စနူကာဆိုတာ ယောက်ျားတွေပဲ ကစားတတ်တာမဟုတ်ဘူး။
Su Yee Moe

ရုတ်တရက်ကြည့်လိုက်ရင်တော့ သူ့ကို ကျောင်းသူလေးတစ်ယောက်လို့ပဲ ထင်မိကြမယ်။ မျက်နှာက ငယ်ငယ်နုနုလေးကို မျက်မှန်ထူထူတပ်ထားတဲ့ Ng On-yee ဟာ ကမ္ဘာ့နံပါတ်တစ် ထိပ်သီး အားကစားမယ်တစ်ဦး ဖြစ်ပါတယ်။

_100182289_gettyimages-514244214.jpg 

အသက် ၂၇ နှစ်အရွယ် Ng ဟာ ကမ္ဘာ့ထိပ်တန်း စနူကာအားကစားသမားတစ်ဦးပါ။ ပြီးခဲ့တဲ့သီတင်းပတ်က Stourbridge မှာ ပြုလုပ်ခဲ့တဲ့ ဗြိတိန်အိုးပင်း ကွာတားဖိုင်နယ်ကို ရောက်ခဲ့ပါတယ်။ ကမ္ဘာ့ထိပ်တန်း စနူကာသမား ၁၅ ဦးမှာ ဟောင်ကောင်က အမျိုးသမီး စနူကာသမား ၃ ဦးလည်း ပါဝင်နေပါတယ်။ Ng ကတော့ အဲ့ဒီ့ ၃ ယောက်ထဲက တစ်ယောက်ပါ။

_100182331_oy04.jpg 

" ဟောင်ကောင်မှာ စနူကာဆိုတာ ယောက်ျားတွေပဲကစားကြတဲ့ အားကစားနည်းတစ်ခုပေါ့။ မိန်းမတွေလည်း စနူကာကို ကောင်းကောင်းကြီး ကစားနိုင်တယ်ဆိုတာက ကျွန်မအနေနဲ့ သက်သေပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ မျက်မှန်အထူကြီးနဲ့တောင်မှလေ....." လို့ Ng က ပြုံးပြုံးလေးပြောတယ်။

_100182480_gettyimages-93429268.jpg 

Ng ရဲ့ အဖေက စနူကာသမားတစ်ဦးဖြစ်ပါတယ်။ အဖေနဲ့အတူ စနူကာကစားရင်း ခုလိုထူးချွန်လာရသူပါ။ ဂိမ်းတွေပဲဆော့နေတဲ့ Ng ကို အဖေဖြစ်သူက စနူကာပြိုင်ပွဲတွေဆီ ခေါ်သွားတယ်။ စနူကာသမားတွေဝတ်တဲ့ ဝတ်စုံကိုကြည့်ရင်းက စနူကာကို ဝါသနာပါလာခဲ့တယ်လို့ ပြောပါတယ်။ အသက် ၁၈ နှစ်ရောက်တော့ ဝါသနာရှင်အဆင့် IBSF World Snooker Championship မှာ အမျိုးသမီးချန်ပီယံဆုကို စတင်ရယူနိုင်ခဲ့ပြီးနောက် ခုဆို ဆုတွေ တစ်ခုပြီးတစ်ခု ရထားပြီးပါပြီ။

Source : BBC


က္က