အသစ်က Isabella ကို ပြန်လက်တွဲဖို့ ကမ်းလှမ်းခဲ့ပါတယ်။ နှစ် ၂၀ အကြာမှာ Isabella ဟာ ဘဝသစ်တစ်ခု စတင်နေခဲ့ပါတယ်။ နယူးယော့ခ်အရှေ့ပိုင်းမှာ အော်ဂဲနစ်စိုက်ပျိုးရေးခြံတစ်ခု ဝယ်ယူလိုက်ပြီး မာစတာဘွဲ့ကိုလည်း ယူနိုင်ခဲ့ပါတယ်။ Lancome နဲ့လည်း ပြန်လက်တွဲခဲ့ပြီး အမျိုးသမီးတစ်ဦးအနေနဲ့ အသက်အရွယ်ကို အံတုကာလုပ်ကိုင်နိုင်စွမ်းတွေရှိတယ်ဆိုတာကို ပြသဖို့ ဖြစ်လာပါတယ်။

Source : Daily Mail


က္က