In partnership with  logo
မိဘမျိုးရိုးဆီက အမွေဆက်ခံတာမဟုတ်ဘဲ ကိုယ်တိုင်ကြိုးစားပြီး ကြွယ်ဝလာသူတွေဖြစ်ပါတယ်။

ကိုယ့်အားကိုယ်ကိုးပြီး ကြွယ်ဝချမ်းသာလာတဲ့ အမျိုးသမီးဘီလျံနာတွေ စာရင်းမှာ တရုတ်ကလွှမ်းမိုးထားလိုက်ပြန်ပါပြီ။ Forbes က ထုတ်ပြန်တဲ့ ကိုယ့်အားကိုယ်ကိုးပြီးကြွယ်ဝလာတဲ့ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးဘီလျံနာတွေ စာရင်းအရ တရုတ်နိုင်ငံက အမျိုးသမီးဘီလျံနာအများဆုံး ပါဝင်လာပါတယ်။ အကြွယ်ဝဆုံးအမျိုးသမီး ၁၀ ဦး စာရင်းမှာ တရုတ်ဘီလျံနာ ၄ ဦး၊ ဟောင်ကောင်က ၂ ဦး၊ အမေရိကမှ ၂ ဦး၊ ယူကေမှ ၁ ဦးနဲ့ အိန္ဒိယမှ ၁ ဦးတို့ ပါဝင်ပါတယ်။


ကမ္ဘာ့အကြွယ်ဝဆုံး ကိုယ့်အားကိုယ်ကိုးဘီလျံနာ အမျိုးသမီးအဖြစ် Zhou Qunfei က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ Laptop နဲ့ စမတ်ဖုံးတွေကို ကာဗာလုပ်ပေးတဲ့ ဖန်ကို ထုတ်လုပ်တဲ့ကုမ္ပဏီ တည်ထောင်ထားသူပါ။ သူမရဲ့ ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံ ရှိပါတယ်။ Zhou ရဲ့ Lens Technology ကုမ္ပဏီဟာ နည်းပညာနယ်ပယ်ရဲ့ အကြီးဆုံး စီပွားရေးလုပ်ငန်းတွေနဲ့လည်း စာချုပ်ချုပ်ထားပြီး အဲ့ဒီထဲမှာ Apple နဲ့ Samsung တို့လည်း ပါဝင်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ အသိုင်းအဝိုင်းကနေ မွေးဖွားလာပြီး ခုတော့ ကမ္ဘာ့အဆင့် ကြွယ်ဝသူဖြစ်လာပါတယ်။ သူကတော့ ဟောင်ကောင်သူပါ။

 

တရုတ်နိုင်ငံရဲ့ အကြွယ်ဝဆုံး ကိုယ့်အားကိုယ်ကိုး အမျိုးသမီးဘီလျံနာကတော့ Wu Yajun ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုက ဒေါ်လာ ၇.၇ ဘီလီယံဖြစ်ပါတယ်။ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို လုပ်ကိုင်သူ ဖြစ်ပါတယ်။ Forbes ရဲ့ စာရင်းမှာတော့ ကမ္ဘာ့အဆင့် နှစ် ရှိပါတယ်။

 

ပေကျင်းမြို့အခြေစိုက် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူ Chen Lihua ကလည်း တရုတ်ရဲ့ အမျိုးသမီးဘီလျံနာတစ်ဦးပါ။ ပိုင်ဆိုင်မှုအနေနဲ့ ဒေါ်လာ ၆.၈ ဘီလီယံ ရှိပါတယ်။ Fu Wah International လုပ်ငန်းကို လုပ်ကိုင်နေသူပါ။

Fan Hongwei ကတော့ Hengli Petrochemical ကုမ္ပဏီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားပြီး သူမရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ၄.၁ ဘီလီယံ ရှိပါတယ်။ အသက်က ၅၁ နှစ်သာ ရှိပါသေးတယ်။

နောက်တစ်ဦးကတော့ Lingyi Technology ရဲ့ ဥက္ကဌ Zeng Fangqin ပါ။ သူလည်းပဲ အသက် ၅၂ နှစ်သာ ရှိပါသေးတယ်။ ပိုင်ဆိုင်မှုက ဒေါ်လာ ၇.၈ ဘီလီယံ ရှိပါတယ်။ Forbes ရဲ့ စာရင်းမှာတော့ အဆင့် ၉ နေရာမှာ ရှိပါတယ်။

Source : Forbes


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က