In partnership with  logo
အလုပ်တွေ အများကြီးရှိနေရင်တောင် မိသားစုအတွက် အချိန်ပေးပါလို့ မစ်ရှဲလ်က အကြံပေးပါတယ်။

မဒီတို့ရဲ့ဘဝမှာ အလုပ်တွေ အရမ်းလုပ်နေရင်း ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ ပျောက်ဆုံးရတာမျိုး ဖြစ်ဖူးကြလား။ အလုပ်ဆိုမှအလုပ် ဖိလုပ်ပြီး တခြား ဘာကိုမှဂရုမစိုက်နိုင်တော့လို့ ကိုယ်ပိုင်ဘဝဆိုတာ ဘာမှန်းတောင်မသိတော့ဘူး။ အဲ့ဒီလို ဘဝမျိုးကိုတော့ ဘယ်သူမှ မလိုချင်ဘူးလေ။ အလုပ်တွေ မအားမလပ်လောက်အောင် များပြားလွန်းတဲ့ မီရှဲလ်က အလုပ်တွေပိပြီး ကိုယ်ပိုင်အချိန်တွေကို ဆုံးရှုံးရတာမျိုး မဖြစ်အောင်လည်း ထိန်းနိုင်သူပါ။

 

မစ်ရှဲလ်ဟာ သူမ လက်ခံကျင့်သုံးနေတဲ့ အလုပ်နဲ့ဘဝ ဟန်ချက်ညီမျှစေမယ့် သူမရဲ့လျှို့ဝှက်ချက်ကို ပြောပြခဲ့ပါတယ်။ သူ့အနေနဲ့လည်း အတတ်ဆုံး ဘဝနဲ့အလုပ် ဟန်ချက်ညီနေအောင် ကြိုးစားနေသူပါ။

 

" နှစ်စရောက်တိုင်း၊ တစ်ခုခုအတွက် ကြိုတင်ဘိုကင်မလုပ်ခင်၊ အစည်းအဝေး ဒါမှမဟုတ် ကွန်ဖရင့်စ်အတွက် သဘောတူညီချက်မယူချင်မှာ ကျွန်မတို့ရဲ့ဘဝအတွက် အရင်ဆုံး ဦးစားပေးစဉ်းစားကြတယ်" လို့ မစ်ရှဲလ်က ပြောပါတယ်။ အချိန်ဇယားတွေထဲမှာ အတူတူနေ့လည်စာစားဖို့၊ ညဘက်အပြင်ထွက်ဖို့တွေနဲ့ ကာယလေ့ကျင့်ခန်းလုပ်ဖို့ အချိန်တွေပါ ထည့်တွက်စဉ်းစားပါတယ်။

 

မစ်ရှဲလ်နဲ့ သူ့ရဲ့လက်ထောက်ဟာ အဲ့တာတွေကို ထည့်စဉ်းစားကြသလို ပြက္ခဒိန်မှာလည်း အားလပ်ရပ်အတွက်ကို အရင်ဆုံး ထည့်မှတ်ကြပါသတဲ့။ နွေရာသီကာလတွေ ဖြတ်သန်းဖို့၊ အားကစားလုပ်ဖို့တွေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝမဆုံးရှုံးရဖို့ကို ဦးစားပေးကြတယ်။ ပြီးတော့မှ အလုပ်အတွက်ကို ဆက်ပြီး စဉ်းစားကြပါတယ်လို့ ပြောပါတယ်။ အလုပ်တွေ အများကြီးရှိနေရင်တောင် မိသားစုအတွက် အချိန်ပေးပါလို့ မစ်ရှဲလ်က အကြံပေးပါတယ်။

Source : Real Simple

Share

Loading Next Article...
က္က